ဒီတစ်ခါတော့ ကျွန်တော် မတောက်တစ်ခေါက် သိတာလေးတွေကို ပြောရင်း ပိုပိုပြီးထဲထဲဝင်ဝင် သိချင်တာလေးတွေလည်းရှိလာတယ်ဗျာ။ အရင်က မြန်မာပြည်သူတွေ အရမ်းကြောက်တဲ့ စကားလေးရှိတယ် အဲ့ဒါပြည်သူပိုင်သိမ်းတယ်ဆိုတာပဲ.. ကျွန်တော်တို့ငယ်ငယ် ကဆို အရုပ်ပစ်တိုင်းကစားတဲ့အခါ မနိုင်ရင်ငြင်း ထောင်ထားတဲ့ အရုပ်တွေကို လု ပြီးတော့ ခပ်တည်တည်ပဲပြောပြီးအိမ်ပြန်လာတာ.. ဘာတဲ့ ပြည်သူပိုင်သိမ်းတယ်ဆိုပြီး.ပြောပစ်ခဲ့တာ… အဲ့တော့ ငယ်ငယ်ကတွေးမိတာက ပြည်သူပိုင်သိမ်းတယ်ဆိုတာ အရှက်မရှိလုတာပဲလို့..ကဲ ထားပါလေ.. အခုပြောချင်တာက company တွေကို အများပိုင် company အဖြစ်ပြောင်းမယ်ဆိုတဲ့ အသံလေးတွေကြားတယ်..    ပြီးတော့ ရှယ်ယာတွေရောင်းမယ် ၀ယ်မယ်.. အဲ ဟိုတစ်လောတုန်းကတောင် company တစ်ချို့က ရှယ်ယာတွေ ရောင်းတယ် ဆိုတဲ့အသံတွေကြားတယ်…

ခက်တာက အဲ့ ရှယ်ယာတစ်ခုရဲ့တန်ဖိုးက ကိုယ့်ရဲ့တစ်လစာလောက်ရှိတယ် အဲ့ တော့ မ၀ယ်နိုင်ပေါင်..

တကယ်တမ်းရှယ်ယာတွေ ၀ယ်ကြရောင်းကြမယ်ဆိုရင် ဘယ်နေရာတွေမှာရောင်းကြမလဲ.. ဘယ်သူတွေဝယ်လိုရကြမလဲ..

ဘယ်လိုကောင်းကျိုးတွေရှိမလဲ… ဆိုးကျိုးတွေကရော ဘယ်လောက်များမလဲ..

အင်း ကိုရီးယားကားတွေမှာတော့ မြင်နေရတာပဲ .. ကျွန်တော်တို့ မြန်ပြည်မှာ.. အဲ့လို ရှယ်ယာတွေ ၀ယ်ကြရောင်းကြနဲ့ ဘ၀တွေပျက်သထက်ပျက်ရင် ဒုက္ခတွေ များရချည်ရဲ့…( အဲ့ဒါတွေနဲ့ပတ်သက်တဲ့ သင်တန်းတွေ အသိအမှတ်ပြုလက်မှတ်တွေ အရင်ရှိလာရင်တော့ကောင်းသား..).. အဲ့.. အိပ်ကပ်လေးသိချင်တာက အဲ့ဒီရှယ်ယာအရောင်းအ၀ယ်တွေ မြန်မြန် ကျယ်ပြန့်လားမှာလား.. ကောင်းကျိုးတွေများလာမှာလား.. ဆိုးကျိုးတွေကရော အဲ့ဒါလေးတွေကို ပိုပြီးသိချင်မိနေတယ်ဗျာ.. သိနေတဲ့ လူတွေ.. ရှိနေရင် အိပ်ကပ်တို့လို သိချင်နေတဲ့သူတွေအတွက် ပြောပြကြပါဦး..

အိပ်ကပ် တွေးမိတာတော့.. တကယ့်ကို ရှယ်ယာတွေ မရောင်းခင်မှာ လူထုကို အရင်ပညာပေး သတင်းအချက်အလက် အစုံအလင် ထုတ်ပြန် သင်တန်းတွေဖွင့်လှစ်ပေးရင်တော့.. နှစ်လုံးထီထိုးမယ်အစား.. အိပ်ကပ်ကတော့ ရှယ်ယာတွေပဲ ၀ယ်မယ်ရောင်းမယ်..ပေါ့နော်..

ကဲကဲ.. အားလုံးပဲ ကျန်းမာချမ်းသာကြပါစေ..

အိပ်ကပ်ပုံပြင်လေး အခုတော့တော်သေးပြီ..

About Mr. Pocket

Mr. Pocket has written 9 post in this Website..