ကြယ်စင်တွေကြား သူမများပုန်းနေမလား…

အတွေးက ရင်မှာပူ

ဘ၀င်ဆူ ဒီလူအသည်း..

မဒီခင် ဆံနွယ်အလှပ်မှာ

ကျွမ်းရော့လေသလား…၊

အတွေးမကြွယ်သူ.. ဗျာပါတွေများ..

ခုနှစ်စင်ကြယ်တွေများကြား ပုန်းရောနေသလား…၊

ခြေတုန်အောင်လျှောက် မြေကုန်မှာကြောက်ရတယ်…

ပန်းမပွင့်သူ ဒီလူ့ရင်မှ…

ပန်းတစ်ပွင့်သူ ခြွေယူချင်သလား… ၊

မပန်တတ်တော့ လျှောကျတဲ့ပန်းလို…

လှမ်းဖို့မကြံတတ်တော့ မောရတဲ့အလွမ်းရယ်ကိုပ

ပြောပြမယ်ချောနှမ နားစိုက်လို့ထောင်….

ကိုလူပျိုမြေပြင်ရပ်သူက မော်ကြည့်လို့မှန်းရတယ်..

ဟိုကြယ်စင်ခုနှစ်ထွေကြား ပုန်းရောနေသလား…

 

 

မှတ်ချက်.. သည်းခံကြပါကုန်လော….

 

သတ္တ၀ါတွေကျန်းမာချမ်းသာကြပါစေ …

 

About Mr. Pocket

Mr. Pocket has written 9 post in this Website..