. မြတစ်ယောက် ဂဏာမငြိမ် ဖြစ်နေတာ ပိုပိုဆိုးလာသည်။

ကိုယ်နှင့် စိတ်မတွေ့ပါက အပြင်တွင် ထုတ် မဆဲ သော်လည်း စိတ်ထဲ က ကြိတ်ကြိတ်ဆဲ နေသည်မှာတော့ ကြာပြီ။
အခုရက်ပိုင်းတော့ မနေနိုင်ရင် ဝင်ဝင် ပါနေသည်။
ဟို ပုဒ်ထီး နဲ့ မငြိအောင်  စကား အပြောအဆို ကို ဆပ်စလူး မဖြစ် အောင်လည်း နေရသည်။

ဒီကြားထဲ မှာ လေထဲ က ဟိုမရောက် ဒီမပါ ဆရာ/မများ ရဲ့ စကား မှာ ဖတ်ရ ခါးလှသည်။

ဒဲ့ပြောရ လျှင် အစိုးရ ကို မကြိုက်သလို နဲ့ အတိုက်အခံ ကို အပုတ်ချနေသည့် (ဦး)ဇာဂနာ ရဲ့ လေသံ ဖြစ်သည်။
ဒီအချိန်သည် ဒီမို အသားကျပြီး တစ်ခြားနိုင်ငံများ ကလို သာမာန် ရွေးကောက်ပွဲ မဟုတ် တာ ကို မသိရအောင် ဘယ်လို အရာများ က အုပ်လွှမ်းသွားသည်မသိ။
အခုလာမဲ့ ရွေးကောက်ပွဲ သည် လက်ရှိ အာဏာရပါတီ နှင့် အတိုက်အခံ ပါတီ တို့ အားပြိုင်ပွဲ မဟုတ်ချေ။
အာဏာကို ဆွဲကိုင်ပြီး မတရားဖိနှိပ်မှု ထားသည့် သွေးစုတ် လူတန်းစား တစ်စု ၏ ခြေထောက်အောက် မှ ရုန်းထွက် ပွဲ ဖြစ်သည်။
ထိုသို့ ရုန်းထွက်ဖို့ အတွက် နည်းလမ်း တစ်လမ်းသာရှိသည်။
. ရှေ့က နေ စိတ်ဓာက်ခွန်အား အပြည့်နှင့် တွန်းထုတ် ပေးနေသည့် ခန္တာပိန်နွဲ့နွဲ့ လေး နှင့် ထို အမျိုးသမီးကြီး ကို တစ်ညီတစ်ညွတ် ထဲ ဝိုင်းဝန်းပံ့ပိုး ပေးကြဖို့ပင် ဖြစ်သည်။
သို့မှ သာ မကောင်းသော အမြစ် များ ရှင်းထွက် သွားမည်။
အဲဒီ နောက်မှာမှ အဆိပ်ကင်းသော မြေမှာ အပင်ကောင်း ကို စိုက်ခွင့် ရပေမည်။
ထို့အတွက် အဆိပ် တစ်စ မှ မကျန်ရလေအောင် တတ်နိုင်သမျှ တူးထုတ် ပစ်ရမည်။

မျှတ လွတ်လပ် ကာ အားကိုးလောက်အောင် ခိုင်မာသည့် တရားဥပဒေ စိုးမိုး ရေး အတွက် ပြည်သူ အများ က အရင်ဆုံး အာဏာ ကိုပြန်သိမ်းရပေမည်။
ဒါကို မြင်အောင် မကြည့်တတ်ကြဘဲ တစ်ပါတီဘဲ ကြီးစိုး သွားမဲ့ လက္ခဏာ လို့ ဝေဖန်တာတွေ၊ အာဏာရှင် နဲ့ ဘာကွာလဲ လို့ စမ်းစစ်မှု တွေလောက် အတွေးအခေါ် တိမ်လွန်းတာ မရှိ ဟု သာ ပြောလိုတော့သည်။
ဒါတွင်မက လက်ရှိ ဝိုင်းတွန်းနေသူ တွေ ကိုလဲ အသုံးမကျ ဟု စွပ်စွဲ လိုက်သေး၏။
. ပြောရရင်တော့ သူရော ကိုယ်ပါ အားလုံး အသုံးမကျ၍ ၂၀၀၈ အခြေခံဥပဒေ ဖြစ်သွားခဲ့ခြင်း ဖြစ်သည်။
ကိုယ် အသုံးမကျတာတော့ မမြင်ဘဲ သူများ ကို လက်ညိုးထိုးပြတတ် သည်ကတော့ လက်ဖျားခါရမည့် စိတ်ဓာတ်ပင် ဖြစ်လေသည်။
အခုချိန်မှာ အဓိက အာရုံစိုက်ရမည့် မဲ တစ်ပြား အတွက် ရော စိတ်ဝင်စား မှုရှိပါသလား၊ ပြင်ဆင်ထားပါပြီလား လို့ မေးချင်ပါ၏။

. နောက်တစ်ခု မှာ The Voice  ဂျာနယ် ထဲက မသီတာ(စမ်းချောင်း) ရဲ့ စကား ဖြစ်သည်။
ကိုယ့်စကား နဲ့ ပြန်ရေးရင် လွဲသွားနိုင်တာ ကြောင့် ပြန်ကူး ပြပါသည်။
{{
နောက်တစ်ခုက ရွေးကောက်ပွဲကို မြင်နေတဲ့အမြင်က အာဏာရှင်ဘက်က ပါတီတစ်ခုခုက အနိုင်ရသွားရင် တစ်မျိုးဖြစ်မယ်။
ဒါမှမဟုတ်လို့ ရှိရင် ဒီမိုကရေစီဘက်က ပါတီတစ်ခုခု အနိုင်ရသွားရင် တစ်မျိုးဖြစ်မယ် ဆိုတဲ့ အင်မတန် ရိုးရိုးစင်းစင်း ယုတ္တိဗေဒနဲ့ တွက်ကြတာများတယ်။
တကယ့်တကယ် ဘယ်လိုပဲဖြစ်ဖြစ် ငြင်းလို့ မရတာက ဒီမိုကရေစီ ဘက်တော်သားတွေက ပြောင်းလဲချိန် တန်ပြီလို့ ပြောသလို
တစ်ဖက်ကလည်း စစ်အာဏာရှင် စနစ် မဟုတ်တော့ပါဘူး။ စစ်အာဏာရှင်စနစ် ကနေ ဒီမိုကရေစီစနစ်ကို သူတို့ ကိုယ်တိုင်ကိုယ်က ၂၀၀၈ ဖွဲ့စည်းပုံကို အခြေပြုပြီး ပြောင်းဖို့လိုပါပြီလို့ ကြွေးကြော်ထားပြီးလည်း ဖြစ်နေတယ်။
အဲဒါတွေကို သက်သေပြဖို့လို့ အတွက်လည်း အချိန်ရောက်နေတယ်။ ၂၀၁၅ ရွေးကောက်ပွဲက နေပြီးတော့ တိုင်းပြည် ကံကြမ္မာအတွက် အပြောင်းအလဲ ဖြစ်အောင် ဆုံးဖြတ်နိုင်တယ်လို့ မမြင်စေချင်ဘူး။
}}
သူ့ကို ကြည့်ရတာ သူများ တွေ ကို  “အင်မတန် ရိုးရိုးစင်းစင်း ယုတ္တိဗေဒနဲ့ တွက်ကြတာများတယ်” ဟုသာ လက်ညိုးထိုး နေတော့ သည်။
သူကိုယ်တိုင် မှာတော့  ဒီ ပွဲ ကို သာမာန် ရွေးကောက်ပွဲ တစ်ခု ဟူ သာ စိတ်ထဲ ရှိပုံ ရ၏။
တစ်ဖက် က လက်ရှိ အစိုး ရ၏ စိတ်ဓာတ်ရေးရာ ကိုလဲ သိက္ခာရှိတဲ့ သာမာန်ပြိုင်ဖက် တစ်ယောက် ဟု ပုံသေနည်း ထဲ ထည့်တွက် မိ နေတဲ့ ပုံဖြစ်နေသည်။
အမှန်တော့ လက်ရှိ အစိုးရ ဟာ သူတို့ ရှုံး မှာ ကို ဘာကြောင့် ဒီလောက်ကြောက် နေကြ လဲ ဆို တဲ့ အကြောင်း ကို မြင် လိုက်ဖို့ ကြိုးစားသင့်သည်။
လက်ရှိ အခြေအနေ မှာတင် ကြောက်ဖို့ ကောင်းလောက်အောင် ငါ တကော ကော နေကြ သော လုပ်ရပ်များ ကို လေ့လာဖို့ ကောင်းသည်။

သူတို့ စကားများ သည် အတိုက်အခံ ဒီချုပ် ကို ရ သလို အပုတ်ချချင်သည့် ဆရာကြီး များ သဘောကျ ဖြစ်နေလာတော့သည်။
တကယ်တော့ သူတို့ ထိပ်ပိုင်း အသိုင်းအဝိုင်း ထဲ မှာတင် ဗိုက်ပြဲပြီး အန်ထွက် မတတ် စားထားတာ တောင် ရပ်လိုက်ဖို့ ဆင်ခြင်ဉာဏ်စွမ်း အားနည်း သူများ ကို ကြည့်ပြီး အချင်းချင်း စိတ်ပျက်နေသူ များ ရှိပါသည်။

ဒီလို အခြေအနေ တွေ ကို မမြင် ဘဲ ကိုယ့်နိုင်ငံ က လာ မဲ့ ရွေးကောက်ပွဲ ကို ဒီမိုကရစီမှာ အသားကျ နေပြီး ဖြစ် တဲ့ သူများ နိုင်ငံ က ရွေးကောက်ပွဲ များ နှင့် ယှဉ်ပြီး စကားလုံး ကြီးကြီး များ မသုံး စေလိုပါ။
ယှဉ်ပြ လိုပါက တရားဥပဒေ မဲ့ ပြီး ချစားကာ ကိုယ့်တစ်ဘို့ထဲ ကြည့်တဲ့ အစိုးရကြီးစိုး တဲ့  နိုင်ငံ များ ကို လေ့လာပြီး ပြောကြစေလိုသည်။
ဒါတောင် မှ ကိုယ့်နိုင်ငံ သည် ထိုသူများက ပင် ဆရာတင်ထား ရမဲ့ ညစ်လုံးများ ကြွယ်ဝသည့် လူတန်းစား ကြီးစိုးနေသည် ကို မမေ့ကြပါနှင့်။

(ပြော၍ မပြီး သေး စကားများ ကို ဥ ထားတာ ကြာပြီမို့ အပိုင်း (၂) ကို ဆက် ဦးမည်) :wink:  :-)))

moe soe

Credit to – Moe Soe

မြစပဲရိုး

About မြစပဲရိုး

Khin Latt has written 240 post in this Website..