မဲထည့်ပြီး သက်သေ

မဲထည့်ပြီး သက်သေ

စိတ်ပူနေမဲ့ အရီး နဲ့ ဇီဇီ တို့ အတွက် ပါ ..

နေပူမှာ ကြောက်တဲ့ မဒမ်ထူးဆန်းကြောင့် ခြောက် နာ ရီထိုးဖို့ ငါးမိနစ် အလိုမှာ မဲပေးရမဲ့ ကျောင်း ကို ရောက်ခဲ့ ပါတယ်..
တန်းစီနေတဲ့သူ တစ်ရာ ကျော် နှစ်ရာ လောက် ဘဲ ရှိမယ် ထင်ပါတယ် ..
မျှော်လင့်ထားတာက တိုးကြမဲ့ သူတွေ …

ဒါပေမဲ့ အားလုံး စည်းကမ်း ရှိစွာ စီနေ တာ တွေ့တော့ ၀မ်းသာမိပါတယ် ..

ခြောက်နာရီတိတိ မှာ ကျောင်းတံခါး ဖွင့်ပေးပါတယ် ..

ခြောက်နာရီ နဲ့ နှစ်ဆယ့်ငါးမိနစ်မှာ မဲပေးပြီး ပြန်ထွက်ခဲ့ ပါတယ် .. အပြင်ရောက်တော့တန်းစီသူ သိပ်များ များ စားစား ကြီး မရှိတော့ပါဘူး … နေ့လည်လောက်ဆို ပျင်းစရာတောင်ကောင်းဦးမယ် ထင်ပါတယ် ..

အဲ့ဒီ့တော့ အားနည်း ချက် လေး ပြော ရအောင် ဆိုရင် ..

အတွေ့ အကြုံ နဲ့ ကြို တင် မတွေးခေါ်မှုတွေ အတွက်လောက် ဘဲ ရှိပါတယ် ..

ကျောင်းဝင်း အပြင်မှာ မဲရုံ နံပါတ် မတပ်ထားတော့ ကိုယ့် မဲရုံ ဟုတ်ရဲ့လား ဆိုတာ သံသယ လေးတော့ ဖြစ်မိပေမဲ့ ပြောထားတာ ဒီကျောင်း ဆိုတော့ သေခြာပါတယ် ဆိုတာ ကိုယ့်ဟာကိုယ် အာမခံ တန်းစီ လိုက်ရပါတယ် …

ဝင်ဝင်ချင်းမှာ မီးသတ် ရဲဘော်တစ်ယောက် အထူး ရဲ ဆိုတာ နှစ်ယောက် တွေ့ ပါတယ် ..

ကျောင်းဝင်းထဲ ရောက်တော့ မဲရုံအမှတ် လေး နဲ့ ငါး ကို ကျောင်းဆောင် နှစ်ခု မှာ ခွဲခြထားပါတယ် ..
စစခြင်း လူတွေက မသိတော့ မဲရုံ တစ်ခုမှာ သွားတန်းစီကြပေမဲ့ တစ်ယောက် က လာပြီး မဲ ရုံ လေး က ဘယ်ဘက် မဲရုံ ငါးက ဘယ်ဘယ်ဆိုပြောတဲ့ အတွက် ပြောင်းတန်းစီလိုက်ရပါတယ် ..

ကျောင်းခန်း အ၀င်ဝ မှာ ဆယ်အိမ်မူးက မှတ်ပုံတင်လေးတွေ ယူလာဖို့ ပြောလို့ မှတ်ပုံတင် ပါမလာတဲ့သူ အချို့  ပြန်ပြေးတာ တွေ့လိုက်ရပါတယ် ..

မဲပေး ရမဲ့ အခန်းထဲ ရောက်တော့ မဲရုံမှုး က ထိပ် က .. ..လွှတ်တော်တစ်ခု စီအတွက် တန်းစီပြီး အမျိုးသမီး ရှစ်ယောက်ထိုင်နေပါတယ် … မဲစာရင်းကို အုပ်စုလေးခု ခွဲထားပြီး နှစ်ယောက်တစ်တွဲ တွေ့ ပါတယ် .. ဘယ်သူက ဘယ်နံပါတ်က နေ ဘယ်နံပါတ် အထိ ကိုင်တယ်ဆိုတာကို ကပ်ထားတဲ့ စာရွက်က စားပွဲ ဘေး ကပ်ထားတော့ လူတွေ တန်းစီလိုက်တော့ မမြင်သာ ဖြစ်သွားပါတယ် .. အဲ့တော့ ဘယ်နံပါတ်က ဘယ်သူ့ဆီ ထုတ်ရမယ်ဆိုတာကို မဲရုံမှုးက လမ်းညွှန်ပေးနေရပါတယ် .. တစ်ယောက် က မဲသက်သေခံလက်မှတ်က နံပါတ် ကို ကြည့်ပြီးသူ့စာအုပ်မှာ လက်မှတ်ထိုးခိုင်းပါတယ် .. ပြီးဘေးက သူ့အဖော်ဆီလက်ဆင့်ကမ်းပြီးမဲ စာရွက် ထုတ်ပေးပါတယ် .. လက်မှတ်ထိုးရပါတယ် .. ပြီးအတုံးထု ရမဲ့ နေရာမှာ အတုံးဝင်ထု ရပါတယ် .. ink pad နဲ့ အတုံးချပေးထားပါတယ် ..
ကိုယ်စားလှယ်တွေရဲ့ တစ်ဦး နဲ့ တစ်ဦးကြားမှာ spacing ရှိနေတဲ့ အတွက်ထင်ထားသလောက် သတိထားလုပ်စရာမလိုဘဲ အလွယ်တစ်ကူ မှန်အောင်ထုနိုင်ပါတယ် ..
အဲ မှင် ကတော့ ပြော သလို စိုပါတယ် .. လေနဲ့ နဲနဲမှုတ် .. ပြိးလေးချိုးဖွဖွ ခေါက် မဲပုံးထဲ ထည့် …

နောက်လွှတ်တော်တစ်ခု အတွက် တန်းစီ.. ခုတော့ သိသွားပြီမို့ ကိုယ့် နံပါတ် ကိုင်သူ ဘယ်သူ ဆိုတာ မှန်းနိုင်ပြီး မြန်မြန်ဆန်ဆန် မဲလက်မှတ်ထုတ် နိုင်ခဲ့ပါတယ် ..

ကိုယ်စားလှယ်များ ဆိုတဲ့ နေရာမှာ ထိုင်ပြီးမှတ်နေသူ သုံး ဦးလောက် တွေ့ပါတယ် ..

နောက် ဘယ်သူလဲတော့ မသိဘူး အမျိုးသမီးတစ်ဦးကလည်း လိုက်လံကြီးကြပ်ပေးနေတာ တွေ့ ရပါတယ် ..

လျို့  ၀ှက် ဆန္ဒမဲ ဆိုပေမဲ့ မှင်မခြောက်မှာ ကြောက်ပြီး မဲပုံး နား တဖူးဖူး နဲ့ မှုတ်နေကြတော့ ဘာထု ခဲ့ကြတယ် ဆိုတာ အရပ်ရှည်တဲ့ စပ်စုတဲ့ ကထူးဆန်း အားလုံး မြင်နေရပါတယ် ..

ဟုတ်ကဲ့ .. အား လုံး ရဲရဲနီ တဲ့ ခွပ်ဒေါင်း နဲ့  ကြယ်ပါဘဲ …

ကထူးဆန်းမြင်ခဲ့ သလောက်ပေါ့ ..

ဆိုတော့ အားလုံ ခြုံ ပြော ရရင် သာသာယာယာပါဘဲ အရီး လတ် နဲ့ ဇီဇီရေ ..

ကျွန်တော့်ရဲ့ မဲ ရုံ မှာ ပေါ့ နော် ..

About ကထူးဆန်း

has written 106 post in this Website..