တကယ်လို့ ရှင်သာ အလုပ်ဖြုတ်ခံရဘူးတယ်ဆိုရင် ဒီ Pink Slip (dismissal notice) လေးက ရှင့်ကို ဘယ်လောက်ထိ ၀မ်းနည်းထိခိုက်စေသလဲဆိုတာကို ကောင်းကောင်းသိပါလိမ့်မယ်။

ရှင့်အနေနဲ့ အမှားတစ်ခုမှ မလုပ်ခဲ့ရင်တောင် ရုံးတော်က သေမိန့်ချလိုက်သလိုမျိုး၊ တရားခံပြေးကြော်ငြာမှာ
ကိုယ့်မျက်နှာကြီး မြင်လိုက်ရသလိုမျိုး ခံစားရတတ်တာပါ။

တကယ်လို့ အလုပ်ဖြုတ်ခံရခြင်းမှာ အကြောင်းအရင်းခံ တစ်ခုခုသာ ရှိခဲ့မယ်ဆိုရင်တော့
ဒီခံစားချက်က ပိုမိုဆိုးရွားပြင်းထန်လာဖို့ဘဲရှိပါတယ်။

ဒီတော့ ကိုယ့်ကိုယ်ကို ချောက်ထဲဆွဲမချခင် အရင်စဉ်းစားရမှာက ငါအလုပ်လုပ်တဲ့ ကုမ္ပဏီက သိပ်ကောင်းတဲ့ ကုမ္ပဏီဘဲလို့ ။

ကမ္ဘာ့ အအောင်မြင်ဆုံးဆိုတဲ့ထဲက လူတစ်ချို့..ကျမတို့ သိပ်ကြိုက် တဲ့ အသုံးအဆောင် ပစ္စည်းတွေကို တီထွင်ခဲ့တဲ့ အမျိုးကောင်းသားတွေ..ကမ္ဘာ့ အအောင်မြင်ဆုံး Brand တွေကို တည်ဆောက်ခဲ့တဲ့ လူတွေ… ဒါတင်မကသေးဘူး.. လူမှုအဖွဲ့အစည်းမှာပါ အကောင်းစားပုံရိပ်တွေ ထင်ဟပ်စေခဲ့သူတွေ…သူတို့ ဒီနေ့လိုမျိုး လူသိများ ကြော်ကြားတဲ့လူတွေ ဖြစ်မလာခင် (တစ်ခါတစ်လေလဲ ဖြစ်လာပြီးမှ) အလုပ်ပြုတ်သွားတာမျိုး ရှိပါတယ်တဲ့။

ရှင် အလုပ်ပြုတ်သွားပြီဆိုတာနဲ့ နောက်အလုပ်တစ်ခုရှာလို့မရခင်စပ်ကြားမှာ လုပ်စရာတွေ အများကြီးရှိပါလိ့မ်မယ်။ အလုပ်မရှိတဲ့ အခိုက်အတန့်မှာ နေဖို့စားဖို့ အတွက် ငွေဘယ်လောက်ချန်ထားရမလဲဆိုတာက အစ စဉ်းစားရတော့မှာပါ။

ကိုယ့်ကိုယ်ကို အရမ်းမနှိပ်စက်ဖို့တော့ ပြောပါရစေ။ ဒီလို ကျော်ကြားတဲ့ လူတွေတောင် ကန်ထုတ်ခံရသေးရင် ကျမတို့လို လူတွေ ဘယ်နားသွားနေမလဲနော်??

1.Steve Jobs

SJ

၁၉၇၆ ခုနှစ်မှ Steve Jobs ဟာ Steve Wozniak နဲ့အတူ သူ့ရဲ့ ဂိုဒေါင်ထဲမှာ Apple Computer ကို တီထွင်ခဲ့ပါတယ်။

၁၉၈၀ မှာတော့ Apple ဟာ လူသိရှင်ကြား ထုတ်လုပ်ရောင်းချနေတဲ့ ဘီလျံဒေါ်လာ ဘစ်ဇနက် ဖြစ်နေပါပြီ။ ၁၉၈၄ မှာ Macintosh ကို ဖြန့်ချီခဲ့ပါတယ်။

၁၉၈၅ မှာတော့ ဈေးနှုန်းချိုသာတဲ့ Microsoft product တွေရဲ့ အားပြိုင်မှုတွေ ကြားမှာ Apple ဟာ သူ့ရဲ့ နာမည်ကြီး Founder ကို အလုပ်ဖြုတ်ပစ်ဖို့ ဖြစ်လာပါတော့တယ်။

၂၀၀၅ ခုနှစ် Stanford တက္ကသိုလ်ရဲ့ ဘွဲ့နှင်းသဘင် အခမ်းအနားမှာတော့ Jobs ဟာ သူခံစားရတဲ့ ဆုံးရှုံးမှုကို အခုလို ဖေါ်ပြခဲ့ပါတယ်…..

ကျနော်တို့ဟာ အကောင်းဆုံးလို့ ပြောလို့ရတဲ့ ကိုယ်ပိုင်ဖန်တီးမှုတစ်ခုကို ချပြလိုက်နိုင်ပြီး သိပ်မကြာခင်လေးမှာဘဲ–Macintosh ပေါ့လေ–အဲဒါ မတိုင်ခင်တစ်နှစ်က ကျနော် အသက်သုံးဆယ်ပြည့်တဲ့နှစ်ဖြစ်ခဲ့တယ်။ ပြီးလဲပြီးရော အလုပ်ဖြုတ်ခံရတာဘာဘဲ။ လူသိရှင်ကြားကို ဖြုတ်ခံလိုက်ရတာဗျ.။ အရွယ်ရောက်ပြီးတဲ့နောက် ဘ၀တစ်လျှောက်လုံး မက်ခဲ့တဲ့အိပ်မက်တစ်ခု ရေစုန်မျောသွားတာဘာဘဲ။ ဒါဟာ တော်တော်လေး ကြေကွဲစရာကောင်းတယ်။

Jobs ဟာ Silicon Valley ကိုစွန့်ခွာဖို့စဉ်းစားခဲ့ပါသေးတယ်…ဒါပေမဲ့ အလုပ်အပေါ်ချစ်တဲ့စိတ် ရှိနေသေးတာကို သိလို့ ဆက်နေဖြစ်ခဲ့ပါတယ်။

သူဟာ Pixer Animation Studios နဲ့ NeXT ကိုတည်​​ထောင်​ ခဲ့တယ်..ဒါတွေဟာ နောင်တစ်ချိန်မှာ Apple ၀ယ်ယူခဲ့တဲ့ ကုမ္မဏီတွေပေါ့။

၁၉၉၇ မှာ Steve Jobs ဟာ Apple ရဲ့ CEO အနေနဲ့ ပြန်သွားခဲ့ပြီး iPod, iPhone နဲ့ iPad တို့ကို ထုတ်လုပ်ခြင်းအားဖြင့် ကျမတို့ရဲ့ နိစ္စဓူဝ လုပ်ငန်းခွင်မှာ ကစားကွင်းမှာ တစ်ယောက်နဲ့ တစ်ယောက် ဆက်သွယ်တဲ့နေရာမှာပါ ကြီးမားတဲ့ အပြောင်းအလဲတွေကို ဖြစ်စေခဲ့ပါတယ်။

တပြိုင်တည်းမှာဘဲ သူတည်ထောင်ခဲ့တဲ့ ကုမ္မဏီ (အလုပ်လဲဖြုတ်ခံခဲ့ရတဲ့)ကိုလဲ မျော်မှန်းတွက်ဆလို့ မရနိုင်တဲ့ အမြတ်အစွန်းတွေကို ယူဆောင်ပေးခဲ့ပါတယ်။

Shwe Ei
18th Nov 2015
၆း၅၉ ညနေ

Shwe Ei

About Shwe Ei

Shwe Ei has written 44 post in this Website..