ဆန္ဒမဲတွေပေးတုန်းက ကျနော်ကလည်း ကိုယ့်မြို့နယ်ထဲက မဲရုံတွေ တတ်နိုင်သလောက်လှည့်ပတ်ကြည့်ရှု့ခဲ့တယ်။ဒီလိုသွားလာရင်း မဲပေးကြတာနဲ့ပတ်သက်လို့
ပြုံးစရာတွေကို တွေ့ရှိတာ ရွာထဲပြန်မျှဝေလိုက်ပါတယ်။

ယောက်ျားမှာတာပေးချင်သော်လည်း
…………………….

မဲပေးတဲ့ရက်က ဂွက်ထော်မဲရုံထဲ အချိန်အတော်ယူလိုက်ရတယ် ယောက်ျားက မြင်းကြား (မျဉ်းနှစ်ခုကြား)ထဲတံဆိပ်
်တုံးထု နော်လို့သေသေချာချာမှာလိုက်သောကြောင့် ဆန္ဒပြုခန်းထဲမြင်းကြားကိုလိုက်ရှာနေတာပါ။
သူ့ယောက်ျားက ခေသူတော့မဟုတ်ပါဘူးNLDစည်းမှူးပါသူစည်းစားမိတာက ငါ့ကိုခွပ်ဒေါင်းမထည့်ခိုင်းဘဲ ဘာကြောင့်မြင်းကြားထည့်ခိုင်းရသလဲပေါ့
မဲစာရွက်ကိုကြည့်တာ အစအဆုံး ဖင်တပြန်ခေါင်းတပြန် မြင်းနဲ့တူတာမတွေ့မိ။ ဒါကြောင့်အနီးစပ်ဆုံးကိုရွေးလို့ သူ့အပေါ်တံဆိပ်ထုလိုက်ရတယ်။
ဂွက်ထော်စိတ်ထဲတော့ သူ့ယောက်ျားကိုမကျေနပ်ဘူး ဘယ်နှယ် မရှိတာကိုထည့်ခိုင်းရတယ်လို့ သူကတွေ့မလားဆိုရှာ အချိန်ကြာနေတော့ ဆရာမတွေက သူ့ကိုပြူး ကြည့်၊ ဒင်းကြောင့်ပေါ့။ ညမှာယောက်ျားပြန်လာတော့
“ တော့်ကိုဘသာ မြင်းကြားရှာတာ မတွေ့ဘူးခပ်ဆင်ဆင်အကောင်ဆိုလို့ခြင်္သေ့ပဲတွေ့တယ် ဒါနဲ့ရှင်စကားအတိုင်း ခြင်္သေ့ကိုပဲတံဆိပ်ထုခဲ့တယ်
ယောက်ျားဖြစ်သူ NLDစည်းမှူးကြီးကပါးစပ်အဟောင်းသားနဲ့မျဉ်းကြားနှစ်ခုကြား အလယ်တည့်တည့်ကိုတံဆိပ်ကိုထုခိုင်းတာ ဒီလိုထုရတယ်ဆိုပြီးအနီးက
ငရုပ်ကျည်ပွေ့နဲ့ဂွက်ထော်နဖူးကိုထုချလိုက်ပါတော့တယ်။

အ..တယ်လို့မထင်လိုက်နဲ့
……………….

ငပုတောမြို့နယ်က ရွာတစ်ရွာမှာမဲပေးဖို့ ရွာသားတွေက စိတ်အားထက်သန်နေကြပါတယ်။ ဆန္ဒပြုတယ်ဆိုတာကိုလည်း မဖြစ်မနေပြုရမယ်လို့ မှတ်ယူထားပါတယ်။ သူတို့တွေဟာ မနက်ဆိုအလုပ်ဆင်းကြရတော့ ဆန္ဒပြုမဲထည့်ဖို့ မနက်စောစော(၅)နာရီကတည်းက မဲရုံရှေ့ ရောက်နေကြပါတယ်။ ရွာထဲက အသံလည်းကျယ်ကျယ်၊ခပ်စွာစွာ ခပ်လည်လည် အမျိုးသမီးကြီးက
“ဟေ့ သာလှနဲ့ ဂွက်ထော် လာဒီရှေ့မှာတန်းစီ…ဟိုလူအောင်မိုး နင်ကအလုပ်ရှုပ်တယ်ဆိုပြီး နောက်မှာခွေမနေနဲ့ လာရှေ့ကို ….ဟိုနောက်က ဖုန်းကိုင်နေတဲ့ ကျောင်းဆရာလူထွက် လာထားဒီနားကို ….ဟိုအပျိုကြီးလှလေးစိန် နင်ကဒါကြောင့်လင်မရတာ ..လာပါလားရှေ့ကို ..
အနို့လို သို့လိုဆရာလုပ်ပြီးသကာလ တန်းစီကြလေသတည်းပေါ့။စောစောက ဒေါ်စိတ်တုတ်ကတော့ ရှေ့ဆုံးမှာရပ်လို့ပေါ့။
မနက်(၆)နာရီထိုးတာနဲ့ မဲရုံမှူးက မဲရုံဖွင့်လှစ်ကြောင်း ၊ဆန္ဒပြုလို့ရပြီဖြစ်ကြောင်း ကြေညာပါတော့တယ် ။ ဒေါ်စိန်တုတ်က ဖြတ်ကနဲဝင်သွားတယ် ။ အပေါက်ဝက ဆရာမလေးကို လက်မှတ်ပြတယ် ။ ဟိုကပေးလိုက်တဲ့ဆန္ဒပြုမဲလက်မှတ်ကိုယူပြီး ဆန္ဒပြုခန်းကိုသွားတယ် ။ ဒေါ်စိန်တုတ်က စာလည်း နည်းနည်းတတ်တော့ဒီနေရာက ဆန္ဒပြုရမယ့်နေရာဆိုတာ သူအသေအချာသိတယ်။ချထားတဲ့ တံဆိပ်တုံးလေးကို ဒါမိုက်ကရိုဖုန်းလားပေါ့ သူကိုင်ကြည့်တယ် ၊ပြီးတော့ ပြန်ချလိုက်တယ် ။တခါတုန်းက မြို့က အခမ်းအနားတခုမှာ သဘာပတိက အင်္ကျီမှာဒါမျိုးလေးချိတ်ပြီးပြောတာတွေ့ဖူးတော့ ဒါမိုက်ပဲ စကားပြောတဲ့ဟာပဲဆိုပြီး သူပြန်ကိုင်တယ် ။ဟန်ပါပါပဲ ရင်ကိုကော့လို့ စောစောက တံဆိပ်တုံးထုမယ့်ဟာကို ပါးစပ်နားတေ့လို့
အဟမ်း…အဟမ်း
ဒေါ်စိတ်တုတ်ကချောင်းဟန့်တော့ မဲရုံထဲ တာဝန်ကျနေသူတွေက သူ့ကိုလှမ်းကြည့်တယ် ။နောက်လူတွေကလည်း အခန်းဝရောက်နေပြီလေ။
“ကျမ …စိန်တုတ် အန်အယ်လ်ဒီ ကိုဆန္ဒပြုပါတယ်”လို့ ခပ်ကျယ်ကျယ်အော်လိုက်ပါတော့တယ်။ဒီမှာတင်ပဲ မဲရုံမှူးက
“ ဟာ ခင်ဗျားအဲ့ဒီလိုမအော်ရဘူးလေ အရေးယူလို့ရတယ် ဒီစာရွက်မှာ တံဆိပ်ထုရတယ် ”ဆိုပြီးပျာပျာသလဲ ပြောတော့ လည်ပါပေဆိုတဲ့ ဒေါ်စိန်တုတ် ပါးစပ်ကလေးပိတ်ပြီး စောစောက ဆရာမလေးပေးတဲ့ မဲစာရွက်မှာ တံဆိပ်နိပ်ပါတော့တယ် ။တစ်ချက်ထုတယ် ၊မျက်မှောင်ကုတ်ပြီး ထပ်ထုတယ် ..ပြီးတော့မှ
ဟဲ့မဲရုံမှူး ..ငါ့ကို တောသူဆိုပြီး မလိမ့်တပတ်တော့ မလုပ်နဲ့ ငါထုနေတာ ဘာမှထင်ဘူးဆိုတော့ မဲရုံမှူးကလည်း လာပြီး တံဆိပ်ထုကြည့်ပါတယ် ။မထင်ပါဘူး အကြမ်းစာရွက်မှာ ထပ်ထုပါတယ်။မထင်ဘူး ။ မဲရုံမှူးလည်းတံဆိပ်တုံးကိုသေသေချာချာကြည့်ပြီး အဖုံးကိုချွတ်လို့ ထုပြလိုက်တော့မှ အမှန်ခြစ်ကလေး ထင်သွားပါတော့တယ်။
“ကဲ ဒီမှာတွေ့လား ..ဒီစာရွက်အကြမ်းမှာထင်ပြီ ဆက်လုပ် ”ဆိုပြီး သူ့နေရာသူပြန်သွားပါတယ်။ ဒေါ်စိန်တုတ်လည်း စောစောကမဲရုံမှူးပြသလိုထု လိုက်ပြီး စာရွက်ကို မဲပုံးထဲထည့်လိုက်ပါတော့တယ်။ ငါလူလည်ပါဆိုတဲ့မျက်နှာပေးနဲ့မဲရုံမှူးကိုကြည့်လိုက်တော့
“အဒေါ်ကြီး အဆင်ပြေရဲ့လား”လို့ မဲရုံးမှူးကခပ်တိုးတိုးမေးပါတယ်။ဒါကိုဒေါ်စိန်တုတ်က အသံပြဲကြီးနဲ့
“ငါ့ကို အ ..တယ်မထင်ပါနဲ့ဟယ် ..လာ..လာကြည့် နင်ပြသလို ဟိုစာရွက်အကြမ်းမှာ ငါထုခဲ့တာ အများကြီးပဲ..တဲ့
မဲရုံးမှူးသွားကြည့်တော့ စာရွက်အကြမ်းမှာ အမှန်ခြစ်လေးတွေ အများကြီးပဲ ။
“ဒေါ်ကြီး မဲစာရွက်မှာတံဆိပ်တုံး ထုရမှာလေ မထုခဲ့ဘူးလားဆိုတော့ ”ဒေါ်စိန်တုတ်က
ကောင်လေးရယ် နင်ပြတဲ့နေရာမှာ ငါထုတာပေါ့ ငါ့ကို “အ”တယ်မထင်နဲ့ ပုံးထဲထည့်လိုက်တဲ့စာရွက်ထဲတော့ ဘယ်ထုပါ့မလဲ နင့်စကားအတိုင်းလုပ်ပါတယ်
ငါ မအ ပါဘူးဟယ်..တဲ့။

ထက်ဝေး

About htet way

has written 133 post in this Website..