အလွမ်းည ဒီဇင်ဘာ

တစ်ခန်းတစ်နား လွမ်းရတဲ့ည
မြူ မှုံများ ဖြန့်ကျဲထားသတဲ့လား
ရင်ခွင်လေးနွေး အေးမြပေမယ့်
အနားမှာသူမရှိတော့လဲ ဒီဇင်ဘာရေ
မင်းလေးကတော့ နှင်းတွေဝေမစဲပေါ့
ငါလွမ်းနေတုန်းပါလေ့ 

အချမ်းပိုလူမိတာထက်
မလွမ်းပို သူရှိနေမလားလို့
ချစ်တေးဆို မော့အငေးမှာ
လမင်းလေး သာနေတယ်မေ
ကြယ်ကလေးများ တစ်ဖွေးဖွေးပေါ့ 

ဆောင်းရိပ် နှောင်းအတိတ်ခြေရာအောက်
ချယ်ရီတွေပျောက်ခဲ့ပြီပေါ့
မေရယ် ခုတော့ကိုယ်လေ ကော်ဖီခါးခါးလေးသောက်ရင်း
အလွမ်းည ဒီဇင်ဘာကို တမ်းတလို့ ကြို ခဲ့ပြီလေ

ကာရံ ၁့ ၁၂့ ၂၀၁၅

ကာရံ

About ကာရံ

ကာ ရံ has written 191 post in this Website..