မေ့မထားပါနဲ့ သားရယ်

အလုပ်အကိုင်မဲ့မို့ တစ်နေ့အသက်ကြီးရင်လေ
သားတို့ မိဘကို ပြစ်သွားမှာတဲ့လားတဲ့
ရင်နစ်အောင်ကြားခဲ့ရတဲ့ ငယ်ငယ်တုန်းကစကားပေါ့

ကြင်ရာဖော်ရှိလို့ အနေဝေးခဲ့ရင်လေ
သားတို့မေမေ့ကို မေ့သွားကြမှာပါတဲ့
စိတ်ထဲမှာ ခံစားခဲ့ရတဲ့ အရွယ်ရောက်တုန်းဘဝပေါ့

အိုခြေပြီ မေမေအိုခြေပြီ ပြိုတော့မယ့်မိုးလို ခိုလို့တွဲ
မျက်ရည်စက်များ အဝေးရောက်သားကိုလွမ်းလို့ပေါ့

မငိုပါနဲ့မေမေ ကောင်းကင်လည်းပြိုမှာ မဟုတ်သလို
လေလည်းမထန်ပါဘူးလေ သားအရွယ် ဘယ်လောက်လောက်ပြောင်းပြောင်း
မေမေ့နှလုံးသားအောက်မှာ နားခိုဖို့ သားအရောက်လာခဲ့မှာပါမေမေ
ကြင်ရာရှိလည်း မေ့မသွားသလို ပြစ်မထားရက်တဲ့ သားမေတ္တာကလေ
ကောင်းကင်ကလမင်းပမာ ဝင်းပမြဲမို့ မေမေ့လက်ကိုအမြဲတွဲထားပါရစေသား

ကာရံ ၉့ ၁၀့ ၂၀၁၅

ကာရံ

About ကာရံ

ကာ ရံ has written 191 post in this Website..