သို့ သဂျီးမင်း—

ကျနော် သတိရခြင်း များစွာဖြင့် စာရေးလိုက်ပါသည်၊၊

 

 

သဂျီးမင်း ကျန်းမာချမ်းသာပါစေကြောင်း ဦးစွာ ဆုတောင်းလိုက်ပါသည်၊၊

အို — စကားပြေနဲ့ ရေးရတာ ရှုပ်ပါတယ်၊
စကားပြောနဲ့ပဲ ချမယ်၊၊ ကိုင်းးးး

 

ဗျို့ သဂျီးးးး
ကျနော် နေတဲ့ မြေနီကုန်းလမ်းဆုံနားမှာ—
ဒီနေ့ ထူးဆန်းတာလေး တွေ့ခဲ့သဗျ—

ဘာတုန်း ဆိုတော့— ကောင်မလေးချောချော လှလှလေးတွေဗျ—

www.azmtv.com မှာ သတင်းကြေငြာတဲ့ အစ်မကြီးထက် အဆတစ်ရာ ပိုလှသဗျာ ကိုင်းးးး မှတ်ကရော—

 

:mrgreen:

-အိုက်လို အချောအလှ ကောင်မလေးတွေ -တွေ့တာ ဆန်းသလားးးလို့ မေးမလို့လား—
ဒီအထိတော့ ဆန်းသေးဘူးဗျ—

ဆန်းတာက ဘာတုန်းဆိုတော့ အဲ့ အချောအလှမမလေးတွေက လက်ထဲ ဂျာနယ်တွေ တပွေ့တပိုက်ကြီး ကိုင်းပြီး—
ဖြတ်သွားဖြတ်လာ လူတွေ ကားတွေကို ဂျာနယ်တွေ ဝေပေးနေတာာာာဗျ—
အလကား နော်——

အလကားဝေတာ—
ယူတဲ့သူတွေလည်း အုန်းအုန်းကိုထနေရောပဲ—
Free ဆိုတာနဲ့ စိတ်ဝင်စားပြီး တိုးဝှေ့ ယူချင်တတ်တဲ့ နိုင်ငံကိုးးးးး
လူစည်ကားရာ လမ်းဆုံလမ်းခွမှာ ဂျာနယ်အသစ်တွေ အလကားဝေနေတော့—

ဟိုကလည်း ပေးပါအုန်း ဒီကလည်းပေးပါအုန်းနဲ့—ဝက်ဝက်ကွဲနေကြပါကရောလားဗျို့—

 

ကျနော်တောင်မှ တစ်စောင်ဝင်ယူခဲ့သေးးးး
အဟေးးးး
ပိုက်ချံမပေးရဘဲ ဂျာနယ်တစ်စောင်ရ—နည်းမှတ်လို့—

 

:kwi:

မျက်နှာဖုံး

မျက်နှာဖုံး

 

 

 

 

 

 

 

 

 

 

 

.ကြော်ငြာတွေမှ မနောမနည်း

.ကြော်ငြာတွေမှ မနောမနည်း

 

 

 

 

 

 

 

 

 

.ပေါ်ပြူလာဖြစ်သူတွေလည်း ပါ...

.ပေါ်ပြူလာဖြစ်သူတွေလည်း ပါ…

 

 

 

 

 

 

 

 

.ကြော်ငြာတစ်ဝက်...ဘာညာတစ်ဝက်

.ကြော်ငြာတစ်ဝက်…ဘာညာတစ်ဝက်

 

 

 

 

 

 

 

 

လူငယ်တွေကြား ရွှေပန်းစားနေတဲ့..အဲလေ..ရေပန်းစားနေတဲ့သူတွေအကြောင်းတောင် ပါသေး

လူငယ်တွေကြား ရွှေပန်းစားနေတဲ့(အဲလေ)ရေပန်းစားနေတဲ့သူတွေအကြောင်းတောင် ပါသေး

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

အလကားပေးတယ်ဆိုပေမယ့်

ဂျာနယ်ကစာရွက်သားလည်း အကောင်းစား သပ်သပ်ရပ်ရပ်

-ဗေဒင်တို့ ကိုရီးယားစကားပြောနည်းတို့တောင် ပါသေး—

 

အိုက်မြင်ကွင်းကို ကြည့်ပြီး ကျနော်က …ဘာ တွေးမိသွားလဲဆိုတော့—

သဂျီးလည်း ညန်မာ့ဂဇက်သဒင်းစာကို—
ကျနော်တို့ရန်ကုန်မှာ အခြေစိုက်ပြီး အလကားထုတ်ဝေ ကြည့်ရင် ဖြစ်မှာပဲ လို့ တွက်မိတာဗျ—

ထုတ်ဖြစ်ဖို့အပိုင်းသာ သဂျီး တာဝန်ယူ—
(မတွေးတတ် တွေးတတ်နဲ့ တွေးမိတာကတော့… ထုတ်ဖြစ်ဖို့အပိုင်းထဲ ကြော်ငြာနဲ့ ရပ်တည်လို့ရမယ်ထင့်၊၊

အခု အလကားဝေတဲ့ METER ဂျာနယ်ထဲမလည်း ကြော်ငြာတွေမှ အများးးကြီး၊

စာမျက်နှာ 30 ကျော် ပါတာမှာ… ၁၅ မျက်နှာလောက်တော့ ကြော်ငြာတွေ ထည့်ထားသဗျ… )

 

ဆိုတော့ ဖြန့်ဝေရေးအပိုင်းကျတော့လည်း လူတွေ စိတ်ဝင်တစား ယူကြဖတ်ကြအောင် တစ်လ တစ်ခါ ရန်ကုန်က(ရွာသူား အချောအလှတွေ စုပြီး ရော့ဟေ့ ငါတို့ရွာ သတင်းစာကွ ဘာညာဆိုပြီး) တစ်မနက်လောက် ဝေလိုက်တာနဲ့ စောင်ရေ တစ်သောင်းပြိုက်ခနဲတောင် အသံမြည်သွားအုန်းမယ်—

 

(အဲ့လို လူအားနဲ့ မဝေနိုင်လည်း—
ကုန်တိုက်တွေ စတိုးဆိုင်ကြီးတွေဆီမှာ စင်လေး တန်းလေး တစ်နေရာစာ ချခွင့် ယူပြီး

အလကား ယူနိုင်ပါသည်ဆိုတဲ့ စာတန်းချိတ် ထားကြည့်၊ မကုန်ရင် ကြိုက်သလိုပြော—)

:lol:

 

အဲ့ဒါလေး တွေးမိသဗျ—
အခြေအနေ ကောင်းမယ့်ပုံမို့ ဆေးထိုးကြည့်တာပါ၊၊

အဲ့လိုသာ လုပ်ဖြစ်မယ်ဆိုရင် ကျနော်တို့ ပြည်တွင်းနေသူတွေလည်း သဂျီးရဲ့ တစ်လတစ်ခါထုတ် သတင်းစာကို PDF နဲ့ ဖတ်ရဖို့ အင်မတန်နှေးကွေးလှတဲ့ နက်လိုင်းနဲ့ ဒေါင်းနေစရာ မလိုတော့ပဲ စာရွက်ကိုင်ဖတ်ခွင့် ရချေတော့တမုံ့ပေါ့—

 

:kwi:

 

 

 

Thint Aye Yeik

About Thint Aye Yeik

Thint Aye Yeik has written 606 post in this Website..

Maung Thura @ သင့်အေးရိပ် CJ #5222013