ဒီ တစ်ရွာလုံး ကျောက်+နှင်း, တဂျီး နဲ့ မယ်ခွစ် ပဲ စားတဲ့ အသားး။
နှစ်ကူးမှာ တဂျီး အတွက် စပွိရှယ် စု ပေးတယ်လို့ မှတ်ပါ။

ဒီ တစ်ပတ် က စ တစ်လခွဲလောက် မဝင်နိုင်မှာမို့ ကြိုနှုတ်ဆက်ထားဒါ။

 

ဒီ အသားမစားသူများကတော့ ခွင့်လွှတ်ကြပါ။
ကျနော်ကတော့ စားပါတယ်။
မစားဖြစ်တာ ကြာရင်း မစားဖြစ်တာပါ (ဟယ် ရှင်းလပ်ထာ)

အသားဆို၊
စစ်သားရယ်
ကျောင်းသားရယ် ပဲ ရှောင်ပါတယ်။
သစ်သားဆိုရင်တောင် နု ရင်း ဝါးပါတယ်။

 

 

တစ်ယောက်ထဲစားမယ့် အမဲစတိတ်ပြုတ်.. (နှင်း)

 ချွိုင်ဆန်း ၁စီး၊ဥနီ ၁တောင့် နဲ့ပြောင်းဖူး၁ဖူးတော့ ကုန်သွားပြီ.. အမဲသားပြား ၃ပြားတော့မထိသေးဘူး..  ညစာကို ဥနီတစ်တောင့်၊ ထိုင်ဝမ်မုန်ညင်းထုပ်လေးတွေ ထပ်ထည့်စားမယ်လေ.. ဆား၊ဂျင်း၊ကြက်သွန်ဖြူပဲ ထည့်ပြုတ်ထားတဲ့  soup base မပါ ရိုးရှင်းတဲ့ အသားနဲ့အရွက်အချိုရည် အရသာပါ


ချွိုင်ဆန်း ၁စီး၊ဥနီ ၁တောင့် နဲ့ပြောင်းဖူး၁ဖူးတော့ ကုန်သွားပြီ..
အမဲသားပြား ၃ပြားတော့မထိသေးဘူး..
ညစာကို ဥနီတစ်တောင့်၊ ထိုင်ဝမ်မုန်ညင်းထုပ်လေးတွေ ထပ်ထည့်စားမယ်လေ..
ဆား၊ဂျင်း၊ကြက်သွန်ဖြူပဲ ထည့်ပြုတ်ထားတဲ့
soup base မပါ ရိုးရှင်းတဲ့ အသားနဲ့အရွက်အချိုရည် အရသာပါ

 

 

အမဲသား တောချက် (ကျောက်+နှင်း)

အမဲသား တောချက် (ကျောက်+နှင်း) တောချက် ချက်ချင်ရင် ငရုတ်သီးအပုတောင့် ရေနွေးနဲ့ပြုတ်ပြီး ကြက်သွန်ဖြူနီစပါးလင်နဲ့ရော ထောင်းပြီးထည့်.. စပါးလင်မရရင် ဂျင်းထည့် ဓားမ ထက်ထက်ကို စဥ့်တီတုံးပေါ်တင်လှန် အမဲသားကို လက်သန်းနှစ်ဆစ်လောက်လေးတွေ ဓားပေါ်ဆွဲဖြတ်.. ဆီပါလေရုံနဲ့ ခုနထောင်းထားတာနဲ့ အမဲသား၊ ငန်ပြာရည်နဲ့ နယ်နှပ်ပြီး ၁နာရီလောက်နှပ်ထား.... မြေအိုးလေးနဲ့ လုံးချက်ချက်.. အရည်စပ်စပ်ရရင် ချ..မြေအိုးနံ့သင်းသင်း အတုံးသေးသေးလေးနဲ့ အရသာဝင်နေတဲ့ အမဲသားတောချက်ရရော.. အမဲသား ၃၀ သားကို ငရုတ်ပု ၅ကျပ်သား သုံးပါသတဲ့.. အုကျောက် ၅နှစ်၆နှစ်သားက သူ့ရဲ့အဒေါ် အမဲသား တောချက် ပါတဲ့.. ရဲတွတ် စပ်နေတာပဲတဲ့ အရှည်တောင့်များ စပ်သုံးသလားတဲ့.. မြေအိုးထဲက အမဲသားချက်အရသာတော့ စားချင်သား


တောချက် ချက်ချင်ရင် ငရုတ်သီးအပုတောင့် ရေနွေးနဲ့ပြုတ်ပြီး
ကြက်သွန်ဖြူနီစပါးလင်နဲ့ရော ထောင်းပြီးထည့်..
စပါးလင်မရရင် ဂျင်းထည့် ဓားမ ထက်ထက်ကို စဥ့်တီတုံးပေါ်တင်လှန်
အမဲသားကို လက်သန်းနှစ်ဆစ်လောက်လေးတွေ ဓားပေါ်ဆွဲဖြတ်..
ဆီပါလေရုံနဲ့ ခုနထောင်းထားတာနဲ့ အမဲသား၊ ငန်ပြာရည်နဲ့ နယ်နှပ်ပြီး ၁နာရီလောက်နှပ်ထား….
မြေအိုးလေးနဲ့ လုံးချက်ချက်..
အရည်စပ်စပ်ရရင် ချ..မြေအိုးနံ့သင်းသင်း အတုံးသေးသေးလေးနဲ့ အရသာဝင်နေတဲ့ အမဲသားတောချက်ရရော..
အမဲသား ၃၀ သားကို ငရုတ်ပု ၅ကျပ်သား သုံးပါသတဲ့..
အုကျောက် ၅နှစ်၆နှစ်သားက သူ့ရဲ့အဒေါ် အမဲသား တောချက် ပါတဲ့..
ရဲတွတ် စပ်နေတာပဲတဲ့ အရှည်တောင့်များ စပ်သုံးသလားတဲ့..
မြေအိုးထဲက အမဲသားချက်အရသာတော့ စားချင်သား

 

 

 

အမဲသား အကျွပ်ကြော် (မယ်ခွစ်)

အမဲသား အကျွပ်ကြော် (မယ်ခွစ်) . ဂျင်းပြား..သွန်ဖြူထု.. အရသာနနွင်း..သကြားနည်းနည်းနဲ့နယ်.. ရေခမ်းပြုတ်.. ပြီးတော့ငရုတ်ဆုံထဲထည့်ပြီး တစ်တုံးစီ.. ၂တုံးစီအဆင်ပြေသလိုထု.. ဆီထဲနည်းနည်းစီထည့်ကြော်..ကျွပ်ရင်ဆယ်.. သများကတော့.. ၂ခါလောက်ကြော်ပြီးဆီသစ်လဲတယ်.. ကြော်တဲ့ဆီနဲ့ပြန်စိမ်ထားတယ်.. ..

.
ဂျင်းပြား..သွန်ဖြူထု..
အရသာနနွင်း..သကြားနည်းနည်းနဲ့နယ်..
ရေခမ်းပြုတ်..
ပြီးတော့ငရုတ်ဆုံထဲထည့်ပြီး တစ်တုံးစီ..
၂တုံးစီအဆင်ပြေသလိုထု..
ဆီထဲနည်းနည်းစီထည့်ကြော်..ကျွပ်ရင်ဆယ်..
သများကတော့.. ၂ခါလောက်ကြော်ပြီးဆီသစ်လဲတယ်..
ကြော်တဲ့ဆီနဲ့ပြန်စိမ်ထားတယ်.. ..

 

 

အမဲလုံး ဟင်းရည် (မွဘုတ်)

အမဲလုံး ဟင်းရည် (မွဘုတ်) - ရေးပေးပါ. အမဲသားဆိုအကြောပါတတ်လို့ ပါးပါးလှီးပြီးကြိတ်ရင် ကြိတ်တဲ့အချိန်ပြသနာနည်းစေပါတယ် ကြိတ်ရင်းနဲ့အပေါ်အောက်ဇွန်းနဲ့ ပြန်လှန်ပြီးမွှေရတာမျိုးတော့ရှိတာပေါ့ ‪#‎အရေးကြီးတာကမွှေတဲ့အချိန်စက်သေချာပိတ်ဖို့အထူးသတိပေးပါရစေ‬ ချင်းရည်ကိုသီးသန့်အရင်စစ်ယူထားပါ အသားကြိတ်စက်ထဲ အသား ငရုတ်ကောင်း ချင်းရည်ဆားနဲ့ သကြားအနည်းငယ် သကြားကတော့ မကြိုက် ရင်လည်းမထည့်ပါနဲ့ ရိုစ်မေရီလည်းအဆင်သင့်ရှိတာမို့ ရောထည့်ကြိတ်လိုက်ပါသေးတယ် မရှိလည်းဘှာမဖြစ်ပါဘူး တချို့ဆို အမဲသားရဲ့ပင်ကိုယ် အညှီနံကိုကြိုက်လို့ Medium rare တောင်သေချာမှာစားကြသေးတာကို ညက်ညက်ကျေပြီးငါးဖယ်သားလိုလုံးသွားရင် ရေနွေးဆူဆူထဲ ဇွန်းနဲ့ခပ်ထည့်လိုက်တာပါပဲ ဘာမှမခက်ပါဘူး ဒီနည်းထဲမှာတော့ ပရိတ်သတ်တွေက အမြန်စားချင်နေကြလို့ ကြိတ်ရင်လှည့်ကြည့်စရာမလိုအောင် ကြက်ဥ ထည့်ကြိတ်ထားပါတယ် ဒါကြောင့်အသားက ပွပြီးနူးညံနေပါတယ် ကြိတ်ဆွဲအရသာကြိုက်ရင်ကြက်ဥမထည်ပါနဲ့ အရွက်ကြိုက်တတ်ရင် မုံညင်းခါးနဲ့ စားခါနီးခုခပ်ခုစား ဆွေမျိုးမေ့သွားစေရမယ် အချဉ်အတွက် ငရုပ်စိမ်း ကိုညက်အောင်ကြိတ် ငါးငံပြာရည်ကို သံပုရာ ညှစ်တာပဲလိုက်ပါတယ်


အမဲသားဆိုအကြောပါတတ်လို့
ပါးပါးလှီးပြီးကြိတ်ရင် ကြိတ်တဲ့အချိန်ပြသနာနည်းစေပါတယ် ကြိတ်ရင်းနဲ့အပေါ်အောက်ဇွန်းနဲ့ ပြန်လှန်ပြီးမွှေရတာမျိုးတော့ရှိတာပေါ့
‪#‎အရေးကြီးတာကမွှေတဲ့အချိန်စက်သေချာပိတ်ဖို့အထူးသတိပေးပါရစေ‬
ချင်းရည်ကိုသီးသန့်အရင်စစ်ယူထားပါ
အသားကြိတ်စက်ထဲ အသား ငရုတ်ကောင်း ချင်းရည်ဆားနဲ့ သကြားအနည်းငယ် သကြားကတော့ မကြိုက် ရင်လည်းမထည့်ပါနဲ့ ရိုစ်မေရီလည်းအဆင်သင့်ရှိတာမို့ ရောထည့်ကြိတ်လိုက်ပါသေးတယ် မရှိလည်းဘှာမဖြစ်ပါဘူး
တချို့ဆို အမဲသားရဲ့ပင်ကိုယ် အညှီနံကိုကြိုက်လို့
Medium rare တောင်သေချာမှာစားကြသေးတာကို
ညက်ညက်ကျေပြီးငါးဖယ်သားလိုလုံးသွားရင်
ရေနွေးဆူဆူထဲ ဇွန်းနဲ့ခပ်ထည့်လိုက်တာပါပဲ
ဘာမှမခက်ပါဘူး
ဒီနည်းထဲမှာတော့ ပရိတ်သတ်တွေက အမြန်စားချင်နေကြလို့
ကြိတ်ရင်လှည့်ကြည့်စရာမလိုအောင်
ကြက်ဥ ထည့်ကြိတ်ထားပါတယ်
ဒါကြောင့်အသားက ပွပြီးနူးညံနေပါတယ်
ကြိတ်ဆွဲအရသာကြိုက်ရင်ကြက်ဥမထည်ပါနဲ့
အရွက်ကြိုက်တတ်ရင်
မုံညင်းခါးနဲ့ စားခါနီးခုခပ်ခုစား
ဆွေမျိုးမေ့သွားစေရမယ်
အချဉ်အတွက် ငရုပ်စိမ်း ကိုညက်အောင်ကြိတ် ငါးငံပြာရည်ကို သံပုရာ ညှစ်တာပဲလိုက်ပါတယ်

 

 

 

အမဲသားအာလူး ဆီလည်ရေလည်ချက် (မွဘုတ်)

အမဲသားအာလူး ဆီလည်ရေလည်ချက် (မွဘုတ်)- ရေးပေးပါ. အမဲသားကို အရွယ်ညီအောင်တုံးပြီး ဆား ချင်းရည် ရှာလကာနဲ့နယ် တစ်နာရီကြာခန့် နှပ်ထားပါ ကြက်သွန်ဖြူနီချင်းကြိတ်ထားတာကိုဆီသတ်လို့နီလာရင် အသားထည့် ပြီး မီးအေးအေးနဲ့ အဖုံး ဖုံးပြီးနှပ်ချက်ချက်ပါ အသားကရေ မခမ်းမီ ကြိတ်ဆွဲလောက်အရောက်မှာ အရွယ်တော်တုံးထားတဲ့ အာလူးကိုရောပြီး အာလူးမြှုပ်ရုံရေထပ်ထည့်ပြီးဆက်ချက်ပါ အသားလည်းနူး အာလူးနူးတဲ့အနေမှာစိတ်ကြိုက်ဆီလည်ရေလည်အနေထားမှာရရင် မဆလာအနည်းငယ်ခပ်ပြီး အဖုံးအုပ်သူ့အငွေ့နဲ့သူ အနံ့ယူပါလေ မဆလာ စောစောအုပ်ရင် အနံမကြိုက်တတ်တဲ့သူတွေအတွက်အဆင်မပြေဖြစ်တတ်လို့နောက်ဆုံးမှထည့်စေချင်ပါတယ်


အမဲသားကို အရွယ်ညီအောင်တုံးပြီး ဆား ချင်းရည် ရှာလကာနဲ့နယ် တစ်နာရီကြာခန့်
နှပ်ထားပါ
ကြက်သွန်ဖြူနီချင်းကြိတ်ထားတာကိုဆီသတ်လို့နီလာရင် အသားထည့် ပြီး မီးအေးအေးနဲ့
အဖုံး ဖုံးပြီးနှပ်ချက်ချက်ပါ
အသားကရေ မခမ်းမီ ကြိတ်ဆွဲလောက်အရောက်မှာ အရွယ်တော်တုံးထားတဲ့ အာလူးကိုရောပြီး အာလူးမြှုပ်ရုံရေထပ်ထည့်
့်ပြီးဆက်ချက်ပါ
အသားလည်းနူး အာလူးနူးတဲ့အနေမှာစိတ်ကြိုက်ဆီလည်ရေလည်အနေထားမှာရရင် မဆလာအနည်းငယ်ခပ်ပြီး
အဖုံးအုပ်သူ့အငွေ့နဲ့သူ အနံ့ယူပါလေ
မဆလာ စောစောအုပ်ရင် အနံမကြိုက်တတ်တဲ့သူတွေအတွက်အဆင်မပြေဖြစ်တတ်လို့နောက်ဆုံးမှထည့်စေချင်ပါတယ်

 

 

အမဲရွတ်ငါးပိချက် (မယ်ခွစ်)

အမဲရွတ်ငါးပိချက် (မယ်ခွစ်) သများက.. လုံးချက်တာရယ်... အသားကောင်းတွေပြုတ်.. မွကြော်တာ.. နည်းနည်းမကောင်းတာတွေသေးသေးတုံး.. အရသာ..နနွင်းနယ်.. ကြက်သွန်ဖြူနီထောင်းတာနဲ့ရောနယ်ပြီး နူးအောင်လုံးချက်တာ.. ကိုင်းသီး၁၀လုံးလောက်.ငြုပ်သီးအတောင့်၅၀လောက်လှီးဖြတ်ထားတယ်.. အမဲသားနူးတော့ အဲ့ကောင်တွေထည့်ပြီး.. စိမ်းစားနပိ.. လက်သန်းဆစ်လောက်ထည့်မွေလုံး.. အရသာပြင်.. ပင်စိမ်းအုပ်.. ဆီက.. ကော်ဖီတဇွန်းလောက်ပဲထည့်တယ်.. ဆီမပါဘူး.. စပ်ပြဲလန်.


သများက.. လုံးချက်တာရယ်…
အသားကောင်းတွေပြုတ်.. မွကြော်တာ..
နည်းနည်းမကောင်းတာတွေသေးသေးတုံး..
အရသာ..နနွင်းနယ်..
ကြက်သွန်ဖြူနီထောင်းတာနဲ့ရောနယ်ပြီး နူးအောင်လုံးချက်တာ..
ကိုင်းသီး၁၀လုံးလောက်.ငြုပ်သီးအတောင့်၅၀လောက်လှီးဖြတ်ထားတယ်..
အမဲသားနူးတော့ အဲ့ကောင်တွေထည့်ပြီး.. စိမ်းစားနပိ.. လက်သန်းဆစ်လောက်ထည့်မွေလုံး..
အရသာပြင်.. ပင်စိမ်းအုပ်..
ဆီက.. ကော်ဖီတဇွန်းလောက်ပဲထည့်တယ်..
ဆီမပါဘူး.. စပ်ပြဲလန်.

 

 

 

အမဲသားချက် (မယ်ခွစ်)

သများက မဆလာမကြိုက်တော့ မဆလာထည့်ချက်လေ့မရှိဘဲ... ကယားတွေစားတဲ့ မက်ခါမှုန့်တို့ ကချင်တွေစားတဲ့ မက်ခရမ်မှုနိ့တို့ ထည့်ချက်တယ်.. ဆီသတ်ရင်လည်း ညှော်လို့ လုံးချက်တယ်.. အမဲသားကြိုက်တော့ အနံရှိတယ်မထင်ပေါင်.... သာမာန်ပဲဆေး.. ရေစစ် အရသာနနွင်းနံပြာရည်.. အမှုန့်တွေထည့်နယ်နှပ်ထားတယ်... နောက်တော့ သွန်ဖြူ..ဂျင်းထောင်း နှပ်ထားတဲ့အမဲသားထဲထည့်နယ်.. ဆီနည်းနည်းထည့်... ရေခမ်းအောင်လုံးတယ်ချက်တယ်... ရေခမ်းဆီပြန်မှ... ရေနွေးထည့် မီးပြင်းပြင်းနဲ့ချက်တာပဲ.. အနှစ်အတွက် ကြက်သွန်နီကို ဒီတိုင်းလှီးထည့်တယ်.. တခါတလေကြက်သွန်နီကြော်ခြေထည့်တယ်.. ကလီစာချက်ရင်တော့ ပထမနည်းအတိုင်းနယ်နှပ်.. သွန်ဖြူဂျင်းနယ်နှပ်တဲ့အပြင်.. ဖြူနီဂျင်းထောင်းနဲ့ဆီလည်းထပ်သတ်တယ်.. ကလီစာထဲလည်း မိုးခိုသားထည့်ချက်တယ်.. အသားပါမှ ပိုချိုတယ်ထင်လို့.. ပုဆိုးကြမ်း..အထပ်တရာ.. ဖူးစောင်ချက်/ပြုတ်ရင်လည်း.. အသားထည့်ချက်တယ်.. အသားက ပိုချိုတယ်ထင်လို့..

သများက မဆလာမကြိုက်တော့ မဆလာထည့်ချက်လေ့မရှိဘဲ…
ကယားတွေစားတဲ့ မက်ခါမှုန့်တို့ ကချင်တွေစားတဲ့ မက်ခရမ်မှုနိ့တို့ ထည့်ချက်တယ်..
ဆီသတ်ရင်လည်း ညှော်လို့ လုံးချက်တယ်..
အမဲသားကြိုက်တော့ အနံရှိတယ်မထင်ပေါင်…. သာမာန်ပဲဆေး.. ရေစစ်
အရသာနနွင်းနံပြာရည်.. အမှုန့်တွေထည့်နယ်နှပ်ထားတယ်…
နောက်တော့ သွန်ဖြူ..ဂျင်းထောင်း နှပ်ထားတဲ့အမဲသားထဲထည့်နယ်..
ဆီနည်းနည်းထည့်… ရေခမ်းအောင်လုံးတယ်ချက်တယ်…
ရေခမ်းဆီပြန်မှ… ရေနွေးထည့် မီးပြင်းပြင်းနဲ့ချက်တာပဲ..
အနှစ်အတွက် ကြက်သွန်နီကို ဒီတိုင်းလှီးထည့်တယ်..
တခါတလေကြက်သွန်နီကြော်ခြေထည့်တယ်..
ကလီစာချက်ရင်တော့ ပထမနည်းအတိုင်းနယ်နှပ်..
သွန်ဖြူဂျင်းနယ်နှပ်တဲ့အပြင်..
ဖြူနီဂျင်းထောင်းနဲ့ဆီလည်းထပ်သတ်တယ်..
ကလီစာထဲလည်း မိုးခိုသားထည့်ချက်တယ်..
အသားပါမှ ပိုချိုတယ်ထင်လို့..
ပုဆိုးကြမ်း..အထပ်တရာ.. ဖူးစောင်ချက်/ပြုတ်ရင်လည်း.. အသားထည့်ချက်တယ်..
အသားက ပိုချိုတယ်ထင်လို့..

 

 

အမဲလျာချက်.. (မယ်ခွစ်)

 အမဲလျာကို.. အခွံကြမ်းတွေစင်သွားအောင်ရေနွေးထဲရှာလကာရည်ထည့်ပြုတ်.. ဓားနဲ့ခြစ်ရုံပဲ.. သေချာခြစ်ထုတ်ဆေး... ပြီးရင် ဆား..သစ်ဂျပိုး..ကရဝေးရွက်နည်းနည်းထည့်ပြီးပြုတ်ပါ... အနည်းငယ်နူးလာရင်... ကြိုက်တဲ့ပုံစံတုံးပါ.. သများကတော့ အားရပါးရစားချင်လို့..အကွင်းလိုက်လှီးတယ်.. ခရမ်းချဉ်သီးပြုတ်.. ခွံခွာ.. ဇကာနဲ့တိုက်ထား.. သွန်ဖြူနီဂျင်းဆီသတ်.. ခရမ်းချဉ်သီးပါ ထည့်ပြီးဆီသတ်.. နာနာသတ်.. ပြီးရင် တုံးထားတဲ့လျာထည့်... အိအောင်ဆက်ချက်.. ပန်းငရုတ်ပွကြိက်ြသလိုလှီးဖြတ်.. အုပ်ပါ.. တခါတလေ ချေချင်ရင်တော့.. မားသားချိုက်စ်နဲ့ ဖြူနီဂျင်းကိုဆီသတ်.. စပါကတီဆော့ထည့်.. ဝိုင်တွေ.. ဝီတွေထည့်ချက်တယ်..


အမဲလျာကို.. အခွံကြမ်းတွေစင်သွားအောင်ရေနွေးထဲရှာလကာရည်ထည့်ပြုတ်..
ဓားနဲ့ခြစ်ရုံပဲ.. သေချာခြစ်ထုတ်ဆေး…
ပြီးရင် ဆား..သစ်ဂျပိုး..ကရဝေးရွက်နည်းနည်းထည့်ပြီးပြုတ်ပါ…
အနည်းငယ်နူးလာရင်… ကြိုက်တဲ့ပုံစံတုံးပါ..
သများကတော့ အားရပါးရစားချင်လို့..အကွင်းလိုက်လှီးတယ်..
ခရမ်းချဉ်သီးပြုတ်.. ခွံခွာ.. ဇကာနဲ့တိုက်ထား..
သွန်ဖြူနီဂျင်းဆီသတ်..
ခရမ်းချဉ်သီးပါ ထည့်ပြီးဆီသတ်.. နာနာသတ်..
ပြီးရင် တုံးထားတဲ့လျာထည့်…
အိအောင်ဆက်ချက်..
ပန်းငရုတ်ပွကြိက်ြသလိုလှီးဖြတ်.. အုပ်ပါ..
တခါတလေ ချေချင်ရင်တော့.. မားသားချိုက်စ်နဲ့ ဖြူနီဂျင်းကိုဆီသတ်..
စပါကတီဆော့ထည့်.. ဝိုင်တွေ.. ဝီတွေထည့်ချက်တယ်..

ဇီဇီ

About ဇီဇီ

ဇီဇီ has written 331 post in this Website..

CJ # 129120