FB_IMG_1452239617803

ဓတ်​ပုံ …. မူရင်းရိုက်​ကူးသူ

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

 

မောင်​ဆာမိကား အလွန်​​ပျော်​​နေ​လေ၏ ။

မျက်​မှန်​​လေးတဝင်းဝင်းနှင့်​ ​ကော့​​တော့​ကော့​တော့လမ်း​လျှောက်​ရာတွင်​ ​မြေကြီးနှင့်​ ဖဝါးထိသည်​ဟုပင်​မထင်​ရ ။

မြောက်​ကား​မြောက်​ကားနှင့်​ ဘဝင်​​လေဟတ်​​နေ​လေ​တော့သည်​ ။

လမ်းတွင်​ ​တွေ့သမျှလူအားလုံးကိုလည်း ​ခေါင်းတငြိ​မ့်​ငြိမ့်​နှင့်​ သွားဖြဲပြ​နေ​လေ၏ ။

တစ်​ခုခု​တော့ ထူးခြား​နေ​လေပြီ ။

မောင်​ဆာမိ ​စိတ်​​ဖောက်​ပြန်​သွား​လေပြီလား ????

သို့တည်းမဟုတ်​ …

အောင်​ဘာ​လေထီ ၁၅ကြိ​မ်​ဆက်​တိုက်​​ပေါက်သဖြင့်​ ​ဂေါက်​​ဖောက်​သွား​လေပြီလား ????

.

.

.

 

မဟုတ်​ပါ ။

ထီ​ပေါက်​သည့်​အသွင်​​တော့ အနည်းငယ်​မျှ မရှိပါ ။

လွန်​ခဲ့​သော သုံး​လေးရက်​ကပင်​ သမိန်​ဘလက်​​ချော၏ လက်​ဘက်​ရည်​အလှူပွဲ၌ သုံးခွက်​ဆင့်​​သောက်​၍ ကဗျာလွတ်​ဆွဲခဲ့​သေးသည်​ ။အမတ်​ဒိန်​​မှ အားနာသဖြင့်​ လက်​တို့ယူရသည်​အထိပင်​ဖြစ်​ခဲ့ရသည်​ ။

ဤသို့ဆိုလျှင်​ အဘယ်​အ​ကြောင်း​ကြောင့်​ ကြွတက်​​နေ​လေသနည်း ???

 

~~~~~~~~~~~~~~~~~~~~~~~~~~~

 

“” ဟလို .. သမိန်​ဘလက်​​ချောနဲ့စကား​ပြောချင်​လို့ပါ “”

 

” ​ပြော … ကဆာမိ .. ဘလက်​​ချောပါ “”

 

” ဆြာဘလက်​ကို လက်​ဘက်​ရည်​တိုက်​ချင်​လို့ အဲဒါ လာနို​င်​မလားခင်​ဗျ .. ”

 

” အန်​ !! ကြားသာမိုးကြိုး .. တယ်​ဟုတ်​ပါလား .. ​မောင်​ရင်​က ကျုပ်​ကို လက်​ဘက်​ရည်​တိုက်​မယ်​ဆို​တော့ အိမ်​မက်​များ မက်​​နေသလားဟ ”

 

” တကယ်​ပါ ဆြာဘလက်​ .. ကျ​နော့်​ရဲ့​အောင်​မြင်​မှုအတွက်​ ဆြာတို့ကို ပြုစုချင်​လို့ပါ “”

 

” ပြုစုမယ်​ဆိုလည်း ​ရေမီးစုံလုပ်​​လေ ကဆာမိရဲ့ .. ကျုပ်​အခုတ​လော အ​ညောင်းမိ​နေသကွဲ့ … မာဆတ်​​လေး ဘာ​လေး​ရောမပါဘူးလား ကွ ​ဟေး ​ဟေး …. ”

 

” ပါတာ​ပေါ့ ဆြာဘလက်​ရယ်​ ….  ဆြာ့အတွက်​ ပန်းဆိုးတန်းဂုံးတံတား​အောက်​က အနှိတ်​သယ်​ကို​ခေါ်ထား​ပေးသဗျ .. ​ညောင်းရင်​နှိတ်​တယ်​ နားဖာ​ချေးပါက​လော်​လို့ရတယ်​ဆြာ ​.. ကွိ ကွိ .. ”

 

“” ​တော်​   ​တော်​ … ​တော်​  ကဆာမိ .. ​အဲ့ဒါကြီးနဲ့​တော့ မနှိတ်​ပါရ​စေနဲ့ အ​ညောင်းလည်းမမိ​တော့ပါဘူး .. ကဲ​ပြော … ကျုပ်​ဘယ်​ကို လာရမလဲ ..”

 

” ~~®£¥×¥_£÷±>€¢¢ အဲ့ဒီဆိုင်​ကို လာခဲ့ပါ ဆြာဘလက်​ .. ”

 

~~~~~~~~~~~~~~~~~~~~~~~~~~~

 

 

ယခင်​ကလွန်​စွာ ကပ်​​စေးနဲလှ​လေ​သော ​မောင်​ဆာမိမှာ အထူးပင်​သ​ဘော​ကောင်း​နေ​လေသည်​ ။

အ​ကြောင်းမှာ ဤသို့ဖြစ်​​လေ​တော့သည်​ ။

.

.

.

၂၄ နာရီတစ်​ရက်​တွင်​ လူ​ပေါင်း ၂၀ မျှဝင်​​ရောက်​ဖတ်ရှု​လေ​သော “” မြန်​တျန့်​ဂဇွတ်​ “” ဟူ​သည့်​ ဝဘ်​ဆိုဒ်​ကြီးတစ်​ခုရှိ​လေသည်​ ။

အဆိုပါ ဝဘ်​ဆိုဒ်​ကြီးသည်​ နိုင်​ဂျန်​ဂါးတိုင်း​ပြည်​ကြီးတစ်​ပြည်​၌ အထင်​ကရတည်​​ထောင်​ထားသည်​ဖြစ်​​လေရာ အထူးပင်​ လူသိများ​ကျော်​ကြား​လေ​တော့သည်​ ။

ဝဘ်​ ဧကရာဇ်​ကြီးမှာကား မစ်​ဆာခိုင်​ဟု အမည်​တွင်​​လေ​သော ” သဂျိုင်​ခီး ” ပင်​ဖြစ်​​လေ၏ ။

 

မောင်​ဆာမိမှာ ငယ်​စဉ်​ကတည်းကစာ​ရေးဆြာရူး ရူး​နေခဲ့​လေရကား ….

အထက်​ပါဝဘ်​ဆိုဒ်​၌ ​ပေါက်​ပန်း​လေးဆယ်​ ထင်​ရာမြင်​ရာများ ​ရေးသားခဲ့​လေ​တော့၏ ။

မည်​သူမျှ မဖတ်​​သော်​လည်း ကိုယ့်​ဟာကိုယ်​ပြန်​ဖတ်​ခြင်းဖြင့်​ အား​ပေးပြီးလျှင်​ စာ​ရေးဆြာအဖြစ်​ ​သွေးနားထင်​​ရောက်​​လျှက်​ရှိ​လေသည်​ ။

ဤသို့လျှင်​ …

စာ​ရူးပေရူး အဖြစ်​နှင့်​သာမက အနုပညာသည်​အဖြစ်​ ကိုယ့်​ဟာကိုယ်​ ထင်​မှတ်​ထား​လေရာ လွန်​ခဲ့​သောရက်​ပိုင်းမှ လက်​ခံရှိ​သော စာတစ်​​စောင်​​ကြောင့်​ အထက်​ပါပုံစံအတိုင်းဖြစ်​သွားခဲ့ရ​​လေ​တော့သည်​ ။

 

အဆိုပါစာမှာ သဂျိုင်​ခီးမှ ​ပေးပို့လို​သော အီး​မေးလ်​ တစ်​​စောင်​ပင်​တည်း ။

အီ​မေးလ်​ကိုဖတ်​ပြီး​နောက်​ ​မောင်​ဆာမိတစ်​​ယောက်​ ​အရှင်​လတ်​လတ်​ဘဝ​ပြောင်းမတတ်​ဖြစ်​သွားခဲ့ရ​လေသည်​ ။

အ​ကြောင်းမှာ ….

” လွတ်​လပ်​​ရေး​နေ့ အထိမ်းအမှတ်​အဖြစ်​ အလင်္ကာ​ကျော်​စွာဘွဲ့ ချီးမြှင့်​လိုက်​သည်​ ” ဟု ​ရေးသား​ပေးပို့လိုက်​​သော​ကြောင့်​ဖြစ်​သည်​ ။

မောင်​ဆာမိမှာ အထင်​ကရပုဂ္ဂိုလ်​ကြီးများဖြစ်​​သော အလင်္ကာ​ကျော်​စွာ ​ရွှေ​မန်းတင်​​မောင်​ နှင့်​ အဖိုး သခင်​ကိုယ်​​တော်​မှိုင်း တို့ကဲ့သ်ို့ ဘွဲ့တံဆိပ်​အတူရ​လေပြီဟု မဖုံးနိုင်​မဖိနိုင်​ အူမြူး​နေခဲ့သည်​ ။

သို့နှင့်​ …… သမိန်​ဘလက်​​ချော နှင့်​ အမတ်​ဒိန်​တို့အား ပင့်​ဖိတ်​ပြီးလျှင်​ ​ရွှေပလ္လင်​လက်​ဘက်​ရည်​ဆိုင်​၌ တည်​ခင်းဧည့်​ခံ​လေ​တော့၏ ။

 

” စား  စား  ဆြာတို့ အားရပါးရသာစားဗျာ … ဒီက​နေ့အဖို့ ကုန်​ချင်​သ​လောက်​ကုန်​စမ်းပါ​စေ .. ​ကျွေး​ချင်​လွန်းလို့ ​.. ”

မောင်​ဆာမိမှာ အ​တော်​​လေး ​သဒ္ဓာတရားထက်​သန်​​နေ​လေပြီ ။

သမိန်​နက်​​ချောမှာ အံ့အားသင့်​စွာဖြင့်​ ….

” ​နေစမ်းပါဦး ကိုရင်​ဆာရဲ့ ခင်​ဗျား ဘာ​ကြောင့်​ဒီ​လောက်​ အူရွှင်​​နေတာလဲဗျ .. ရှင်းစမ်းပါဦး “”

 

မောင်​ဆာမိမှာ ​မေးမှ ​မေးပါ​လေစဟု စိုးရိမ်​​နေရာမှ ကြွားစရာအကွက်​ရလာသဖြင့်​ ခတ်​မိန့်​မိန့်​ပြုံးရင်း …

 

” ဟင်း ဟင်း  ကိုယ့်​လူအချင်း​ချင်း ကြွားတယ်​လို့​တော့ မထင်​နဲဗျို့ …. ကျုပ်​ မြန်​တျန့်​ဂဇွတ်​မှာ စာ​တွေ​ရေး​တာဆို​တော့ ဝဘ်​ဧကရာဇ်​သဂျိုင်​ခီးက ကျုပ်​ကို အားရ​ကျေနပ်​လွန်းလို့ ” အလင်္ကာ ​ကျော်​စွာ ” ဘွဲ့ကြီးချီးမြှင့်​သဗျာ … အဲ့သဟာ​ကြောင့်​ ဆြာတို့နှစ်​​ယောက်​ကို မင်္ဂလာသတင်း​ပေးရင်း ​ကျွေးရတာဗျို့ … ​ဟေး ​ဟေးးးးး ”

 

အမတ်​ဒိန်​မှာ မယုံသလိုဖြင့်​ မျက်​မှန်​​လေးပင့်​ရင်း …

 

” ပြစမ်းပါဦးဗျ … သဂျိုင်​ခီးရဲ့ အီး​မေးလ်​ ”

 

” ​ရော့ ဗျာ … အဲ့ဒီမှာကြည့်​ကြ ”

 

မောင်​ဆာမိမှာ လက်​ဘက်​ရည်​ကိုအရသာခံ​သောက်​ရင်း ​ခေါင်းခြင်းဆိုင်​လျှက်​ အီး​မေးလ်​ဖတ်​​နေ​သော သမိန်​ဘလက်​နှင့်​ အမတ်​ဒိန်​တို့အား ပြုံးစစနှင့်​ ကြည့်​​နေ​သည်​ ။

 

“” ဟား ဟား ဟား ဟား ….. ဖြစ်​မှ ဖြစ်​ရ​လေ အလင်္ကာ​ကျော်​စွာဆာမိရယ်​ ….

ဟား ဟား ဟား ဟား … ”

အမတ်​ဒိန်​တို့နှစ်​​ယောက်​ ဗိုက်​နှိတ်​ပြီးရီကြသည်​ ။သမိန်​ဘလက်​မှ …

 

” ဒီမှာ ကိုဆာ … ခင်​ဗျား မျက်​မှန်​ပါဝါလွဲ​နေပြီဗျ .. ပြန်​စမ်းခိုင်းဦး  ဟား ဟား …”

 

“ဘာလဲဗျ ခင်​ဗျားတို့က … ကျုပ်​ကို အသားလွတ်​​လှောင်​​နေကြပါလား ”

 

အမတ်​ဒိန်​မှာ မျက်​နှာပိုးသပ်​ပြီး​နောက်​…

 

” အီး​မေးလ်​ကို ​သေချာပြန်​ဖတ်​ပါဦး ကိုရင်​ဆာရယ်​ … ဟီးဟီး ”

 

မောင်​ဆာမိလည်း အီး​မေးလ်​အား တစ်​လုံးချင်းစာလုံး​ပေါင်း၍ ဖတ်​ပြီးသည့်​​နောက်​ …..

ဟိုက်​ !! ရှာလပတ်​ရည်​ ဟုပင်​မ​အော်​နိုင်​​အောင်​ မျက်​ဖြူလန်​သွား​လေ​တော့သည်​ ။

 

” သင့်​   အား   အ လ ကား ​ကျော်​စွာ ဘွဲ့  ချီး မြှင့်​ လိုက်​ သည်​ ” ဟု ……

.

.

.

.

.

.

ဤသို့လျှင်​ …

မြောက်​ပြန်​​လေ​လေးတိုက်​၍ ချမ်းစိမ့်​စိမ့်​ဖြစ်​လာ​လေတိုင်း အ​နွေးထည်​ဝယ်​ရန်​စုထား​သော ဖွတ်​ကလိဒင်္ဂါး ငါး​ထောင်​​ကျော်​အား အ​နွေးထည်​မဝယ်​ဘဲ လက်​ဘက်​ရည်​ဖိုးရှင်းခဲ့ရခြင်းကိုပြန်​​တွေးရင်း …….

ချစ်​လှစွာ​သော ဂွဇွတ်​သဂျိုင်​ခီးအား ​မေတ္တာအကြိမ်​ကြိမ်​ ပို့သလျှက်​ရှိ​နေ​လေ​တော့သတည်းးးးးးးး ….. ။

 

 

လေးစားလျှက်

 

 

 

 

 

 

 

 

 

 

ဖိုးသာထူး

About ဖိုးသာထူး

surmi has written 104 post in this Website..