ဒုက္ခ …………..
ဒုက္ခဆိုသည် အပေါင်းအသင်းအလွန်များသူဖြစ်လေ၏
ထို့ကြောင့် ဒီငနဲသည်ကျွန်ုပ်အပေါ်၌လည်းကောင် သင့်အပေါ်၌ လည်းကောင်း တစ်ကြိမ်တစ်ခါ မျက်စိမှောက်
ကြွရောက်ခဲ့ပြီဆိုပါလျှင် လူလွန်မသား ထိုငနွားကား တစ်ဦးတည်းမလာ အဖော်သဟာ ဆွေတစ်သောင်းနှင့်
ကောင်းကောင်းထိုးနှက် နှိပ်စက်တတ်သော စိတ်ရင်းမှန်ရှိသည့်အားလျှော်စွာ ကြေလန်ကွဲမှောက် အသက်ပျောက်
မတတ် ကျူးလွန် နှိပ်စက်တတ်သော သကောင့်သားတည်း။။။။။။။။
လူဟူသည်က ဒုက္ခအခက်အခဲနဲ့ တွေပလားဟေ့ ဆို အကုန်အခက်တွေ့ရလေတော့သည် လက်တွေ့ အနည်းငယ်
ပြောရသော် လကုန်ရက် အသုံးခက်ငွေမလောက် အဲဒီအချိန်လောက်ဆိုလျှင် ပိုက်ဆံမရှိပါဘူးဆိုမ ဖိနပ်ကပြတ်ပြီ၊
ရံခါတွင် ဆံပင်လည်းရှည်လေသည် ၊တစ်ခါတရံတွင်ကား မီးခြစ်က ဂက်စ် ကုန်တတ်၏ တိုင်ဆိုင်မှုများရှိလေသော်
သွားတိုက်ဆေးကုန်သဖြင့် ညှစ်လို့မှ မထွက် ဖြစ်တတ်၏ ဓိထက် ကံဆိုးလျှင်ကား သွားပွတ်တံတွင် အမွှေးဖွာ၍
အသစ်ဝယ်သုံးရမည့်အခြေအနေသို့ရောက်၏ ဖြစ်ခြင်တော့ ကိုယ်တိုက်ဆပ်ပြာက ပါးပါးလေးသာကျန်ကာ မကြေ
သွားစေရန်ဂရုတစိုက် သုံးရသေး၏ ဤသည်ကား ဖွတ်ကလိဒင်္ဂါး လွန်ရှားပါးသော ပြတ်တုန်းလတ်တုန်း (၂၃)ကဲ့
သို့သော ဒုက္ခကို မဆိုစလောက်မျှ ထောက်ပြခြင်းဖြစ်လေရာ စာမဖွဲ့သာခြေတကား။။။။
ထို့ပြင် ဒုက္ခ၏ အပေါင်းအသင်းကြီးမားပုံကို ရှေဝတ္ထု ပုံပမာပြု၍ ပြရသော်ကား ပဋာစာရီတည်းဟူသော အမျိုး
ကောင်းသမီးသည်ကား လင်သေ သားဆုံး ဘ၀တုံးရသကဲ့သို့ ဒုက္ခဟူဆိုသည့် ငနဲကား တစ်ယောက်ထဲအားရ
အောင် ထောင်းလို့မှမ၀ခင် သူ့အသင်းပင်းဆွေတော်ရင်းတို့ ထပ်မံထုထောင်း နှိပ်စက်ခြင်းအပေါင်းကိုပြုတတ်လေ
သည်တကား ။ ဤသည်ကားပြာဂလောင် ခတ် ပူဆွေးတတ်သော သဘောကြောင့်သာ ဒုက္ခအဖေါ်အပေါင်း ထပ်မံ
ထုထောင်ခြင်းကိုခံရသည် ဖြစ်ချေအံ လင်အတွက် ပူဆွေးချိန် ခိုင်ခိုင်မတ်မတ် မဆုံးဖြတ်နိုင်ခြင်းကြောင့် မှားသည်
ကျိုးကြောင်း သင့်မကောင်းကို ပြာပြာလူးလူး အရူးမိဝိုင်း ပြုလုပ်လေသဖြင့် သားငယ်ပါ ဆုံးရသောအဖြစ်တည်။။။။
။။။။။
ဒုက္ခကိုအောင်နိုင်ခြင်း
ဒုက္ခကိုအောင်နိုင်ခြင်းကား ကျွန်နုပ်ယူဆတင်ပြလိုသော အကြောင်းပုံပမာ ရှိလေသည်………..
ဗုဒ္ဒဘုရား ရှင်၏ ဟောပြောဆုံးမ ကြားသိမှတ်သားမိသမျှ ရှင်းလင်းတင်ပြရသော်——–
ဒုက္ခဟူသည်——ဆင်းရဲခြင်းတည်း
ဆင်းရဲခြင်ဟူသည်ကား အေးခြင်းပူခြင်းမှ စကာ ရေးသားပြမကုန်နိုင် စိတ်မခိုင်ဖြစ်ရှာမည်စိုးရလေတော့သည်
တစ်နည်းပြဆို ကျုပ်အလို ကတော့ဖြင့် ဒုက္ခနှင့် ဒုက္ခ၏ အဖေါ်အပေါင်းအား ပိုင်းခြားသပ်သပ် အပြတ်ရှင်းစေလို၏
ကျွန်နုပ် တို့သည် လူသာဘာဝ သံသရာမှာ ခြာလည်လှည့်ကြမည့် ငမိုက်သားများ စစ်စစ် ဧကန်ဖြစ်နေရသည်ကား
ထိုဒုက္ခဆိုသောတရားနှင့် လုံးခြာထွေးပတ် မတ်မတ်မှမရပ်နိုင် ဒုက္ခတရားစေစားရာ ၀ဲလယ်လယ် ကောက်ကောက်
ပါ မနစ်မွန်းကြစေခြင်းငှာ …..
ဒုက္ခဆိုသောငနဲ ဖြင် မတ်မတ်ပိုင်ပိုင်ရင်ဆိုင်ကြပြီဆိုမှဖြင် ဒုက္ခ အရှိတရားလက်ကိုင်ကာထားလို့ ဒုက္ခ၏ အဖေါ်
အပေါင်း ဒေါသ/မောဟ/မာန်မာနနှင့် ပူဆွေးကြောင်းရာ ကြိမ်မီးပမာသို့ ၀င်လာစုပေါင်း ထုထောင်နှိပ်စက် မငဲ့
ကွက်ပဲ မတ်မတ်ခိုင်ခိုင် ရင်ဆိုင်တွန်းလှန် ဒုက္ခ ၏အန္တရာယ် အသွယ်သွယ်အထပ်ထပ် ဆုံးဖြတ်ကြသမျှ အမှား
တွေ့ကြမည်စိုးသဖြင့် ခိုင်ခိုင်ကြည်ကြည် စိတ်ဝယ်တည်၍ ရင်ဆိုင်တွန်းလှန် ဆုံဖြတ်ချက်မှန်နိုင်ကြစေကြောင်း
ထပ်လောင်းသဒ္ဒါ ထောပနာ ပြုအပ်လေသတည်း။။။။။။။။။။

အခက်အခဲ ဒုက္ခတွေ ဘယ်လောက်ရှိပါစေ တည်ငြိမ်တည့်မတ် ဆုံးဖြတ်ချက်မှန်နိုင်ကြပါစေ…

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။ဘီလူး။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

About “ဘီလူးကြီး”ogre

has written 201 post in this Website..

စားချင်တာစား..ဦးနှောက်တော့လာမစားနဲ့ www.ogre08.blogspot.com