ဟောလိဝှဒ်က ၀တ္တုကတဆင့် ပြန်ရိုက်တဲ့ မှော်ဆန်ဆန်ကားတွေကာ တော်တော်လေး ပေါက်ရောက်ခဲ့ပါတယ်။

အထင်ရှားဆုံးပြပါဆိုရင် ဟယ်ရီပေါ်တာပါ။ ဟယ်ရီပေါ်တာလို နောက်ထပ်ထွက်လာတဲ့ ဇာတ်ကောင်က

ပါဆီဂျက်ဆင်ပါ။ ပါဆီဂျက်ဆင်ကတော့ ဟယ်ရီပေါ်တာလောက်မအောင်မြင်ခဲ့ပါဘူး။

 

ပါဆီဂျက်ဆင်ဟာ နတ်ဘုရားတွေရဲ့ ဇာတ်လမ်းနဲ့ ဆက်စပ်နေလို့ သိပ်မနှစ်သက်မိသလို။ ဟယ်ရီပေါ်တာ

နောက်ပိုင်းမှာ ၀တ္တုကနေ့ အသက်သွင်းခဲ့တဲ့ ဇာတ်ကားတကားဟာတော့ ကျတော့်အတွက် ခုထက်ထိ

မရိုးနိုင်တဲ့ ရသတစ်ခုပေးလို့နေပါသေးတယ်။ ဒီဇာတ်ကားလေး အကြော်ငးရေးမယ်ရေးမယ်နဲ့ အခုမှ ရေးဖြစ်

ပါတော့တယ်။

 

၂၀၀၈ ခုနှစ်က ထွက်ခဲ့တာမို့ ကြာခဲ့ပြီဆိုပေမယ့် မှတ်မှတ်ရရ အဲ့သည်ဇာတ်ကားထွက်ထွက်ချင်း Box Office မှာ

Top 1 ကိုချိတ်ခဲ့တာလည်း မှတ်မိပါသေးတယ်။ ဒီဇာတ်ကားဟာ မှောပညာနဲ့ သိပ်မဆိုင်သလို ၊ နတ်ဘုရားတွေ

နဲ့လည်း မဆိုင်ပါဘူး။

 

ဇာတ်ကားနာမည်ကတော့ “The Spiderwick Chronicles” ပါspiderwick_chroniclesthe_spiderwick_chronicles08

 

 

ဆိုင်မွန်ဆိုတဲ့ ကောင်လေးမှာ သူ့ရဲ့ အမွှာညီအစ်ကိုရှိပါတယ်။ ပြီးတော့ သူ့မှာ အစ်မတစ်ယောက်လည်း

ရှိပါသေးတယ်။ သူ့မိခင်ဟာ သူ့ဖခင်နဲ့ ကွာရှင်းပြီးနောက်ပိုင်းမှာ သူတို့ဘိုးဘွားပိုင် အိမ်တစ်အိမ်ကို ပြောင်း

ရွှေ့လာခဲ့ပါတယ်။

The-Spiderwick-Chronicles-2008_1409_15

ဆိုင်မွန်ရဲ့မိခင်ဟာ အိမ်ထောင်ကွဲသွားပြီဆိုတဲ့အကြောင်းဆို ဆိုင်မွန်ကို မပြောဘဲ လျို့ဝှက်ထားပါတယ်။

ဆိုင်မွန်တို့ ပြောင်းရွှေ့လာတဲ့ အိမ်ဟာ မြို့အစွန်တောအုပ်နားက အိမ်ကြီးတစ်အိမ်ပါ။ ယခင်က ဆိုင်မွန်အဘိုး

ဖြစ်သူပိုင်ဆိုင်ခဲ့တဲ့အိမ်ပါ။ ဆိုင်မွန် အဘိုးရဲ့ သမီး ဆိုင်မွန် အဖွားကတော့ ဘိုးဘွားရိပ်သာမှာ နေထိုင်ပါတယ်။

Spiderwick Chronicles

တစ်နေ့ ဆိုင်မွန်ဟာ အိမ်ကြီးရဲ့ နေရာတစ်ခုက အသံတစ်ခုကြားရာနောက်လိုက်ရင်း သေတ္တာတစ်လုံးကို

တွေ့ရှိခဲ့ပါတယ်။ သေတ္တာကို ဖွင့်လိုက်တဲ့အခါမှာတော့ စာအုပ်တစ်အုပ်ကို ဆိုင်မွန်တွေ့လိုက်ပါတယ်။ စာအုပ်ရဲ့

မျက်နှာဖုံးမှာတော့ “Spiderwick” မှတ်တမ်းဖြစ်ပါတယ်။ Spiderwick ဆိုတာ ဆိုင်မွန်အဘိုးဖြစ်သူရဲ့ နာမည်ပါ။the_spiderwick_chronicles09

 

ဆိုင်မွန်ဟာ စာအုပ်ကိုဖွင့်လိုက်တဲ့အချိန်မှာတော့ အမှားတစ်ခုကို ကျူးလွန်မိသွားတယ်ဆိုတာ မသိသေး

ပါဘူး။ ဆိုင်မွန်အဘိုးဖြစ်သူစာအုပ်ထဲက ပါတဲ့အကြောင်းအရာတွေဟာ လူ့ပတ်ဝန်းကျင်မှာ မမြင်နိုင်တဲ့

မှင်စာ ၊ ပြိတ္တာနဲ့ နတ်သမီးသေးသေးလေးတွေအကြောင်း အသေးစိတ် ရေးထားတဲ့စာအုပ်ဆိုတာ……………..။

Spiderwick-Chronicles-p14still-of-sarah-bolger-and-freddie-highmore-in-the-spiderwick-chronicles-(2008)-large-picture

မှင်စာ တွေ ပြိတ္တာေးလတွေပါတာမို့ ကျွန်တော်တို့ ပရလောက အယူအဆလေးတွေလည်း အနည်းငယ်

ပါဝင်နေပါတယ်။ ယုတ္တိရှိရှိဇာတ်ကားလေးတစ်ကားလည်ဖြစ်တာမို့ စွန့်စားခန်း နဲ့ သည်းထိတ်ရင်ဖိုအပါအ၀င်

တွေးစရာလေးတွေပါတာမို့ ဒီဇာတ်ကားဟာ ကလေးအကြိုက်ဇာတ်ကားတစ်ကားထက် ပိုတာမို့ မမေ့သေးဘဲ

ကြိုက်နှစ်သက်မိနေတဲ့ ဇာတ်ကားတစ်ကားအဖြစ် ကျွန်တော်အမှတ်ရနေဆဲဖြစ်ပါတယ်။

 

လေးစားစွာဖြင့်

အောင်မိုးသူ

အောင် မိုးသူ

About အောင် မိုးသူ

ဘကြီး အောင် has written 204 post in this Website..

နာမည်အရင်းကော ကလောင်နာမည်ကော အောင်မိုးသူပါ။ လူဆန်တဲ့ လူ့ဘ၀ထဲမှာ နေထိုင်တဲ့လူတစ်ယောက်ပါ။