“အဲဒီကား အရမ်းကောင်းတာ။ ကြည့် ကြည့်ပါ။ တကယ်ပြောတာနော်။”

 

ကိုင်း..ဒါဆို စပွိုင်းမပါတော့ဘူး။ အဲဒီလို တုံးတိတိကြီးကျတော့လည်း

ဘယ်သူက စိတ်ဝင်စားမှာလဲ။ ငယ်ငယ်က ဖတ်ဖူးတဲ့ ရွှေသွေးတစ်

စောင်မှာ စိန်မျောက်မျောက်က ရုပ်ရှင်လက်မှတ်ဝယ်ဖို့ နောက်ဆုံးက

တန်းမစီချင်တာနဲ့ ရုပ်ရှင်ဇာတ်လမ်းကို မဟုတ်က ဟုတ်က လျှောက်

ပြောပြီး လူတွေ ထွက်သွားအောင် လုပ်တာ ဖတ်ဖူးတယ်။ ကိုယ်ကတော့

သူများ ပြောပြလေ ပိုကြည့်ချင်လေပဲ။ သို့သော် စပွိုင်း မဖြစ်အောင်တော့

ကြိုးစားရေးပါမယ်။

 

ဒီဇာတ်ကားကို ရုံတင်သွားတာတောင် ကြာလှပေါ့။ ကြည့်လည်း ကြည့်

ဖူးကြမှာပါ။ ကိုယ်ကြိုက်တဲ့ကားမို့လို့ ညွှန်းရပါဦးမယ်။ မကြည့်ရသေး

သူများအတွက်ပေါ့။

 

Sicario ဆိုတာ လက်တင်စကား၊ ရောမ စကားကနေဆင်းသက်လာ

တာတဲ့။ ဓားမြှောင်ကိုင်တဲ့ လူသတ်သမားပေါ့လေ။

အက်ဖ်ဘီအိုင်အေးဂျင့် ကိတ်မေဆာ(အင်မလီ ဘလန့်) က စာအုပ်ကြီး

သမား တစ်ယောက်ပါ။ အရီဇိုးနားပြည်နယ်က ချန်ဒလာ မှာ ပြန်ပေးဆွဲ

သူတွေခိုအောင်းနေတယ်လို့ သံသယရှိတဲ့ အတွက် သူတို့အဖွဲ့ ဝင်ရောက်

စီးနင်းပါတယ်။ အဲဒီမှာ အိမ်မှာ အသတ်ခံထားရတဲ့ အလောင်းပေါင်း

နှစ်ဆယ်ကျော် တွေ့ရှိပြီး ရှာဖွေရင်း ဗုံးတစ်လုံးကွဲတဲ့ အတွက်ကြောင့်

အေးဂျင့်နှစ်ယောက် ကျ သွားပါတယ်။
ကိတ်ရဲ့ အထက်အရာရှိ ဂျန်နင်း က ဒီကိစ္စကို အဆုံးထိစုံစမ်းဖို့

အော်ပရေးရှင်း အဖွဲ့တစ်ခုမှာ ဗော်လန်တီယာ ဝင်လုပ်မလားလို့

မေးပါတယ်။ ကိတ်က သဘောတူတယ်။ အဲဒီအဖွဲ့ကို စီအိုင်အေ

ရဲ့ အထူးလျှို့ဝှက် ဆောင်ရွက်တဲ့ ဌာနခွဲက လူတစ်ယောက်ဖြစ်

တဲ့ မတ်ဂရေဗာ(ဂျို့ရှ် ဘရိုလင်)က ဦးဆောင်ပါတယ်။ သူက

ကာကွယ်ရေးဌာနရဲ့ အကြံပေးလည်း ဖြစ်သတဲ့။ ကိတ်အနေနဲ့

ဘာမှ ရေရေရာရာမသိပဲ မတ် ဦးဆောင်တဲ့ အော်ပရေရှင်းထဲ

ပါဝင်လာရပါတယ်။တက်စက် ပြည်နယ်က အယ်ပါဆို ကို သွား

တော့ မတ်အဖွဲ့ကလူတစ်ယောက်နဲ့ ကိတ်တွေ့ပါတယ်။

အလက်ဟန်ဒရို (ဘန်နစီရို ဒယ် တိုရို)တဲ့။ သူဘာလဲ ကိတ်

မစဉ်းစားတတ်ပါ။

 

နောက်တော့ ယူအက်စ် မြေပေါ်က ပြန်ပေးဆွဲ၊ လူသတ်၊ မူး

ယစ်ဆေးဝါးမှုတွေဟာ မက်စီကို(သူတို့ အသံနဲ့ မဟီကို ပေါ့)

က မူးယစ်ဂိုဏ်းကြီးတွေနဲ့ ပက်သက်နေတာကို ကိတ် နား

လည်လာပါတယ်။ မတ် တို့အဖွဲ့က စာအုပ်ကြီးအတိုင်း၊ ဘောင်

နဲ့မူနဲ့ လုပ်တဲ့အဖွဲ့ မဟုတ်ဘူး။ ဒီတော့ ကိတ်ဟာ အလက်ဟန်

ဒရို နဲ့ မတ်ကို သံသယဝင်ပါတယ်။ မတ်ကတော့ သူ့နည်းသူ့

ဟန်နဲ့ပဲ ပုန်းနေတဲ့ သားကောင်ကို ခြောက်ထုတ်ဖို့ ဘယ်လို

နည်းဖြစ်ဖြစ် သုံးမှာပါ။

 

ဒီဇာတ်ကားကို မက်စီကို နဲ့ ယူအက်စ် နယ်စပ်က ဝါရက်ဇ်မှာ

အခြေတည်ပါတယ်။ ဆယ်စုနှစ်နှစ်ခုကျော်လာတဲ့ မက်စီကို

ရဲ့ မူးယစ် ပြဿနာဟာ ၂၀၀၅ ခုနှစ်နှောင်းပိုင်းက စလို့ အရှိန်

တက်လာတာ ၂၀၁၀မှာ အမြင့်ဆုံးဖြစ်လာပါတယ်။ အစိုးရအဖွဲ့

ရယ်၊ မူးယစ်ဂိုဏ်းတွေကြားထဲက တိုက်ခိုက်မှုတွေဟာ အလွန်

ပြင်းထန်ခဲ့တာပေါ့။ လူသတ်မှုတွေ၊ လူပျောက်မှုတွေဟာ ကြောက်

ခမန်းလိလိပါပဲ။ ၂၀၁၀မှာ လူဦးရေ တစ်သန်းခွဲလောက်ရှိတဲ့ ဝါ

ရက်ဇ်မှာတင် လူသတ်မှု ၃၀၀၀ ရှိခဲ့ပါတယ်။ ပျောက်ဆုံးတာတွေ

မပါသေးပါ။ ခု ၂၀၁၅ မှာတော့ လူသတ်မှု ၃၀၀ထိ ကျဆင်း

သွားပါပြီ။

 

သရုပ်မှန် အက်ရှင် ဇာတ်လမ်းဖြစ်တဲ့အတွက် အင်မတန်ကြည့်

ကောင်းပါတယ်။ ရမ်ဘို တို့ အာနိုးတို့လိုတော့ မတရားကြီးပစ်

ခတ်နေတာတွေ မပါပါဘူး။ ဒါပေမဲ့ သရုပ်ဆောင်ပိုင်း၊ ဇာတ်လမ်း

ပိုင်း၊ တင်ပြပုံအပိုင်းတွေ အလွန်ကောင်းတဲ့အတွက် ကြည့်ပြီးရင်

တုန်လှုပ်ကျန်ခဲ့မှာ အသေအချာပါ။ တေလာရှရီဒန် ရဲ့ဇာတ်လမ်း

ကို ဒါရိုက်တာ Denis Villeneuve က ဒေါ်လာ သန်းသုံးဆယ်

အကုန်ကျခံ ရိုက်ကူးပါတယ်။ လက်ရှိဝင်ငွေ သန်းရှစ်ဆယ်

ကျော် ပြန်ရထားပြီးတော့ အိုင်အမ်ဒီဘီမှာ အဆင့်သတ်မှတ်

ချက် ၇.၈ တောင် ရရှိထားလို့ ကားကောင်းတစ်ကားဆိုတာ

ထပ်ပြောဖို့ လိုမယ်မထင်ပါ။

sicario_poster

About မောင်ဘလိုင်

has written 132 post in this Website..