ခုတလော ဆိတ်မပါလို့ ပို့စ်မတင် စဉ်းစားထားပေမဲ့ ယဉ်ထဲ ကျ လိကျ လိ ဖြစ်လွန်းလို့ တိုတိုတုတ်တုတ် ရေးလိုက်တယ်။ ကချင်မှာ ဘိန်းခင်း သွားဖျက်တဲ့လူအုပ်ကို ဦးစခုံတိန့်ယိန်း နယ်ခြားစောင့်တပ်က မိုင်းခွဲ၊ သေနတပစ်လို့ လူ၃၀ကျော် ထိခိုက်ဒဏ်ရာ ရတဲ့သတင်း။ အဲဒီ နယ်ခြားစောင့်ဗိုလ် သားအဖ၂ယောက်စလုံး ဖွတ်ပါတီက အမျိုးသားလွှတ်တော် နဲ့ ပြည်သူ့လွှတ်တော်အမတ်တွေ။ ရွေးကောက်ပွဲကာလ အန်အယ်လ်ဒီပါတီ စည်းရုံးရေးဆင်းတော့ ပေးမဝင်ဘဲ ရိုက်လွှတ်တဲ့ မဲခိုးသားအဖ ဘိန်းဓါးပြ အမတ်တွေပေါ့ဂျာ။ နိုင်ငံဒေါ်ကို ကာကွယ်စောင့်ရှောက်နေတယ်၊ ငါတို့မရှိလျင် တိုင်းပြည်ဘာဖစ်သွားမလဲ အော်နေတဲ့စစ်တပ်က မအားဘူး၊ ရှမ်းပြည်မှာ သူပုန်ခြင်း ပစ်ကြခတ်ကြတော့ အဲဒီနေရာ အချိန်ကောင်း ဝင်လုနေရာဦးနေရတယ်။ ဟုတ်တယ်လေ တိုင်းရင်းသား လက်နက်ကိုင်က ဘိန်းထက် ပိုအံတရယ် ကြီးသကိုး။ အကြောင်းသိရင်တော့ အံ့သြစရာ မရှိ၊ နိုင်ငံရေး အကျဉ်းသမားတွေကို စစ်ထောက်လှမ်းရေးမှာ ဥနှောက်ဆေးတဲ့အခါ နိုင်ငံရေးဆိုတာ ဘိန်းထက် ပိုဆိုးကြောင်း ဝါဒဖြန့်တာ ကြားဖူးမှာပေါ့။ ဘိန်းကြောင့် တိုင်းပြည် ချမ်းသာနေရင်လဲ ထားတော့၊ ဗူးလေးရာ ဖရုံဆင့် တတိုင်းပြည်လုံး ဆင်းရဲမွဲတေ ရတဲ့ကြားထဲ အကျင့်စာရိတပါ ပျက်ပြားနေတာတောင် တိုင်းပြည်ချစ်လို့ အသက်စွန့် စစ်ထဲဝင်ပါတယ် ဆိုတဲ့ ငိုးမသားစစ်တပ်က အာဏာတည်မြဲရေး အခွင့်ထူးခံဘဝ မဆုံးရှုံးရေး ငါ့တဖို့ထဲကြည့်ပြီး ဘိန်းစားဘဝကို ခံတယ်။ ကလားဆို ထစ်ခနဲ ထထလာတဲ့ ယိုးမ ၉၆၉တွေ ( မဘသပါ ဆဲချင်တာ.. သင်ကန်းကိုကြောက်လို့)၊ အချုပ်အခြာအာဏာကို ထိလာရင် စစ်တပ်ဘက်က ရှိမယ်ဆိုတယ် ကြက်ဥကြော်တွေ တကောင်တမြီးမှ မလှုပ်ဘူးဗျာ။ ဘိန်းခင်းသွားဖျက်တဲ့ ကချင်လူအုပ်နေရာ ဗမာဖြစ်ပြီး မိုင်းခွဲတဲ့သူ ကလားဖြစ်ကြည့်ပါလား ရဲရဲတောက်ထွက်လာ အရိုးစည်းရိုးထိုးပြကြမည့် မျိုးညစ်တွေ။ army13

ဒီနေ့ပဲ သတင်းမှာ ဖတ်ရတယ်…။ လွှတ်တော်မှာ ဖွတ်ပါတီက အရေးကြီးအဆိုတင်တော့ အဆိုးဓမြအဖွဲ့က လာရှင်းလင်းတင်ပြတယ်။ အန်အယ်လ်ဒီကတင်တော့ မလာဘူး။ ပျံ ကြားရေးဝံကျီး ဦးရဲထွတ် ဘာပြောသလဲဆိုရင် နာဂစ်ခြေခံဥပဒေမှာ အစိုးရဖွဲ့က နောက်ရွေးကောက်ခံရတဲ့ လွှတ်တော်ကို တာဝန်ခံရမလား တိတိကျ ကျ ပြောမထားဘူးလို့တဲ့။ ယောက်ျားတန်မဲ့ သူမို့ ပြောရက်တယ်နော်။ မြန်တြံ့စစ်တပ် သောက်ကျင့်ကိုက မျိုးမမှန်တော့ ပင်မသန်ဘူးလေ။ နိုင်ငံရေး တွက်ဆလျင်တော့ ၂မျိုးထွက်တယ်။ (၁) အာဏာလွှဲခါနီးလေ ဆူဆူပူပူ ဖြစ်ချင်လေ၊ (၂) စစ်တပ်နဲ့ ဒေါ်စု အပေးအယူတဲ့ခါနီးလို့ အဝေးက ပုဆိုးလှန်ပြတဲ့ သဘော။ ဘယ်ဟာဖြစ်ဖြစ် မင်းတို့ နောက်ကျသွားပြီ။ (၁) ဒေါ်စု သမတဖြစ်မည် (၂) အန်အယ်လ်ဒီ အစိုးရဖွဲ့မည်။ (ပြည်ဒေါင်စု၊ ပြည်နယ်တိုင်း အားလုံး)

ဒေါ်စုက သူ့ကို သတ်မည် ခြိမ်းခြောက်တဲ့ တောင်ငူက ဒုတိုင်းမှူးသားကို ကြေအေးခွင့်လွှတ်လိုက်တယ်။ တချိန်ထဲမှာ ကာချုပ် မအလကို ဆဲသူကြတော့ ထောင်ချ ခံရတယ်။ အဲဒါ မတိုင်ခင်ကလဲ ဒီချုပ် ဗဟိုကော်မတီဝင် စာရေးဆရာ ဦးထင်လင်းဦး ဘုန်းကြီးကို စော်ကားလို့ ဆိုပြီး ထောင်ချခံတယ်။ ဒါတွေ မြင်တော့ တသက်လုံး သူများ ကိုယ်ထိလက်ရောက် အနိုင်ကျင့် စော်ကားလာပြီး ကိုယ့်အလှည့် အပြောလေးလဲ ခံရရော ဆတ်ဆတ်ထိမခံ နာတတ်တဲ့ မြေအိုးစစ်သား၊ ဘုရားသားတော် အရည်ခြုံ လျက် ခွင့်လွှတ်ခြင်းတရား မမွေးနိုင်တဲ့ မဘသဘုန်းကြီး၊ တိုက်ပွဲ ဖြစ်လို့ ကိုယ့်လူအထိအခိုက်များမှ သနားဂရုနာစိတ်ဝင် ငြိမ်းချမ်းရေးစကား ပြောရကောင်းမှန်းသိတဲ့ မြန်တြံ့ပရိတ်သတ်…

ဒီတော့ဗျာ… ဘာမှ သောက်ကျီးသောက်ကြယ် ပြောမနေဂျပါနဲ့… ဘိန်းစား စစ်တပ် စစ်တပ် ဘိန်းစား။ လူ ဘီလူးဖြစ် မဘသ ဘုန်းကြီးဖြစ်.. ဒါနဲ့ပဲ သူတော်ကောင်းတွေ မနေနိုင် နိုင်ငံခြားရောက်ကုန်ရော…။

 

 

ဦးကြောင်ကြီး

About ဦးကြောင်ကြီး

အောင်ကြူး has written 586 post in this Website..

ပန်းတပွင့် လှမ်းအစွင့် နမ်းအလင့်မှာ........... ဟတ်ချိုး ဟတ်ချိုး