ဒီ တစ်ခေါက် လေဆိပ်မှာ ကြုံရတာလေးး တစ်ခုပေါ့နော့.. ရန်ကုန်လေဆိပ်မှာပါ..

အမှန်တော့ အခေါက်တိုင်းး ကြုံတဲ့ အဖြစ်အပျက် တစ်ခုပါ.. ပြန်ပြောပြချင်တာ..

သာမာန်အားးဖြင့်တော့ ဒီလိုစာတွေ ရေးးလေ့မရှိပါဘူးးး

ဘယ်ကိစ္စမဆို နားအေးးပြီးးရော ကွန်ပလိန့် သိပ် မလုပ်ဘူးးး ရှောင်နိုင်ရင် ရှောင်နေပါတယ်.. ခု ဒီ ကိစ္စကျ ရှောင် မရဘူးးးး

ခင်ဇော် ပဲ မှားးတာလားး အထင်လွဲမိတာလားးပေါ့လေ…

ပြန်တိုင်းး ခင်ဇော် ကျောပိုးအိတ် လွယ်ပါတယ်.. အထဲ မယ် ပီစီ (သို့) တက်ပလက် (သို့) hard disk စသည်ဖြင့်ပေါ့.. အလုပ် အတွက်နောက်ကြောင်းး မအေးးတာမို့ ပါ.. ပြီးးရင် ပတ်(စ)ပို့ နဲ့ လက်ဝတ်လက်စား အနဲငယ် ကိုယ်နဲ့ မကွာ ယူပါတယ်.. ရွှေနိုင်ငံ က ခါးးတွေရဲ့ လက်မြန်မှု ကို ကြားဖူးထားတာမို့ ကိုယ်မှာ မဝတ်ပါဘူးးး..

လဲ ဝတ်ချင်တဲ့ ပေါက်စနိုး ပေါက်စနလေးးတွေ မို့ အဖိုးမတန်ပေမယ့် ၂ စုံ ၃ စုံ သယ်လေ့ရှိပါတယ်..

ဘာလို့ Laggage ထဲ ထည့်ပြီးး check in မလုပ် သလဲ ဆိုရင် ဇော်သန့် ကိုယ်တိုင် ၂ ခါပျောက်ဖူးးတာပါ.. Laggage ထဲ က တက်ပလက် တစ်ခါ hard disk တစ်ခါ အိတ်ထဲက ပုံစံ မပျက် ပျောက်သွားးတာမို့ပါ.. အိတ်ထဲ ဘယ်နားး ဘာပါလဲ စကင်ဖတ်နိုင်သူများးမှ မြင်ရတာ ကလားးးး

ဥစ္စာပျောက် သူများစွပ်စွဲရင် ငရဲရောက်သမို့ မထင်ရဲပါဘူးနော့…

:chee:

အဲ .. အဲဒီ သင်ခန်းစာတွေကြောင့် Hand carry ဖြစ်တဲ့ အိတ်ထဲမှာ သယ်တော့ ခင်ဇော် တက်ပါတယ်

ပတနာာာာာ…

အသွားးမှာ ဒါ ဘယ်သူ့အိတ်လဲ ဆိုတာလောက်မေးးပြီးး မျက်လုံးစိမ်းနဲ့ ကြည့်တာလောက်နဲ့ ပြီးသွားပေမယ့် အပြန်မှာတော့….

“ဟို အိတ် ဟို အိတ် ပြန်ဖြတ်”

စကင်နာ အောက် က ကိုယ့်အိတ်လေးး ထွက်လာလို့ ယူမယ် အလုပ် ကိုယ်တော်တွေ က အော်ပါတယ်…

ငင့်..! နာ့ အိတ် ဘာဖြစ်လို့ပါလိမ့်?? ပြန်ဖြတ်ပေးးလိုက်ပါတယ်.. :roll:

“ရတနာတွေ ဒီလောက် အများကြီး ဘာလို့ သယ်လာလဲ”

ဟိုက်!!!!!!!!!!!! မေးပုံ က မှောင်ခိုသမား ခင်ဇော် ဘဝ ချက်ချင်းရောက်သွားနိုင်တယ်…

:dd:

ခါတိုင်းဆို ခင်ဇော် သိပ်စိတ်ရှည်ပါတယ်.. အခေါက်တိုင်းလည်းး စိတ်ရှည်လက်ရှည် ရှင်းပြတယ်..

ခုလည်းး အရင်ရှင်းးပါတယ်..

“မောင်လေးတို့ ဒါ ရတနာတွေ မဟုတ်ပါဘူးး…..

အများကြီးလည်းမဟုတ်ဘူးး အမ တနိုင်ဝတ်တဲ့ လက်ဝတ်လက်စားးသေးးသေးးလေးးတွေပါ.. အလဲအလှယ် နဲ့ ဝတ်မှာမို့ များတယ်ထင်ရတာပါ”

“အဲဒါဆိုလည်းး ဝတ်ထားးလေ.. အမှန် ဒီလောက်ကြီးး သယ်ရင်တော့ စစ်ရမှာပဲ”

ငင် ..!! ဖြဲ သဟ..!! ???

မနက် ၄ နာရီ ထ လာလို့ စိတ်တိုနေတာပါဆို…. ??

“မင်းတို့ ဟာက လွန်တာပေါ့.. အမ က လက်ဝတ်လက်စားတွေ ကို အရူးမလို တပြွတ်ကြီးး ဝတ်လာရမလားးး .. ချိန်းတွေ ဝတ်နိုင်တယ်ထားဦး .. နားးပေါက် က ၂ ဘက်ပဲရှိတာ .. ကျန်တဲ့ အစုံတွေ ဘယ်လို ဝတ်ရမတုန်းး ရှင်းးပြကြဦးးး တော်ရုံပဲကောင်းးတယ်.. ရွှေအချောင်းလိုက် သယ်တဲ့သူတွေကျ မင်းတို့မိသလားးး လွှတ်ပေးးလိုက်တာပဲ မလားးး??”

နဂိုကမှ စကားးက ဆိတ်ချီးးပါ သလို များးတဲ့သူ စိတ်တိုတော့ တဖွတ်ဖွတ်ကို မြည်တွန်တောက်တီးးလိုက်မိရော…

“ဒီလို မပြောပါနဲ့ အမ.. ကျနော်တို့လည်းး တာဝန်အရပါ”

“တာဝန် အရဆိုလည်းး ငါ့ တစ်ယောက်တည်းးဝိုင်းးပြီးး တာဝန်ရမနေကြနဲ့.. ခု ဘာတုန်းး အိတ်ဖွင့်ပေးးရမှာလားးး???”

သူတို့ဟာ သူတို့ လည်းး ဝူးးဝါးးဝူးးဝါးး

မပြတ်မသားးနဲ့ ကိုယ်တိုင်ကလည်းး မွှန်ထူနေပြီးး အိတ်ကိုလွယ်ပြီးး Check in counter ဘက် ဆက်ထွက်ခဲ့တယ်.. ပြီးးပြီပေါ့…!!!

အိတ်ကြီးးတွေ ကို check in အပြီးး လူ ပုပု တစ်ယောက် လာရပ်တယ်.. ဘေးးနားးမှာ..

“ညီမ က Passenger လားးး”

ကိုယ်လည်းး ကြောင်တောင်တောင်နဲ့ “ဟုတ်ပါတယ်”

“ခုန က အိတ် အစစ်မခံဘူးလို့ ပြောလို့”

ကတောက်..!! ဒေါသက ဂိတ်ဆုံးးရောက်..!!!

နာ့မြန်းး ရှက်ရှက်နဲ့ မောင့်သဘော လုပ်မယ့် မီးမ မှတ်လို့…

အာ့နဲ့ အသံကိုမြှင့် သူ့အနားးတိုးးပြီးးး

“ဘယ်သူ ကပြောလဲ..??? ဘယ်ဟာကိုစစ်ချင်တာလဲ…?? ဘာကို ပြရမှာလဲ…?? မပြီးးသေးးဘူးးလားးး..?? “

ဟိ.. ကိုယ့်ဖိနပ်က တထွာလောက်မြင့်တာ သူကမော့ကြည့်ရသလေ..

ဗလ ကြည့်ပြီးး ဘာကို ပြမယ် ထင်သွားးတုန်းမသိ..!! ???

“မဟုတ်ပါဘူးး ဟိုကောင်တာမှာ အိတ်မပြဘူးးပြောလို့”

“အေးလေ.. မေးးတယ်လေ.. ပြန်မဖြေလို့ ထွက်လာတာာ.. အခု ဘာကြည့်ချင်လဲ..?? ဘာထုတ်ပေးးရမလဲ..?? စစ်ချင်တဲ့သူ အချိန်မရွေးးခေါ်ခဲ့..!! ဘယ် အချိန်ဖြစ်ဖြစ် အိတ်ဖွင့်ပြမယ်.. ဟုတ်ပလားးး?? “

အမယ်မယ် .. ခု ပြန်တွေးးတော့ ကြောက်လပ်ထှာဆွာလေ… အဲ့တုန်းးက အိပ်ချင်မူးတူးးနဲ့ မို့ ထင်ရဲ့ ???

အာ့နဲ့ သူလည်းး မကျေမချမ်းးနဲ့ ပြန်ထွက်သွားးပြီးး လေယာဉ် ဒီလေးး ၂ နာရီ အတွင်းး ဘယ်သူမှ ရောက်မလာလို့ တော်သေးးး

သွေးးအေးးရင် မရှင်းရဲတော့ဘူးးလေ…

???

ပိုက်ဆံပဲ ပေးးလပ်မှာ.. နာ ဟဲ့ မန်းးလေးးသူ… !!!! ???

ဒါနဲ့ မေးးချင်တာက လေဆိပ်က အထွက်

ရွှေငွေကျောက်မျက် ဘယ်လောက်ထိ ယူရမယ် မယူရဘူး သတ်မှတ်ချက်တို့ ဥပဒေ တို့ ရှိလားး??

ဘုရားဆင်းတုတော် ဉာဏ်တော် ၆” ကျော်ရင်တော့ ရှေးဟောင်းသုတေသီအဖွဲ့ရဲ့ထောက်ခံစာလိုတာသိတယ်…

ကိုယ်တွေ့ လေဆိပ်မှာ တနာရီနီးးပါးး ရှင်းခဲ့ရဖူးးလို့..!! ???

လက်ဝတ်လက်စားလည်းး ခါတိုင်း သွားဖြီးးလေးးနဲ့ ရှင်းပြလိုက်ရင် ပြီးခဲ့တာမို့ ဒီတိုင်းးပဲ သယ်ပြီးး ဝင်နေထွက်နေတာပဲ..!! ???

ပြောင်းလဲချိန်တန်ပြီမို့ တာဝန်အရဆိုတာတွေကို လေးစားဖို့ ကြိုးစားးနေချိန်မှ ဒီလိုလာဖြစ်တော့ ကွကိုယ်လည်းး အတော် စိတ်မကောင်းးဘူးး!! ???

စလုံးမှာဆိုရင် ဥပဒေသာ လိုက်နာ.. ဘယ်သူ့မှကြောက်စရာမလိုဘူးးး

တောက်ညင်ကပ် ပုဒ်မလည်းး မရှိဘူးးး

ကိုယ်လည်းး မဟုတ်တာမလုပ်ပဲ မျက်နှာချိုလည်းးမသွေးချင်ဘူးးး အရစ်လည်းး မခံနိုင်ဘူးးး ခြိမ်းသလို ခြောက်သလိုလည်းးး လာမလုပ်နဲ့ ဆိုတဲ့ စိတ်နဲ့ တာဝန်ရှိသူတွေ များး စော်ကားးမိသလားးလို့ ဒွိဟ ပြန်ဖြစ်နေမိတယ်… :roll:

 

 

 

ဇီဇီ

About ဇီဇီ

ဇီဇီ has written 331 post in this Website..

CJ # 129120