လူသားတွေရဲ့ကမ္ဘာက တိုးတက်လာတာနဲ့အမျှ .. လူသားရဲ့လောဘ နဲ့မောဟ ၀ါကြွားလိုမှုနဲ့ မာနက .ပိုပိုကြီးမားကျယ်ပြန့်လာတယ်…

သို့သော်…ကမ္ဘာဟောင်းရဲ့ လူတွေကြားမှာ အချင်းချင်းသိရှိနိုင်မှုက အကန့်အသတ်နယ်နမိတ် တစ်ခုအနေနဲ့ပဲ ရှိနေတုန်းပဲ ….အဲ့တာနဲ့ လူသားတွေက…မဆုံးနိုင်တဲ့ဝါကြွားမှုနဲ့ လောဘ တွေအတွက် ကမ္ဘာအတုတစ်ခုကို ဖန်တီးလိုက်ကြတယ်..ကမ္ဘာအတုက.လူသားလောဘကနေ ဖန်တီးလိုက်တဲ့ အပြောင်မြောက်ဆုံးလက်ရာတခုပါပဲ ….

အရင်ကမ္ဘာဟောင်းရဲ့ ဆက်သွယ်ရေးကိရိယာတခုက ကမ္ဘာအတုဝင်ပေါက်ရဲ့ သော့တွေဖြစ်လာတယ်…အပြိုင်အဆိုင်က ကမ္ဘာအတုဝင်ပေါက်ရဲ့ သော့တွေကစတယ်… တံဆိပ်အမျိုးမျိုး …အဆင့်အတန်းအမျိုးမျိုးနဲ့ …သော့တစ်ချောင်းအတွက်…ဘ၀အပျက်ခံရဲတဲ့သူတွေတောင်ရှိလာကြတယ်…


လူသားတွေရဲ့ မသိစိတ်ကဖြစ်တည်နေတဲ့ …အချင်းချင်း ရန်လိုမှုတွေ… ကြွားဝါလိုမှု ..အတုအယောင်တွေအကုန်လုံးက ကမ္ဘာအတုထဲမှာလွတ်လပ်စွာချပြလို့ဖြစ်နိုင်ပါတယ်..လူသားတဦးစီတိုင်းအတွက်…မာန..လောဘ..ဒေါသတွေကို ချပြနိုင်တဲ့ ..နံရံတံတိုင်းတခုစီ ..ကမ္ဘာတုထဲမှာပြိုင်ဆိုင်ကြတယ်…. နာမည်အမျိုးမျိုး အသွင်အမျိုးမျိုးနဲ့ ….အရောင်အ၀ါအပြည့်နဲ့ ..နတ်သား.နတ်သမီးတွေလိုမျိုး …ကမ္ဘာအတုထဲမှာ စစ်မှန်မှုဆိုတာ တခုမှမရှိပါဘူး…ချီးကျူးသံ ..အားကျသံဆိုတာတွေကလဲ …တကယ်တမ်းတော့ စွဲမက်စေတဲ့ ပျားရည်ဆမ်းထားတဲ့အဆိပ်တခုသက်သက်ပါပဲ…

လူသားတွေရဲ့ထူးဆန်းတဲ့စိတ်က …ကိုယ်ခန္စာလှပတဲ့သူတွေက …အလှအပတရားတခုအတွက်… ချမ်းသာကြွယ်ဝသူတွေက ..ပကာသနအတွက်…. ဆင်းရဲသူတွေက မာနတခုအတွက်…အာဏာရှင်တွေက ..အုပ်စိုးမှုအတွက်..ဘာမဆို ကမ္ဘာအတုထဲမှာ …လုပ်နေနိုင်တဲ့အတွက်….ကမ္ဘာအတုက …လူသားရဲ့အချိန်ကို စိုးမိုးစပြုလာတယ်….ကြာလာတော့ လူသားတွေပါ တုလာကျတယ်..လူသားဆန်မှုဆိုတာမရှိသလောက်ပါပဲ…..လူသားရဲ့အစစ်အမှန်ဆိုတာ ကမ္ဘာအတုထဲမှာ မျိုးသုန်းသွားတဲ့ တန်ဖိုးတခုသာသာပါပဲ ….

ကမ္ဘာဟောင်းရဲ့ ….အမြင့်မြတ်ဆုံးတန်ဖိုးတွေဖြစ်တဲ့ ..ချစ်ခြင်းတရား..ကြင်နာမှု.မေတ္တာတရား.အပြန်အလှန်နားလည်မှုတွေက ကမ္ဘာဟောင်းထဲမှာ ပျောက်ကွယ်စပြုလာတယ်…….ချစ်သူအချင်းချင်း…မိတ်ဆွေအချင်းချင်း…ကမ္ဘာအတုထဲက နံရံပေါ်ကစာတစ်ကြောင်းအတွက်…ရန်လိုလာတယ်….မနာလိုလာတယ်….
ကမ္ဘာဟာကြာလာတော့ မနေပျော်တော့ဘူး ….

ဒီစာကို …သူ့ကိုအချိန်မပေးနိုင်တော့တဲ့ ..ကမ္ဘာအတုထဲက လတစင်းအတွက် …အင်္ဂါဂြိုဟ်ပေါ်ကနေ.ဦးဆောရိုးရေးတယ်…

sorrow

About sorrow

has written 38 post in this Website..

သောကတွေနဲ့ ရက်ကန်းခတ်....မင်းခြုံဖို့အတွက် ပုဝါတထည်ရက်မယ်...နွေးထွေးပါစေ..ဟန်နေ