ပိုစ့်မတင်တာကြာလွန့်လွန်လွန်းလို့
ဘယ်လိုတင်ရမှန်းတောင် ခပ်မေ့မေ့…
မနည်း ပြန်သင်ယူရတယ်…


ကျုပ်တို့ပြည်သူတွေရွေးတဲ့ ပြည်သူ့ကိုယ်စားလှယ်တွေက
ပြည်သူ့ကိုယ်စား  သမ္မတလောင်းကို ရွေးပေးလိုက်တာအပေါ်မှာ အင်မတန်အားရကျေနပ်မိတယ်..
(အဲဒါမျိုး ကိုယ့်သက်တမ်း ငါးဆယ်စွန်းစွန်းမှာ အခုမှ စကြုံရတာ..)
အဲဒါ.. ပီတိလေး ဖြစ်မယ်မှမကြံသေး –
မလိုတမာ သတင်းဌာနတွေက နာမ်နှိမ်ပြီးခေါ်ကြရေးကြကြောင်း ကြားရတော့
တော်တော်စိတ်ကသိကအောက်ဖြစ်မိတယ်..
ဒီထဲက တစ်ခုက-  အရင်ဒရိုင်ဘာလုပ်ဖူးသူ  လို့ ဆိုတော့
ဘယ့်နှယ် … ဒီလူကြီး ဘယ်တုန်းက ဒရိုင်ဘာလုပ်လိုက်ပါလိမ့်မလဲ  လို့တောင် ခေါင်းခြောက်မိသေး…
ပြီးတော့မှ- ဒေါ်စုကားကို မောင်းဖူးတာကို ဆိုလိုတာကိုး…

အော်…လောကကြီးနှယ်…
ဟိုးအရင်  သူ့အမေလင်တစ်ယောက်တုန်းက  အဘကြီးကလေးထိန်းဖူးတာကျတော့
ကလေးထိန်းဟောင်းလို့ ဘာလို့ မခေါ်ပါလိမ့်နော်…
အမ်း… အမ်း…
ထားပါတော့…
ကြိုက်သလိုသာခေါ်ပါ…
ကျုပ်တို့အဖို့တော့ ပြည်သူ့ကိုယ်စားလှယ်(တွေ)ကရွေးတဲ့သူဟာ
ဒရိုင်ဘာမကလို့  ဆိုက်ကားသမားဖြစ်ခဲ့စေဦးတော့ ဘာမှအရေးမဟုတ်
..

….

……..

သူခိုး မဖြစ်ခဲ့ဘူးရင် ပြီးတာပဲ …. !!!!!!!!!!!!!!!!!

 

 

 

(ဦးဦးပါလေရာ)

ဦးဦးပါလေရာ

About ဦးဦးပါလေရာ

parlayar 46 has written 74 post in this Website..

CJ # 3302011 2011/03/30 1:01:16 am