ကျွန်မ ၁၀တန်းတုန်းကပေါ့..

မျှော်လင့်ချက်က ဘာလဲဆိုရင် သင်္ချာမှာ အမှတ် ၁၀၀ အပြည့် ရချင်တာပါ…

 

စာမေးပွဲဖြေတော့ ပထမ ၂၅ မှတ်ဖိုး Multiple Choice ဖြေတယ် အိုကေတယ်..

၃ မှတ်တန် ၅ပုဒ် ဖြေတော့ ၁ပုဒ်က လုံးဝမရဘူး…

 

အဲမှာ ငါ ၉၇ မှတ်ပဲရတော့မယ် ဆိုပြီး အာရုံထွေးပြား အရှုံးကို တည်တည်ငြိမ်ငြိမ် ရင်မဆိုင်မိတော့ ကျန်တဲ့ ၅ မှတ်တန်တွေပါမှားပြီး … ၈၂ မှတ်နဲ့ပဲ ဂုဏ်ထူးထွက်ခဲ့တယ်…

 

စာမေးပွဲခန်းထဲက ထွက်တာနဲ့ ငိုလည်းငိုရတယ်..

ဒီနှစ်ကိုဖြတ်ချပစ်မလားလို့တောင် တွေးခဲ့တယ်…

 

ကျွန်မ သင်ခန်းစာ ရသွားတာကတော့ …

လူတစ်ယောက်ဟာ ဘဝမှာ အရှုံးကို စိတ်တည်တည်ငြိမ်ငြိမ်နဲ့ မရင်ဆိုင်နိုင်ရင် ကိုယ့်ရမဲ့အခွင့်အရေးတောင် ကိုယ့်ရှိပြီးသားအရည်အချင်းတောင် လက်လွတ်ဆုံးရှုံးနိုင်တယ် ဆိုတာပါပဲ…

 

အဲဒီအချိန်ကစပြီး ကျွန်မဟာ အရှုံးတွေကို တည်ငြိမ်စွာ ရင်ဆိုင်နိုင်အောင် စိတ်ကို practice လုပ်ခဲ့တယ်…

အကုန်လုံး မအောင်မြင်ပေမဲ့လို့ တော်တော်များတော့ အောင်မြင်ခဲ့တယ်…

 

ဘဝမှာ အရေးကြီးဆုံးက ကိုယ့်စိတ်ပါပဲ…

ကိုယ့်ရဲ့ရှုံးနိမ့်မှုတိုင်းက ကိုယ့်ကြောင့်သာဖြစ်တယ်…

 

သင့်ဘဝမှာ အရှုံးတွေ ခဏခဏ ကြုံနေရရင်တော့ ဖြေရှင်းဖို့ နည်းလမ်းမြန်မြန်ရှာပါ…

သင့်အရှုံးက သင့်ရဲ့အောင်မြင်မှုအတွက် အဖြေပါ…

 

☆ ဘဝထဲကနေ ဘာတစ်ခုမှ သင်ခန်းစာ မယူတတ်ရင်တော့ သင်အောင်မြင်နေလည်း အရှုံးသမားပါပဲ ☆

Kabyar Phyu Phyu

About Kabyar Phyu Phyu

Kabyar Phyu Phyu has written 7 post in this Website..