IMG_20160316_121452

 

 

 

 

 

 

 

 

 

 

 

 

မယုံမရှိနဲ့ဗျို့. . .

မနေ့(တပေါင်းလပြည့်နေ့)က မြင်လိုက်ရတဲ့ မြင်ကွင်းတစ်ခုက ကျုပ်ဖြင့်

ကိုယ့်မျက်စိတောင် ကိုယ် မယုံနိုင်လောက်အောင်ပဲ။

. . .

 

ဒါမဲ့ တကယ်ရေးချ တကယ်ကြီးဗျ။

 

.

.

.

.

.

.

.

.

.

.

.

.

.

.

ဆူးလေဘုရားလမ်းနဲ့ ကုန်သည်လမ်းထောင့်(ဗန္ဓုလပန်းခြံဘေး)မှာ. . .

ကားကလေးရပ်ပြီး ဗေဒင်ဟောစားတဲ့သူတစ်ယောက် ရှိနေတာ တွေ့ဖူးမပေါ့. . .

 

အေးးး မနေ့ နေ့လည်ပိုင်းက အဲ့ဗေဒင်ဆရာရှေ့မှာ

ကျုံ့ကျုံ့ လေး ထိုင်-လက်ဝါးလေးဖြန့်ပြပေးထားပြီး

ဗေဒင်ဆရာပြောသမျှကို တလေးတစားနဲ့

ထိုင် နားထောင်မှတ်သားနေတာ. . .

ဘယ်သူ မှတ်သတုန်းးးး

သင်္ကန်းဝတ်နဲ့ဘုန်းကြီးတစ်ပါးဗျ. . .

(တိန် တိန် ၂ခါတိန်)

အဲ့ ကိုယ်တော်- သက်တော်ကတော့ သုံးဆယ်ကျော်ပဲ ရှိမယ်ထင်ပါ့။

 

သို့ဂလို သို့ဂလို . . .

ဘုန်းကြီးတစ်ပါးက ဗေဒင်မေးနေတဲ့ မြင်ကွင်းကို မြင်ပြီး ကျုပ်ဖြင့် အတော် ကြေကွဲသွားသဗျို့. . .

ကျုပ်ကလေးခမျာ ဘုန်းကြီးကိုပဲ ပြေး ဦးချရတော့မလိုလို. . .

ဘုန်းကြီးရှေ့မှာ မိန့်မိန့်ကြီးထိုင်နေတဲ့ ဗေဒင်ဆရာကြီးပဲ ပြေး ဦးချရတော့မလိုလိုကို ဖြစ်လို့။

အိုးးးးဘယ့် ဗုဒ္ဓဘာသာဝင် သူတော်စင်. . .

 

အဲ့ဒီ မြင်ကွင်းကို ဓါတ်ပုံရိုက်ချင်တာ. . .

ပတ်တနာအရှာခံရမှာစိုးလို့ မရိုက်ခဲ့ရဘူး။ ဒီတော့ အနှီမြင်ကွင်းတော်ကြီးအား. . .

ဤခေါင်းတော်ကြီးနဲ့ဤမျက်စိတော်ကြီး သုံးကာ လှည့်ကြည့်လှည့်ကြည့်လုပ်၍ စိတ်မှတ်တမ်းတော် တင်ရင်း. . .

ပလို့တွေတော့ ဂျိကုန်ပြီလို့ တွေးတော်မူမိသည့်အပြင် ယခုပိုစ့်တော်ကိုပါ လက်တော်ဖြင့် . . .

ရေး တင်တော်မူလိုက်ရလေတော့. . .သတည်း. . .

 

သာာာာာာာာဓု. . .

သာာာာာာာဓု . . .

သာာာာာာဓု. . .

 

 

 

Thint Aye Yeik

About Thint Aye Yeik

Thint Aye Yeik has written 603 post in this Website..

Maung Thura @ သင့်အေးရိပ် CJ #5222013