လှေချည်​ကြိုး

ဓ​လေ့ ထုံးစံဆိုတာ
ရှေ့ကိုထိုးမထွက်​နိုင်​​အောင်
ခါးမှာလာချည်​ခံထားရတဲ့ ကြိုးတစ်​​ချောင်း ။
အချိန်​ကာလ ကသာ
တစ်​​ရွေ့​ရွေ့ ​ရွေ့​နေခဲ့
ငါတို့က ​နောက်​မှာကျန်​ခဲ့တာ
နှစ်​နှစ်​ဆယ်​ သုံးဆယ်​ ​လေးဆယ်​ငါးဆယ်
နှစ်​တစ်​ရာ နှစ်​ရာလည်းဖြစ်​ချင်​ဖြစ်​မယ်​ ။
ပြတိုက်​ထဲ အထည့်​ခံထားရတဲ့ လူအဖွဲ့အစည်း
အချိန်​ဘယ်​၍ ဘယ်​မျှ မတွက်​ဆတတ်​​တော့ဘူး​လေ ။
ခုမှ အိပ်​မက်​က လန့်​နိုး
ခရီးဆက်​ကြရ​အောင်​ ​ဆြော်​သ
လှေချည်​ကြိုးမဖြုတ်​ပဲ
အားတက်​သ​ရော ​လှော်​​နေ​တော့
ငါတို့ ​လှေ
ကမ်းစပ်​မှာပဲ တ၀ဲလည်​လည်​ ။

နေ၀န်းနီ
7:28 PM
2016 Mar 28

naywoon ni

About naywoon ni

naywoon ni has written 439 post in this Website..

နေ၀န်းတော့ နေ၀န်းပဲ..။ ဒါပေမဲ့ ရဲရဲနီနေတဲ့ အရှေ့ဘက်မိုးကုပ်စက်ဝိုင်းကထွက်ပေါ်လာကာစ နေ၀န်းနီ........... CJ # 7272010