Raymond

အမေရိကန်နိုင်ငံရဲ့ သမ္မတဟောင်း ဂျွန်အက်(ဖ်)ကနေဒီ ပြောခဲ့ဖူးတဲ့ စကားတစ်ခွန်းရှိပါသည်။ “ ကမ္ဘာပေါ်မှာ ပုံသေ တရားသေ သဘောတရားတွေကနေဖြစ်လာတဲ့ အောင်မြင်မှုတွေဟာ အနာဂတ် အတွက် တိုးတက်မှုလှိုင်းတွေလို့ ပြောလို့မရပါဘူး တကယ်ပြောနိုင်တဲ့အရာကတော့ လွတ်လပ်တဲ့ နိုင်ငံတွေက လွတ်လပ်တဲ့နိုင်ငံသားတွေရဲ့ မတူကွဲပြားခြားနားမှုတွေက ပေါက်ဖွားလာတဲ့ လွတ်လပ်မှုတွေ ကသာ အနာဂတ်အတွက် တိုးတက်မှုလှိုင်းတွေကို ဖော်ဆောင်ပေးနိုင်မယ်” ဆိုတဲ့စကားပါ။

မတူကွဲပြားခြားနားမှုဆိုတာ ဘဝရဲ့လက်ဆောင်မွန်တစ်ခုပါ။ အကယ်၍ လူသားတွေဟာ ပုံစံတစ်ခုတည်း အတွေးအခေါ်တစ်ခုတည်းရှိပြီး တူညီတဲ့စကားလုံးတွေပြောပြီး အပြုအမူတွေကအစ တူညီခဲ့မည်ဆိုပါက ကမ္ဘာကြီးသည် အသက်ရှင်ဖို့အတွက်တောင် ပျင်းရီငြီးငွေ့ဖွယ်ကောင်းသော နေရာကြီးတစ်ခုဖြစ်သွားနိုင်ပါသည်။ မတူညီသောသူတွေ ယှဉ်တွဲနေထိုင်းခြင်းအားဖြင့် ကျွန်ုပ်တို့အားလုံးဟာ မိမိကြိုက်နှစ်သက်ရာတွေကို ရွေးချယ်နိုင်ပြီး အသစ်အသစ်သော ကွဲပြားမှုတွေကိုလည်းမြင်တွေ့နိုင်ပါသည်။

မတူကွဲပြားခြားနားမှုတွေကပဲ ဂီတအနုပညာနယ်ပယ်တွေမှာ ခမ်းနားလှပသောတင်ပြမှု၊ အစားအစာနဲ့ပတ်သက်တဲ့ တီထွင်ဖန်တီးမှု၊ အံ့သြဖွယ်ကောင်းလောက်သော နည်းပညာဆိုင်ရာ တီထွင်ဖန်တီးမှုများနဲ့တိုးတက်မှုများကို သယ်ဆောင်ပေးခဲ့ပါသည်။ ၎င်းအရာများသည် လူသားများ၏ ဓလေ့ထုံးစံများ၊ ရိုးရာယဉ်ကျေးမှုများအပေါ်မှာလည်း အကျိုးသက်ရောက်မှုတွေ အများကြီးဖြစ်စေခဲ့ပြီး လူသားတွေရဲ့ဘဝနေထိုင်မှုတွေကို ပုံဖော်ရာမှာလည်း အထောက်အကူပြုတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေခဲ့ပါသေးသည်။

ထို့ကဲ့သို့ မတူကွဲပြားခြားနားခြင်းနဲ့ပတ်သတ်လို့ မိမိကိုယ်ကို ကွဲပြားခြားနားတဲ့သူလို့ ပြောလာတဲ့ လူငယ်တစ်ယောက်ရှိနေပါသည်။ သူကတော့ Ramon Barajas IIII ပါ။

Ramon ကို အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် လော့စ်အန်ဂျလက်စ်မြို့မှာ မွေးဖွားခဲ့သော်လည်း သူက စပိန်၊ အီဂျစ်၊ အိန္ဒိယ၊ မက္ကစီကန် နဲ့ ကိုရီးယားသွေးနှောသူတစ်ဦးဖြစ်ပါသည်။ အသက် (၂၅) နှစ်ရှိဖြစ်တဲ့ Ramon သည် ၂၀၁၆ ခုနှစ်မှာကျင်းပမဲ့ အမေရိကန်ကွန်ဂရက် ရွေးကောက်ပွဲ တွင် ဝင်ရောက်အရွေးခံမယ့် အမတ်လောင်းတစ်ယောက်ဖြစ်ပါသည်။ ထို့အပြင် သူသည် ကျောင်းသားခေါင်းဆောင်၊ လူငယ်စွန့်ဦးတီထွင်သူ၊ ပရဟိတအလှူရှင်၊ လူသားချင်းစာနာထောက်ထားသူ စွယ်စုံအနုပညာရှင်တစ်ယောက်အဖြစ်လည်း လူသိများပါသည်။ ကိုယ်တိုင်လည်း အမေရိကန်နိုင်ငံမှာရှိတဲ့ အာရှ၊ ဥရောပ၊ လက်တင်အမေရိက၊ အာဖရိက နဲ့ အရှေ့အလယ်ပိုင်း အစရှိတဲ့ နေရာအသီးသီးမှ လာရောက်နေထိုင်ကြတဲ့ သူတွေရဲ့ အမျိုးမျိုးသောယာဉ်ကျေးမှုတွေနဲ့ ရင်းနှီကျွမ်းဝင်သူဖြစ်ပြီး ယင်းကိစ္စရပ်များတွင် တက်ကြွစွာပါဝင် ဆောင်ရွက်သူတစ်ဦးအဖြစ်လည်းထင်ရှားပါသည်။

Ramon သည် မတူကွဲပြားခြားနားခြင်းအမြင်ကို လက်ခံကျင့်သုံးဖို့အတွက် ထောက်ခံအားပေးသူ တစ်ယောက်ဖြစ်တဲ့အပြင် အဲဒါဟာ နောင်အနာဂတ်တွင်လည်း ဆက်လက်ဖြစ်ပေါ်နေမယ့် ဖြစ်စဉ်တစ်ခုသည့်အတွက် ချက်ချင်းအကောင် အထည်ဖော်ဆောင်ရွက်သင့်တဲ့ လုပ်ငန်းစဉ်အဖြစ်လည်း သတ်မှတ်ထားပါသည်။ ဓလေ့ရိုးရာအားလုံးတွင် သာတူညီမျှမှုတွေရှိဖို့လိုအပ်တဲ့အချက်ကိုလည်း အလေးအနက်ထားသူတစ်ဦးဖြစ်ပါသည်။ သူ့အနေနဲ့ အသားအရောင်ခွဲခြားတာတွေ၊ သင်ဘယ်သူဆိုတာတွေက အရေးမကြီးပါဘူး၊ ကမ္ဘာပေါ်မှာ ရှိတဲ့ လူသားတိုင်းဟာ အဖိုးတန်တဲ့သူတွေဖြစ်ပြီး ၎င်းတို့ ကိုယ်တိုင်ပိုမိုကောင်းမွန်တဲ့ လူ့အဖွဲ့အစည်းကို ဖန်တီးနိုင်စွမ်းရှိတဲ့သူတွေဖြစ်မယ်လို့လည်း ယုံကြည်ထားပါသည်။

ခေါင်းဆောင်မှုနဲ့ ပတ်သက်၍ပြောရမည်ဆိုလျှင် Ramon သည် သူ၏ငယ်ဘဝကတည်းကတိုင် ခေါင်းဆောင်မှု အရည်အသွေးတွေကို ပြသနိုင်ခဲ့သူတစ်ဦးဖြစ်ပါသည်။ လွန်ခဲ့သော ဆယ်နှစ်မှစ၍ သူသည် ယဉ်ကျေးမှုအမျိုးမျိုးရှိသော အဖွဲ့အစည်းများနှင့် အတူတွဲဖက်အလုပ်လုပ်ခွင့်များ ရရှိခဲ့ပြီး ၎င်းတို့အနက် အကျိုးအရှိဆုံးမှာ Multi Ethnic Cultural Association (MECA) မှာ ပါဝင်ခွင့်ရခဲ့ခြင်းပင်ဖြစ်ပါသည်။ ယင်းအဖွဲ့တွင် သူ့အနေဖြင့် ကမ္ဘာနေရာအနှံ့အပြားမှ လာရောက်ကြသော နောက်ခံသမိုင်းကြောင်းအမျိုးမျိုးရှိသည့် ယဉ်ကျေးမှုဓလေ့ထုံးစံ၊ အတွေးအခေါ်အမြင် မတူညီသည့် သူတွေနဲ့တွေ့ဆုံခွင့်ရခဲ့ပြီး အတွေ့အကြုံတွေ၊ မတူကွဲပြားခြားနားမှုတွေကို အမြင်ရှင်းရှင်း အဂတိတရားကင်းကင်းနဲ့ သင်ယူနိုင်ခဲ့ပါသည်။ ကျွန်ုပ်တို့အားလုံးသည်လည်း လူသားတစ်ဦးနှင့် တစ်ဦးမတူကွဲပြားခြားနားခြင်းကို နားလည်ပြီး အချင်းချင်းလေးစားမှုရှိအောင် ကြိုးစားရမှာဖြစ်ပါသည်။ စည်းလုံးညီညွတ်မှု၊ ဟန်ချက်ညီမှု နှင့် ညီညွတ်မျှတမှု များသည် ပိုမိုကောင်းမွန်တဲ့ ကမ္ဘာကြီးဖြစ်အောင် ဆောင်ရွက်ပေးနိုင်မယ့် မရှိမဖြစ်အကြောင်းအရာများဖြစ်ပါသည်။

အဲဒါ့အပြင် Ramon ဟာ STUDENTdirect International ၏ အပြည်ပြည်ဆိုင်ရာအရေးကိစ္စ ဆိုင်ရာ ဒုတိယဥက္ကဌဖြစ်လာတဲ့အတွက် တစ်ကမ္ဘာလုံးမှာရှိသော သက်ဆိုင်ရာ လူထုများနှင့် ချိတ်ဆက်ပြီး သံတမန်အစီအစဉ်များ၊ ကျောင်းသားချင်းဖလှယ်၍ လေ့လာစေသော ခရီးစဉ်များ စသော အစီအစဉ်များကို ဦးစီးဆောင်ရွက်ခဲ့ပါသည်။ ထိုသို့ ဦးစီးဦးဆောင်ပြု၍ ဆောင်ရွက်ခြင်းအားဖြင့် သူ့အနေနဲ့ကြီးမားသော သက်ရောက်မှု တစ်ခုခုကို ဖန်တီးနိုင်မယ်လို့ ယုံကြည်သူတစ်ဦးဖြစ်ပါသည်။ မတူကွဲပြားခြားနားမှုနဲ့ သာတူညီမျှမှုအတွက် ကိုင်တွယ်ဆောင်ရွက်လျက်ရှိသည်သာမက ဒေသတွင်းနဲ့ နိုင်ငံတကာမှာရှိတဲ့ လူထုရေးရာတွေအတွက် လက်တွေ့ကျပြီး အသုံးဝင်နိုင်မယ့်ဖြေရှင်းမှုတွေကို အစွမ်းကုန်ဆောင်ရွက်လျက်ရှိသည့်အပြင် သူသည် ထောင်စုနှစ်မျိုးဆက်သစ်ဟုအမည်တွင်သော လူငယ်များအတွက် တိုက်ပွဲဝင်နေသူတစ်ဦးလည်းဖြစ်ပါသည်။ သူပထမဦးဆုံး သက်သေပြချင်သည့် အကြောင်းအရာမှ ထောင်စုနှစ်မျိုးဆက်သစ်များသည် လူအဖွဲ့အစည်းအတွက် စိတ်အနှောင့်အယှက်ဖြစ်စရာ မဟုတ်ကြောင်းပဲဖြစ်ပါသည်။

ဖိလစ်ပိုင်နိုင်ငံ၏ နိုင်ငံရေးသူရဲကောင်း Dr. Jose P.Rizal ကဲ့သို့ Ramon သည် လူငယ်တွေကို အထင်ကြီးပြီး လူငယ်တွေများသည် တိုင်းပြည်အတွက် အနာဂတ်အတွက် မျှော်လင့်ချက်များဖြစ်သည်လို့လည်း ယုံကြည်ထားသူတစ်ဦးဖြစ်ပါသည်။

တူညီခြင်း ကွဲပြားခြားနားခြင်းဆိုသည်မှာ ကျိန်စာတစ်ခု မဟုတ်ပါ။ စင်စစ် သင်ဖြစ်ချင်တဲ့ အပြောင်းအလဲကို ပုံဖော်ဖန်တီးနိုင်မယ့် အခွင့်အရေးတွေပါ။ အသက်ငယ်ရွယ်ခြင်းက သင့်၏ရည်မှန်းချက်တွေအောင်မြင်ဖို့အတွက် နှောင့်နှေးစေတဲ့အရာ မဖြစ်သင့်ပါဘူး၊ သင်ဟာ လုပ်ဆောင်နိုင်စွမ်းတွေကို ကန့်သတ်ချက်တွေထက်ကျော်လွန်အောင် ဆောင်ရွက်နိုင်စွမ်းရှိပါတယ်။ အဲဒါတွေကတော့ အနာဂတ်လူငယ့်ခေါင်းဆောင်ဖြစ်လာမယ့် Ramon Barajas III ဆီကနေ သင်ယူခဲ့ရတာတွေပဲဖြစ်ပါတော့သည်။

About May Phyo Khaing

May Phyo Khaing has written 2 post in this Website..