အမယ်မယ်။

အမှန်တော့ …. ရုံးပြောင်းလို့ မအားတာရယ်၊

ဒရမ်မာ အခန်းဆက်ရုပ်ရှင်တွေနဲ့ အိပ်ရေးပျက်တာရယ်၊

တဂျီး ဆိုက် ဖွင့်လိုက်တိုင်း ပေါ့ပတ်တွေ အရမ်းတက်လာတာရယ်နဲ့ စာမရေးဖြစ်တာ။

(ဘူမှလည်း မမျှော်ပဲ ဂလို လူအထင်ကြီးအောင် လျှောက်ပြောရတာရယ်)

:k:

ရေးချင်ပြီး ရေးထားတဲ့ ပို့(စ) ၃ ပုဒ်လောက်က တန်းလန်းး

ဆိုတော့ အားတိုင်း ဖွဘုတ်က အမျိုးတွေကို အတင်းရော ဇွတ်ရော အဒမရော ရိုက်ထားတဲ့ လက်ချာတွေကို ဇီ တိုက်မဲ့ ကြက်စွပ်ပြုတ် အနေနဲ့ တင်ပါမယ် (အိုင်ဒီယာကို အရီးကို ခွက်ဒစ်ပေးပါတယ်)

:mrgreen:

ဇီ ရဲ့ ကြက်စွပ်ပြုတ်ဆိုတော့ ချဉ်စပ်ဖြစ်နေရင်တော့ သည်းခံပေါ့နော့။

ကိုယ့် အတွေ့အကြုံရယ်၊ အတွေးတွေရယ်ပေါင်းပြီး ချချရေးထားတာပဲ။

:bb:

အမယ်မယ် အမဝေကတော့ဖြင့် အားပေးချက်က မတင်ဖြစ်နဲ့ နေ့ကို လာမေးနေတယ်။ ဒီနေ့ လက်ချား မတင်သေးဘူးလားတဲ့။

ညင်းညင်းညင်း (ညင်း နဲ့ လက်ချားနဲ့ အံကိုက်ပဲနော်)  :mrgreenn:

ဆိုတော့ ဘုံမြှောက်တဲ့ အနည်းဆုံး တစ်ယောက်တော့ ရှိတာမို့ ဒီ အရူးမက အဲ အဲ၊ ဟွာလေ ဇီးသီးခြောက် ကောက်စားရ ကောက်စားရ ရေးအူးမှာ။

:k:

:k:

:k:

~~~~~~~~~~~~~~~~~~~~~~~~~~~

ကိုယ့်ကိုယ်ကို ဘောင်ခတ်ထားတာ တော်ရုံပဲ ကောင်းတယ်။

ကိုယ်ခတ်ထားတဲ့ ဘောင်ထဲက ထွက်ချင်တဲ့ အခါ မထွက်နိုင်တဲ့ ဒုက္ခတွေ မခံရဘူးမချင်း ကိုယ့်ကိုယ်ကို ဘာရယ်လို့ သတ်မှတ်နေကြမှာပဲ။

“ငါ က အချစ်ကို ဦးစားမပေးတတ်ဘူးး”

“ငါ က ငါ့ကို သစ္စာဖောက်ရင် ခွင့်မလွှတ်တတ်ဘူးး”

“ငါ ဆို တဲ့ မိန်းမက ငါ့ ကို ကြောရင် ဘယ်လို လက်စားချေတတ်တာ” ဘာညာ သရကာ စသည်ဖြင့်ပေါ့လေ။

တ ငါ …..ငါ …

ငါက ဘယ်လို ငါက ဘယ်ညာ နဲ့ ကိုယ့်ဟာကို သတ်မှတ်ဘောင်ခတ်ပြီး …….

ကြာတော့ နည်းနည်းလေး အပြောင်းအလဲလုပ်ချင်တာတောင် ထွက်မရတော့တဲ့ သတ်မှတ်ချက်တွေနဲ့ စိတ်ဆင်းရဲရတဲ့ အဖြစ်အပျက်တွေ ရှိလာတတ်ပါတယ်။

ဘာရယ်မဟုတ် ကိုယ့်ကိုယ်ကို ဆုံးမနေတာပါ။

ခွိခွိ။

နှစ်ကူးမှာ လိမ္မာပါ ချွိချွိရယ်။ နောင်နှစ် အစားပိုကျွေးပါ့မယ်။

:mrgreenn:

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

စိတ်ထဲ အမုန်းစိတ် မဝင်အောင် ကြိုးစားနေနေရတယ်..

လက်ငင်း အကျိုး အရတော့ အသက်တို ရောဂါထူ ရုပ်ဆိုးလို့…

☺️

ထပ်ကြောက်တာကတော့ အမုန်းစိတ်ရဲ့နောက်က လိုက်တဲ့ ကံ၃ ပါး ကိုပဲ..

😔😔

ပဒါစာရီ ဇာတ် ကို ကြားဖူးကြမှာပေါ့…

လင်

သား၂ယောက်

အမေ

အဖေ

မောင် စတဲ့ ၆ ယောက် သူ့မျက်စိရှေ့မှာတင် သေဆုံးတာ မြင်ရလို့ ရင်ကွဲ ပက်လက်ဖြစ်ရတာာ…

ဒီဇာတ်နောက်ကွယ်က အကြောင်းတရားတစ်ခုရှိတယ်.. မိုးကုတ်ဆရာတော်ဟောတဲ့ တရားးထဲက နာဖူးတယ်မှတ်တာပဲ.. မှားရင် … လိုအပ်ရင် .. ပြင်ပေးကြအူးးးး

☺️

မပဒါ အရင်ဘဝက သူ့ မုန်းမိတဲ့ လူ ၆ ယောက်ကို ကျိန်ဖူးတာ.. သူ့ရှေ့မှာတင် အသေဆိုးနဲ့ သေတာ မြင်ရပါလို၏ ဆိုပြီးးးးး

အဲဒီ ဆုတောင်းတွေ ပြည့်တဲ့ အချိန် သူ ဝမ်းသာနိုင်တဲ့ ဘဝ မှာ ရှိမနေဘူးးလေ..

သံသရာ ဆိုတာ အရှည်ကြီးးးး

ဘဝ ဆိုတာ တိုတိုလေးး တဲ့….

ဘယ် အချိန် ဖြစ်လာမယ်မှန်းးမသိတဲ့ အကျိုးတရားးအတွက် မကောင်းတဲ့ အကြောင်းတရားး တစ်ခု ဖြစ်မလာအောင် ကိုယ့်ကိုယ်ကို ထိန်းးတဲ့ သဘောပါပဲ…

အရင်ဆုံးး အမုန်းတရားးကို အရင်ဖြတ်ပါ့မယ်..!!

😔😔

~~~~~~~~~~~~~~~~~~~~~~~~~~~~~~

တစ်ယောက်ထဲ ဖြစ်ချိန်တို့၊

အထီးကျန်ချိန်တို့

အသည်းကွဲချိန်တို့

စိတ်ဓာတ်ကျချိန်တို့ မှာ ဖြစ်တတ်တဲ့

အတွေးအမှားတွေ၊ အပြုအမူ အမှားတွေ

ဆုံးဖြတ်ချက်အမှားတွေက ဆင်တူတွေချည်းပဲ။

အဲဒီ ခနမှာ ရွဲ့ချင်စိတ်တို့ ဒေါသလေးတို့များ လိုက်လာရင် စ မိတဲ့ အကြောင်းတရားက မှားတာများတယ်။

အကျိုးဆက်ကို တွေးမိတယ် ဆိုရင်တောင် ဇွတ်လုပ်ပစ်တာများတတ်တာမို့ နောက်မှ လိုက်ရှင်းရချိန် နောင်တ က ဘာနဲ့မှ မတူဘူးးး

ဟိုတခါ ပြောဖူးတဲ့ဟာသလို ကြွက်တစ်ကောင်ကို မှားမျိုချမိလို့ အမှားပြင်ဆင်ချက် ကြွက်သတ်ဆေးလိုက်သောက်မိသလို မျိုးပဲ။

အကြောင်းရော အကျိုးဆက်ကော ဘာမှ မကောင်းဘူးး။

ဘယ် အခြေအနေဖြစ်ဖြစ် တည်တည်ငြိမ်ငြိမ် ရင်ဆိုင်နိုင်ရင် အကောင်းဆုံးပဲ။

လိုရင်းကတော့ သတိ ပါပဲ။

ဒီနေ့လက်ချား အဲလေ လက်ချာ ကတော့ ဂလောက်ပါပဲ။

အဟွတ်။

:mrgreenn:

~~~~~~~~~~~~~~~~~~~~~

ဂနေ့ လက်ချား မတင် အဲလေ လက်ချာ မရိုက်ရသေးဘူးးး 😁😁😁

တညား က အင်မတန် သဝန်တို တတ်တာရယ်.. 😁😁

ပိုဆိုးတာက ကိုယ်က ဘယ်လောက် အမှန်သိသိ သူများကို စွပ်စွဲချင်ရင် ဇာတ်အိမ်ခိုင်ခိုင် အုံဖွဲ့ပြီးးကို အမှုဆင်တတ်တာ…

အစွပ်စွဲခံရသူကိုယ်တိုင် သွသူ ဇဝေဇဝါ သူတကယ် မှားသလား ထင်လာတဲ့ထိကို ယုတ်မာတတ်တာရယ်..

😁😁😁

အဲဒါကြောင့် တော်တန်ရုံ anyhow နည်းနဲ့ မခိုင်လုံတဲ့ ဇာတ်ကြောင်းနဲ့ လာစွပ်စွဲရင်လည်း အဲဒီလူကို သနားး/အမြင်ကပ်/သင်ပေးချင်တွေ ဖြစ်လာရော…!!

😁😁😁

ဒီ အသက်ပိုင်းးမှာ ကိုယ်က တရားလိုနေရာရော တရားခံနေရာရော ရောက်ဖူးကြုံဖူးအပြီးမှာ Relationship တစ်ခု အတွက် အဆိုးဆုံး အကြောင်းတရားက သံသယ ဆိုတာရယ်..

သည်းမခံနိုင်စရာ အကြောင်းတရားက တွေ့ရာလူနဲ့ စွပ်စွဲ ခံရခြင်းဆိုတာရယ် သိလာတာပါပဲ…

😪😪😪

ဥပဒေ စကားအရဆို အထင်မှားခြင်းနောက်က Motive က ဘာလဲဆိုတာ သွားသွားတွေးမိတယ်..

😌😌

ဥပမာ. သူငယ်ချင်းရဲ့ ကောင်မလေးက ကိုယ်နဲ့ စွပ်စွဲတယ်ဆိုပါစို့.. ဘာကြောင့် အထင်လွဲနိုင်တယ်ဆိုတဲ့ အကြောင်းရင်းကို ပြန်စဉ်းစားဖြစ်တယ်..

တခါတလေ ကိုယ်တွေ အရမ်းပလူးမိနေလား, မျက်စိနောက်စရာဖြစ်နေလားစသည်ဖြင့်ပေါ့.. ကိုယ် လွန်တယ်ထင်ရင် ပြန်လျှော့ဖြစ်တယ်..

လွန်ဆွဲရမယ့် အခြေအနေတွေ မဟုတ်ဘူးလေ.. ကိုယ့် သူငယ်ချင်း အနေခက်မယ့် အထိနာမယ့် ကိစ္စမျိုး ကိုယ်က စရှောင်ရမပေါ့.. 😁😁😁

အဲ..!! ဘာ Reason မှ မရှိပဲ “ချစ်လွန်လွန်းလို့ ဘယ်သူနဲ့မှ စကားပြောတာ မကြိုက်ဘူး” ဆိုတဲ့ Motive မျိုးဆို ရင်တော့ ကိုယ့်လာလုပ်ရင် အဲ့ဒီ တောက်ချိုးး ပတ်ကြမ်းသိမ်းဖို့ပဲ စဉ်းစားတယ်.. ဟိဟိ..

😜😜😜

အဲတော့ တော်တန်ရုံ တညားကို စွပ်စွဲချင်ရင် အကြောင်းပြချက် ခိုင်ခိုင်လှလှနဲ့သာ အမှုဆင်ကြပါလို့……

😝😝

~~~~~~~~~~~~~~~~~~~~~~~~~~~~~

 

ဟိ။
အမြင် မတူတာရှိရင်လည်း ငြင်းကြပေါ့။

 

:mrgreen:

 

 

ဇီဇီ

About ဇီဇီ

ဇီဇီ has written 331 post in this Website..

CJ # 129120