လေတိုက်သလို
ကျည်ဆံတွေဟာ နားနဲ့မဆံ့
မှန်မလိုပါဘူး
မျက်လုံးတွေဖွင့်ထားပုံက
အလကားသက်သက် ရီကော်ဒါပါ
အသံဆိုတာ
နရံခြားထားလည်း ကြားရပါတယ်။
ဆိုတော့ကာ
အမှောင်ထဲမှာ
စကားလုံးတွေကို အရောင်ခွဲနိုင်နေမှတော့
ကောင်းတာတွေကို ရွေးကောက်ပေါ့
အသံကြောင့်
သေသွားတဲ့ ရာဇဝင်ရုပ်လေး
မျက်နှာချင်းဆိုင်က
မျက်လုံးမှာ တက်တူးအဖြစ်ထိုးထားပါတယ်။
ငါတို့
တိုးတိုးလေးသုံးဖို့
အသံသွင်းထားကြရအောင်
ကိုစစ်

ko six

About ko six

ko six has written 73 post in this Website..

ဘဝဆိုတာ အပိုင်းနှစ်ပိုင်းနဲ့ရွေ့နေတဲ့ ဂေါက်သီး။ ရယူမှာလား။ ပေးဆပ်မှာလား။ အဲ နှစ်ခုစလုံးတော့ကြုံရမယ်။ ဘယ်ဟာကို အရင်ကြုံချင်လဲဆိုတာမှာ လူတော်လူညံ့ကွဲကုန်တာ။ CJ # 1122014