သပိတ် သပိတ် မှောက်မှောက်၊ စစ်အစိုးရ အလိုရှိ၊ ဒီမိုကရေစီ မရရှိရေး ဒို့အရေး ဒို့အရေး.. စသည့် ကြွေးကြော်သံများနှင့်အတူ ဒီချုပ်အစိုးရအား မွပ်ဂဇက်လမ်းမပေါ်တွင် လူတချို့ ပွက်လောရိုက် ဆူညံကန့်ကွက် ဆန်ဒပြနေခြင်းဖြစ်သည်။ စာရှုသူများ မျက်စေ့လည် ကုန်ကြပြီထင်၏.. ဟုတ်၏ မှန်၏.. ပိတ်သက်ကြီးကဲ့သို့ပင် ဂဇက်ရွာသားများ ကိုယ့်နားကိုယ်မယုံ အံ့အားသင့်ကုန်ကြသည်၊ ဘယ့်နှယ်ဖြစ်သနည်း၊ ပြီးခဲ့သော ရွေးကောက်ပွဲတွင် ရွာလုံးကျွတ် အန်အယ်လ်ဒီသို့ မဲထည့်ခဲ့သည်မှာ တလစွန်းရုံရှိသေး.. ရွာသားများတော့ မဖြစ်နိုင်၊ တရက် သုံးထောင်စားများ၊ လက်ပတ်နီကြေးစားများသာ ဖြစ်ချေမည်တမုံ့…။

ရွာအမာခံ ဆတ်ဆတ်ကြဲ လူအမှိုက်ခင်ဇော်၊ ၇၈၆ဒေဝီမွပ်ဝေါင်း၊ လောဘ်ဘီစုန်းမြ၊ တဖက်ပိတ်ချဲသွပ်၊ ကွင်သဘုံတုမ၊ ဒေးသရဲခြိမ်းပဒီးမ တို့ကို ထိန်းမရပြီ၊ တောက်စ် လာပလေ့စေအုံး.. အနားရောက်မှ လှံပြလိုက်မယ်၊ အားလုံး ညီစေနော်… ညီတယ်ဟေ့ ညီတယ်ဟေ့..။ မျောက်ဘိုကဒေါ်သာဂူး မပါချေ… အစောကတင် အိမ်ရှိလှံသွားယူမည်ဆိုကာ ပြန်မလာတော့။ နောက်မှသိသည်မှာ ခလေးနို့တိုက်နေကြောင်း.. အကြောင်းသိများကတော့ အဲဒီနေ့ အိမ်တွင် သူ့လင်မျောက်ကြီးသာရှိပြီး ခလေးမှာ အဖိုးအဖွားများအိမ်တွင်တဲ့… ဒန်တန့်တန်..

အသားကိုစား အဆီကိုမြို ကြိုက်သလို သုံးဆောင်ပါ။

     အသားကိုစား အဆီကိုမြို ကြိုက်သလို သုံးဆောင်ပါ။

မီးတုတ် မီးတုတ် ရှို့ရှို့၊ ယားရင်ကုတ် မယားရင်ပွတ်.. လူအုပ်ကား တဖြည်းဖြည်း နီးလာချေပြီ၊ ဂဇက်ရွာသားများကလည်း အဆင်သင့် စောင့်ကြိုလျက်…။ အလို.. ရှေ့ဆုံးမှ လာဘ်သီးလာဘ်မောင်းတန်း ဦးဆောင်လာသူကား ရွာသူများ၏ဘော်ဒါ အူးကြောက်… ခိုနီဒုံ အလံကိုင်လျက်.. လေမားမားလည်း အော်လံနှင့်…။  လုံခြုံရေး ရဲဇုတ်လျှာမရ နှင့် ကြွက်ပန်းတိမ်မေရီးကား၊ လိုက်ပါချီတက်သူများမှာ ဖက်စစ်တိန်မည်း၊ နာဇီရဲဆီ၊ မဘသမေပေါင်… ထောက်ခံသလိုလို ဘေးမှစပ်စုသလို လိုက်နေသူကား ပီခါးကြီး…။ လှံပြမည့် ဒီမိုရွာသူများ စန့်တငင်ငင် ဖြစ်ကုန်သည်။

ဆန်ဒပြခေါင်းဆောင် အူးကြောက် အခြေအနေကို ရိပ်စားမိလျက် ကိုယ့်ကိုယ်ကို ကာကွယ်ရန် ခါးကြားထိုးလာသော ရေပြွတ် ဆွဲထုတ်ရင်း ပြီးခဲ့သော သင်္ကြန်ကို အမှတ်ရကာ … ဒီချုပ်အစိုးရ ဖြုတ်ချဂျ၊ ဖြိုးမင်းသိန်း ဆိုတဲ့ကောင် သပ်ပစ်… ဟု လည်ပင်းကြော ထောင်လာသည်အထိ အော်ဟစ်လိုက်သည်။ ခိုနီဒုံဂျီးမှလည်း အနိမ့်ဆုံးလုပ်ခ အဓိပါယ်မရှိ၊ အလုပ်သမားဥပဒေ ပျံရုပ်သိမ်း.. ဖြည့်စွက်တိုင်တည်လိုက်သည်။ လေမားမားကတော့ ဟိုတယ်အခန်းဈေး ကြိုက်ဈေးပေး…..

ပုဂ်ဂိုလ်ခင်တော့မတြားမင်.. ယခင် ပါးပါးလေးဝေဖန်မိသူ ကကြောင်အား မှိုချိုးမျှစ်ချိုး ဝိုင်းဝန်းပြောဆို သမုတ်သလောက် ယခုမူ အသံတိတ်ကုန်သည်။ နှာစေးသူစေး ချောင်းဆိုးသူဆိုး ဖဘပွတ်သူပွတ်နှင့် မသိ၊မကြား၊မမြင်ဘိအလား… လော်ဘီမြ အသိသာစုန်း။ ဒါတွေ သတိမမူမိသူ ကကြောင်မှ ချ ကြပါတော့လား လှံကြပါတော့လား…မေမေစုကို စော်ကားတာ သည်းခံမနေကြနက်… ။ ဘယ်သူမှ ထွက်မလာချေ.. အားလုံး ကြက်ပျောက်ငှက်ပျောက် ပျောက်ကုန်သည်။ အများနှင့်တယောက် တပ်အူးကျွံမိပြီ။ ရလာဘ်ကား ဒီမိုဖက်မှ ခုခံရင်ဆိုင်ပေးသူ ကကြောင်အား လုံခြုံရေးလိုက်ပါလာသူ ရဲဇုတ်လျှာမရနှင့် ကြွက်ပန်းတိမ်မေရီးကားတို့မှ ဆန်ဒပြလူအုပ်အား ခြိမ်းခြောက်မှုဖြင့် ဖမ်းဆီးခေါ်ဆောင် သွားသည်မှာ မြင်ရသူအဖို့ သံဝေဂ ရဖွယ် ဖြစ်ပေတော့သည် ပိတ်သက်ကျီး…..

 

အာချောင်မိသူ အကျဉ်းစံ ကြောင်ကြီး… ငါမကွ

 

 

ဦးကြောင်ကြီး

About ဦးကြောင်ကြီး

အောင်ကြူး has written 586 post in this Website..

ပန်းတပွင့် လှမ်းအစွင့် နမ်းအလင့်မှာ........... ဟတ်ချိုး ဟတ်ချိုး