အခုခေတ်က လမ်းမှာပုခုံးချင်းတိုက်မိလို့

မေးကြည့် …သူလဲခရီးသွားကုန်ပဏီတခုခုက ဒါရိုက်တာ ….မန်နေဂျာစသဖြင့်

..ရာထူးကြီးတခုခုရထားတဲ့သူချည်း….

ငွေနည်းနည်းရှိရင် Travel ထောင်ပြီ…အသက်၂၀လောက်နဲ့ ..

ဘယ်လိုအုပ်ချုပ်နေလဲတော့မသိ.

 

.ကိုယ်တွေမန်းနေ့မန့်အတွေ့အကြုံ ဆယ်နှစ်လောက်ရှိတာတောင် …ခုထိ နှစ်ယောက်တပိုင်းပဲရှိတဲ့ဝန်ထမ်းတွေနဲ့ရန်ဖြစ်ကောင်းတုန်း…

 

တချို့များမေးကြည့်..တိုးဈေးလဲမတွက်တတ်..ခရီးစဉ်လဲမဆွဲတတ်…Airline system လဲမခေါက်တတ်…ဘာဆိုဘာမှမတတ်…

မတတ်ပဲမတတ်လို့ Contact ရှိလားဆိုတော့ ဘာဆိုဘာမှမရှိ

ပြီးတော့ခရီးသည်နည်းနည်းလေးရှိတဲ့ဈေးကွက်ကို ဝံပုလွေလိုက်သလိုလိုက်နေရတာ..တခါတလေ.တစ်ကျပ်တလေ ပိုမိရင်တောင် ဖုန်းဆက်ပြန်အမ်းခိုင်းတာ..

 

အသွားတစ်ကြောင်း ငါးကျပ်တဆယ် စသဖြင့် tax တွေ fuel ဈေးတွေမပြောပဲ air fare ချည်းပဲပြောပြီး လိမ်ရောင်းတဲ့ အဲလိုင်းတွေကရှိသေး..တကယ်လျော့တာက လေးငါးခုံကို…

 

ကိုယ်တွေကတော့ ရှင်းရရော သေအောင်.

ကိုယ်တွေက.ငါးကျပ်နဲ့မရောင်းပေးရင်ပဲ လိမ်ရောင်းသလိုလို…တကယ်ဖြင့် ရတာလဲမဟုတ်..အဲ့ ငပေါအဲလိုင်းတွေ

 

ပြီးတော့ သဘော်သားတွေအချိန်မှီတက်ရဖို့ တိုင်းတပါးကအဲလိုင်းတွေက…မန်နေဂျာမမတွေအချိန်မတော် သွသူအိပ်ပျော်လို့ သရေတွေတမြားမြားနဲ့ မော်တော်ဘုတ်လိုဟောက်ပြီးအိပ်နေတဲ့သူတွေကို ဖုန်းဆက် အညော်ကပ်ရတာ ဘယ်သူမှမသိ…

 

ပါတနာဘန်ကောက်ရုံးက မန်နေဂျာထိုင်းလေးတောင် ဖုန်းဆက်ရင် …hello တို့ hi တို့ပြန်မထူးတော့ဘူး..This is Sorrow ဆိုတာနဲ့.ဝေါ့ လို့ပြန်ထူးတယ်…အပြောင်းအလဲသိပ်များပြီး အချိန်မတော်ခိုင်းလို့..ဘယ်လောက်ချဉ်နေမှန်းမသိ..

 

ဖြတ်သွားဖြတ်လာ ခရီးသွားကုန်ပဏီတွေတွေ့လို့

ကိုယ်ချင်းစာစိတ်နဲ့…သူတို့ရော ရောင်းရရဲ့လားမသိ….လို့ ပြောမိရင် ချစ်သူလေးကရယ်တယ်…

 

ကျော့်မတော့..မင်းသား အဆိုတော်..ဖက်ရှင်ဒဇိုင်နာ..ဓာတ်ဆြာ..မော်ဒယ်.လေယဉ်မယ်..စသဖြင့်..ဆယ်လီဗရစ်တီအသိတွေ သေအောင်အားပေး…နိုင်ငံခြားကုန်ပဏီငါးခုလောက်နဲ့စာချုပ်ရ….အဲကမ်ဘောဇလေး..အေပက်လေး.MNAလေးတွေ.ရောင်းပြီး..တိုးလေးတွေဆွဲ…ကွက်ပျောက်ကားလေးတွေဌား….ဂွင်ကြောင်ဗီဇာလေးတွေလျောက်ပေးရင်းနဲ့တောင် ..တလတလရုံးစရိတ်အသည်းအသန်…

 

ရေးတာဘာပြောချင်မှန်းမသိဖြစ်နေတယ်မလား…တကယ်ကမိန်းမလိုချင်နေတာ…များများရောင်းရချင်လို့ ဇတ်နာအောင်ပြောပြီး  မားကတ်တင်းဆင်းတာ..

 

ဘာတခုမှမဝယ်ပဲ….အလိုက်မသိ…မိန်မ..မယူသေးဘူးလားမေးရဲမေးကြည့်…စပ်စုခဆိုပြီး တစ်သောင်းရုံးတံဆိပ်ရိုက် ..ဘောက်ချာဖွင့်ပြီးကောက်မယ် …

sorrow

About sorrow

has written 38 post in this Website..

သောကတွေနဲ့ ရက်ကန်းခတ်....မင်းခြုံဖို့အတွက် ပုဝါတထည်ရက်မယ်...နွေးထွေးပါစေ..ဟန်နေ