ကြောင် : မောင်းဝတ်
Wow : မောင်ကြွတ်
ကြောင် : နင်ဘုလအင်ထဲ
Wow : နိဟာနိဘာထင်ထင်
ကြောင် : အလဂေါင်ကား
Wow : သွသူတော့ဈေးရမှာပါအေ :mrgreen:
ကြောင် : အုဖြုတ်ယောင်းတောင် ၀ယ်မယ့်သူမချိ
Wow : နိမှာက ဖြုတ်ရောင်းစယာကို မရှိတာမလား
ကြောင် : နီကုသိုလ် မလိုခြင်တကား
နိကို ကုသိုပေးမို့
Wow : တေပါ့လား
ကြောင် : အကောင်းပေါမို့ သေခြာနောင်ထား
ဆရာမ ချစ်မြတ်နိုး မှော်ဘီမှာ ဓမာရုံဆောက်မလို့
အဲဒါ နီမလှူခြင်လား
Wow : လှူချင်တယ်လေ ဘူသူအူးဆောင်မှာလဲ
ကြောင် : နီပို့စ်တင်ရေ
နီနဲ့ ၀ီဂါမွတ်မ နှစ်ယောက်ပို့စ်တင်လိုက် တပတ်စီခြားပီး
ဘဏ်အကောင့်က ထုံးစံအတိုင်း လုပ်၊ ရွာထဲမှာရှိတာပဲ
Wow : အင်း ပီးရော ချွိနဲ့တိုင်ပင်ပြီးတင်လိုက်မယ်
ကြောင် : သိန်းတရာကျော်လိုတာ .. ၅၀ တားဂက်ထားလုပ်ရင် ကောင်းမယ်
Wow : အင်း
ကြောင် : မအင်းနဲ့ သေခြာလုပ်
ငါလုပ်ရင်မထည့်မှာစိုးလို့
ပီးတော့ လူခံ လိုအူးမှာပဲ
Wow : တိုင်ပင်လိုက်အူးမယ်ဆို အလှူခံတာမိုး မလုပ်ချင်ဘူး
ကြောင် : နင်အခုတေ ဘိုလှုပ်မဲ
Wow : တေရင်အလှူမခံရတော့ဘူးပေါ့
ကြောင် : ငရဲဟဲ့
Wow : အံ့ပါ့တော် အလှူခံတိုင်းနတ်ပြီရောက်ရင် နတ်ပြည်မှာ ဂေါပကတွေချည်းနေမှာ
ကြောင် : နင့်အတွက် ငါပြောထားတယ် မုမရဲ့ မြန်မြန်လုပ် သူများအူးသွားမဲ
Wow : နိက နတ်ပြီပွဲစားမို့လား ပြောထားရအောင်
ကြောင် : ငါနဲ့ပိုင်တယ်
နိဘဲပါပို့ပေးမဲ
Wow : အေးပါအေ နေအူး ရုံးရောက်မှ အခုရုံးသွားဖို့ပြင်ရအူးမယ်

အထက်ပါစကားများကတော့ ကြောင်ရီးနဲ့ ဒီနေ့မနက်စောစော ပီယ၀ါစာပြောဖြစ်ခဲ့တာပါ.. :mrgreen:

ပွင့်ပွင့်လင်းလင်းပြောရရင် ကျနော်က အလှူခံတာဝါသနာမပါပါဘူး။ ဟိုတစ်လောကတင် ဘုရားသိန်းချီလှူပြီး ကိုယ့်ဝန်ထမ်းကျ လခတိုးမပေးချင်တဲ့ ဘောစိကို ရေးထားတဲ့ facebook ပို့စ်မှာ ၀င် အတင်းတုတ်ခဲ့သေးတယ် .. :mrgreen:

ကြောင်ရီး လူရွေးမှားပြီ .. နာ့ အလှူခံပို့စ်က ရိုက်ပေါက်.. :mrgreen:

ရိုက်မယ်ဆိုရင် ကြောင်ရီးကို ရိုက်ကြဘာာာ .. အနော်က နတ်ပြည်မှာ မြေကွက်လေးရမယ် ဆိုလို့လုပ်ရတာဘာာာ
နောက် ခုလို နိုင်ငံတော်ပြန်လည်ထူထောင်ရေးကာလမှာ ပြည်သူတွေကို ပညာရေး၊ ကျမ်းမာရေး၊ စားဝတ်နေရေး အထောက် အကူပြုတဲ့ အလှူမျိုးပဲ ပေးချင်ပါတယ်…

ဘာလို့လဲ ဆိုတော့ ကျနော်တို့ အဒေါ်တွေနေတဲ့ တံတားဖြူ-ကံလမ်း၊ လှိုင်မြို့နယ်ထဲက ဘုန်းကြီးကျောင်းတွေမှာ ခွေးတောင် စားမကုန်လို့ အလဟသ ဖြစ်နေတဲ့ ထမင်းဟင်းတွေ ပုတ်သိုးနေတာ တွေ့နေရလို့ပါ…

အဲ့လမ်းထဲက ခွေးတွေဆိုရင်လဲ တော်ရုံအစာသွားမကျွေးနဲ့ လှည့်တောင်မကျိဘူး..

ဒဂျီးဆိုဒ် ဖတ်ပါများပြီး နဲနဲ ဘယ်သန်သွားတာလည်း ဖြစ်လောက်တယ်… :mrgreen:

ဒါပေမဲ့ second thought ပေါ့နော်.. တနည်းပြန်စဉ်းစားမိတာက…

အလဟသဖြစ်နေတဲ့ ဘုန်းကြီးကျောင်းတွေရှိသလို ခုန ကြောင်ရီးပြောတဲ့ ဆရာမ ချစ်မြတ်နိုးက သဘာဝဓမ တရားရိပ်သာ မှာ တရားပြလေ့ရှိပါတယ်.. သဘာဝဓမလို ကျောင်းမျိုးကြတော့ တကယ့်ခိုကိုးရာမဲ့သူတွေကို စောင့်ရှောက်ထားတာပါ… ကျနော်တို့ ဂေဇက်အုပ်စု စုပြီးကျောင်းဆောင်တစ်ခုလှူဒါန်းရေစက်ချပွဲ ရောက်ခဲ့ကြပါသေးတယ်..

အသက်ကြီးတဲ့အချိန်ရောက်တဲ့ ဒုက္ခက အတော်ကြီးပါတယ်.. ကျနော်တို့ လက်တွေ့မြင်ခဲ့ကြရပါတယ်…
ကြီးမှဒုက္ခရောက်မှာ ငါက ငယ်သေးတယ် လို့လဲ တွေးလို့မရပါဘူး….

ငယ်တဲ့သူတွေလဲ အချိန်မရွေး အိုနာကျိုးကန်း ဖြစ်သွားနိုင်သလို.. ဘာမှ မဖြစ်တောင်မှ တချိန်မဟုတ် တချိန် ပလတ်ကျွတ် တတ်ပါတယ်… :mrgreen:

ဒီလိုပဲ ချော့တလှည့် ချောက်တခါနဲ့ အလှူခံရတာပဲ….. :mrgreen:

ဆိုတော့ ကျနော့်ကိုယ်တွေ့ တစ်နှစ်သင်္ကြန်မှာ တော်တော်လဲစိတ်ညစ်နေတာနဲ့ ယောဂီဆရာတစ်ယောက် လမ်းညွှန်မှုနဲ့ ထောက်ကြံ့မှာ တရားစခန်းဝင်ဖြစ်ပါတယ်..

ဝိပသနာကို သဲအင်းနည်းနဲ့ ကျင့်ဖြစ်ပြီး ပလတ်ကျွတ်ချင်နေတဲ့ စိတ်တွေ တော်တော်ငြိမ်းချမ်းသွားတာပါ…

ဓမ္မာရုံဆိုတာမျိုးက ဒုက္ခရောက်သူတွေပဲဖြစ်ဖြစ် ပလတ်ကျွတ်သူတွေပဲဖြစ်ဖြစ် စိတ်ငြိမ်းချမ်းရာရှာသူတွေပဲဖြစ်ဖြစ် တစ်နည်းနည်းနဲ့ ရောက်လာကြသူတွေကို လက်ခံထားတရားပြ ကျွေးမွေးထားတဲ့နေရာပါ…

ဆိုတော့ လှူကောင်းပါတယ်… ကိုယ်လဲ ဘယ်အချိန် ထပ် ပလတ်ကျွတ်မယ်မှန်းမသိဘူးလေ :mrgreen:

ကဲပြော… ဘူသူစလှူမဒုံးးးးးးး :mrgreen:

အလှူငွေစာရင်း

၁။ မယ်ချွိ ၁၀၀,၀၀၀
၂။ မယ်ဝါး ၁၀၀,၀၀၀
၃။ ဝေ ၁၀၀,၀၀၀
၎။ ဦးဦးပါလေရာ အမောင့်တူဘီကွန်ဖမ်းဘိုင် မဒမ်ပါလေရာ :mrgreen:
၅။ ဦးခင်ခ ၅၀,၀၀၀

Wow

About Wow

has written 59 post in this Website..