တစ်ခါတုန်းက မိတ္ထီလာကွန်ပျူတာတက္ကသိုလ်မှာ

ကောင်လေးနဲ့ကောင်မလေးရှိတယ်

သူတို့မှာ ခံစားချက်ကိုယ်စီရှိတယ်

ရည်မှန်းချက်လည်းကိုယ်စီရှိတယ်

ခေါင်းချင်းဆိုင် run ခဲ့ကြတဲ့ VB တွေ C++ တွေ Java တွေရှိတယ်

အဖြေမရောက်ရောက်အောင်တွက်ခဲ့ကြတဲ့ သချာင်္ပုစ္ဆာ လှလှလေးတွေရှိတယ်

1 နဲ့ 1 ပေါင်းပြီး 10 ရတဲ့ ဘာသာနဲ့ခေါင်းရှုပ်ခဲ့ရတဲ့နေ့တွေရှိတယ်

ဆရာမေးလို့ငုံ့နေဖူးတဲ့ ခေါင်းတွေရှိတယ်

အားပေးရင်းဖြေခဲ့ကြတဲ့စာမေးပွဲတွေရှိတယ်

အတန်းဖျက်ပြီးလျှောက်လည်ခဲ့တဲ့နေ့ရက်တွေရှိတယ်

အဖြူရောင်သံယောဇဉ်နဲ့ သီဆိုခဲ့တဲ့သီချင်းတွေရှိတယ်

စာမေးပွဲမှာ စာတွေမေ့ကုန်လို့ စိတ်ညစ်ရတဲ့နေ့တွေရှိတယ်

ကျောင်းပိတ်တုန်းသတိတရဖုန်းဆက်တဲ့နေ့တွေရှိ သလို

စာတွေအပြန်အလှန်ရေးခဲ့တဲ့နေ့တွေလည်းရှိတယ်

စိတ်အခန့်မသင့်လို့အချင်းချင်းစိတ်ကောက်တဲ့ရက်တွေရှိတယ်

အလျှော့ပေးရင်းပြုံးပြကြတဲ့ အပြုံးလှလှတွေရှိတယ်

စာမေးပွဲနီးမှ အဆောင်ပိတ်တဲ့အထိစာရှင်းပြရတဲ့နေ့တွေရှိတယ်

သန်းခေါင်ကျော်မှအပြန်အလှန်ပေးတဲ့ စပေါ့ တွေရှိတယ်

ခုံတန်းတွေရှိတယ်

အောင်စာရင်းတွေရှိတယ်

အိမ်ပြန်ချိန်တွေရှိတယ်

တကယ်ရှိခဲ့ပါလျက်နဲ့သူတို့ မရှိစေချင်ခဲ့တာက

သူတို့နှစ်ယောက်ရဲ့ခွဲခွါချိန်

Foolish Girl

About Foolish Girl

C K has written 52 post in this Website..