ခေတ်စနစ်တွေပြောင်းလဲလာတာနဲ့အမျှ လူတွေရှင်သန်နေထိုင်သွားလာပြုမူလုပ်ဆောင်ချက်တွေက ခေတ်ရေစီးအလိုက်တိုးတက်လာတာ အားလုံးရဲ့မျက်မြင်ကိုယ်တွေ့ပါပဲ…..

အရာလုံးက digital ဖြစ်လာပြီ

ATM တွေပေါ်လာပြီး ငွေထုတ် ငွေလွှဲ ငွေပေးခြေစနစ် စတဲ့ငွေကြေးနဲ့ကိစ္စရပ်တော်တော်များများကို လက်ထဲငွေကိုင်စရာမလို ကဒ်လေးတစ်ကဒ်သယ်ရုံနဲ့လုပ်နိုင်လာပြီ

အရင်ကဆိုအလုပ်လျှောက်ချင်တယ်ဆို နီးစပ်ရာတွေပြောပြလို့ အလုပ်ခေါ်တယ်ဆိုတာသိရတယ်၊ ကိုယ်တိုင်ခြေတိုအောင်လျှောက်ပြီးလိုက်ရှာရတယ်..

တဖြည်းဖြည်းနဲ့ အလုပ်ကို ခြေတိုအောင်လိုက်ရှာစရာမလိုအောင် အခွင့်အလန်း ဂျာနယ်လိုမျိုး အလုပ်ခေါ်စာတွေကိုတစ်နေရာတည်းမှာ တွေ့နိုင်ပြီး ကိုယ်သဘောကျတဲ့အလုပ် ကိုရွေးပြီး သွားလျှောက်လို့ရလာတယ်

အခုဆိုရင် အွန်လိုင်းကနေတဆင့် အကျိုးဆောင်ခပေးစရာမဆိုတဲ့ အလုပ်အကိုင်ကြော်ငြာလေးတွေကို လွယ်လင့်တကူရှာပြီး ကိုယ်တိုင် CV form တင်စရာမလိုဘဲ အွန်လိုင်းကနေ အလွယ်တကူ CV Form တင်လာနိုင်ပါပြီ…..

အစ အစရှိသဖြင့်ပေါ့ (အစပျိုးတာများနေပြီမို့)

ဒါပေမယ့်တစ်ချက်တော့ထောက်ချင်တယ်ဗျာ

လူတွေအတွက် အဲဒီစနစ်ကလွယ်ကူတာမှန်ပါတယ်

ဒါပေမယ့် မှန်ကန်လား ၊ ယုံကြည်ရလားဆိုတာမျိုးတွေအတွက် အာမခံချက်မရှိတာတော့အမှန်ပဲ

အွန်လိုင်းကနေအလုပ်လျှောက်တာ အဆင်ပြေသွားတယ် လို့ပြောတဲ့သူတွေလည်း အများကြီးရှိပါတယ် လက်ခံပါတယ်

ဒါဆို ဘာလို့ မှန်ကန်လား ၊ ယုံကြည်ရလား ဆိုတာမျိုးတွေအတွက် အာမခံချက်မရှိတာတော့အမှန်ပဲ လို့ ဘာလို့ပြောတာလည်းဆို ပြီးမေးစရာရှိတယ်.

ကိုယ်တွေ့အဖြစ်လေးကိုပြောပြပါမယ်

သူငယ်ချင်းတစ်ယောက်က အွန်လိုင်းအလုပ်အကိုင်ရှာဖွေရေးကနေ အလုပ်ရှာတယ်

အဲဒီမှာ ကုမ္မဏီတစ်ခုရဲ့ အလုပ်ခေါ်စာကိုတွေ့တယ် Receptionist ရာထူးအတွက်ခေါ်ထားတာပါ။

ဒါနဲ့သူကအွန်လိုင်းကနေတဆင့်လျှောက်လိုက်တယ်။ ဒါပေမယ့် ခေါ်စာထဲမှာ Male/Female ဘာမှပြောမထားတဲ့အတွက် သူကသေချာအောင်သိချင်တယ်။

အဲဒီ ကုမ္မဏီ က ကျွန်တော်တို့ရုံးနားမှာဆိုတော့ သူငယ်ချင်းက အကူအညီတောင်းလို့ သွားမေးပေးခဲ့တယ်။

အဲဒီရုံးရောက်တဲ့အချိန်မှာ သူတို့ဘက်ကနေပြီးတော့ အဲဒီရာထူးနဲ့ ပတ်သတ်ပြီးခေါ်မထားပါ လို့စပြီးငြင်းပါတယ်။

ကျွန်တော်ကလည်း အွန်လိုင်းမှာ သူတို့တင်ထားတဲ့အလုပ်ခေါ်စာနဲ့ တင်ထားတဲ့ရက်စွဲကိုပြပေမယ့် သူတို့မသိကြောင်း၊ သူတို့ အခေါ်ကြောင်း အလုပ်အကိုင်ရှာဖွေရေးကုမ္မဏီဘက်မှ မှားခြင်းဖြစ်မယ် လို့ပဲပြောပါတယ်။ (တင်ထားတဲ့ရက်စွဲက မေလမကုန်ခင်တစ်ရက်အလိုပါ)

ဒါနဲ့ ကျွန်တော်လည်း အလုပ်ခေါ်စာတင်တဲ့ ကုမ္မဏီကိုဖုန်းဆက်မေးခဲ့တယ်….

အလုပ်ခေါ်စာတင်ပေးတဲ့ ကုမ္မဏီ ဘက်ကပြောတာကျတော့ သူတို့နဲ့မသက်ဆိုင်ကြောင်း၊ ပြီးတော့ သူတို့ site ကတွေ့တဲ့ကြော်ငြာကို ကိုယ်တိုင်သွားမလျှောက်ဖို့ သွားလျှောက်ခဲ့ရင်လည်းမသိဘူးလို့ ပြောမည်ဖြစ်ကြောင်း ပြောပါတယ်။

နှစ်ဖက်မှာတော့နဲနဲတော့လွဲနေတယ်ထင်တယ်ဗျာ

၁) အလုပ်ခေါ်စာတင်ပေးတဲ့ ကုမ္မဏီ ဘက်ကပြော မှန်တယ်ဆိုရင် အလုပ်ခေါ်တဲ့ ကုမ္မဏီဘက်က ပြောသင့်တာက ဟုတ်ပါတယ် ခေါ်ထားပါတယ် အွန်လိုင်းမှာ တင်ထားတာဖြစ်တဲ့အတွက် အွန်လိုင်းကလျှောက်ပေးပါလို့ပြောရမှာပေါ့

၂) အလုပ်ခေါ်တဲ့ ကုမ္မဏီဘက် ပြောပြချက်မှန်တယ်ဆိုရင် အလုပ်ခေါ်စာတင်ပေးတဲ့ ကုမ္မဏီ ဘက်ကသူတို့မှားပြီး တင်ပေးလိုက်တာအတွက် ဖြေရှင်းချက်ပေးရမှာပေါ့

ကဲရွာသားတို့ရေ Foolish Girl ရဲ့မပြောမကောင်းပြောမကောင်းတွေများနေတယ်လို့တော့ပြောနဲ့နော် :D

 

 

Foolish Girl

About Foolish Girl

C K has written 54 post in this Website..