ငါ့ကိုထားထားတယ်

မှန်ဘောင်လေးတစ်ခုထဲမှာပေါ့

တန်ဖိုးကြီးကြီးနဲ့ ဒီဇိုင်းလေးက

ဘယ်သူနဲ့မှမတူဘူးလေ

အဲဒီအချိန်မှာ

သူကငါ့ကိုကြည့်နေတယ်

ပြီးတော့

အရောင်းဆိုင်ကကောင်မလေးကိုပြောတယ်

ဒီဟာလေးသဘောကျတယ်ချစ်ကြည့်မယ်တဲ့

မှင်ရည်လည်းလှဒီဇိုင်းလည်းသွက်တဲ့

ငါ့ကိုသူသဘောကျသွားတယ်

ဒီလိုနဲ့ သူဟာငါ့ရဲ့ပိုင်ရှင်ဖြစ်လာခဲ့တယ်

သူနဲ့ငါအမြဲတစ်တွဲတွဲပါပဲ

သူရေးချင်တဲ့စာမှန်သမျှကို

ငါကကောင်းကောင်းမွန်မွန်ရေးပေးတယ်လေ

တစ်နေ့

ငါ့ကိုယ်ထဲကမှင်ရည်တွေခမ်းခြောက်လာတယ်

သူကတော့ငါ့ကိုယ်ထဲကလောင်စာဖြစ်တဲ့မှင်ကိုပြန်ဖြည့်ပေးဖို့စိတ်ကူရှိပုံမရပါဘူး

ဒီတော့ငါဟာသုံးမရတဲ့ဘောပင်ဖြစ်လာခဲ့တာပေါ့

ဒါ့ကြောင့်သူကငါ့ကို အမှိုက်တောင်းထဲပစ်ခဲ့တယ်

သူကတော့ငါနေခဲ့ဖူးတဲ့ မှန်ဘောင်လေးရှိတဲ့ဆီကိုသွားတယ်

ပြီးတော့ငါလိုဘောပင်တစ်ချောင်းနဲ့ပဲ

နောက်တော့

အဲဒီဘောပင်လည်း …………………………………

Foolish Girl

About Foolish Girl

C K has written 54 post in this Website..