“ယုံကြည်မူ့ပျောက်ဆုံးခြင်းကြောင့်
ဖြစ်တဲ့ အဟ”

IMG_20160606_060601


သူငယ်ချင်း တွေအကြား
မောင်နှမ တွေအကြား
မိဘနဲ့သားသမီး အကြား
ဆရာနဲ့တပည့်အကြား
သမီးရီးစားချစ်သူတွေအကြား
လင်နဲ့မယား အကြား
လုပ်ဖော်ကိုင်ဘက်တွေအကြား

အပြန်အလှန် ယုံကြည်ခြင်းတွေရှိနေဘို့လိုအပ်ပါတယ်။
တစ်ယောက်ကယုံကြည်မူ့တွေ
အပြည့်အဝထားနေချိန်
ကျန်တစ်ယောက်က လိမ်ညာပြောဆိုနေုတဲ့အခါမျိုးမှာ
အလိမ်တွေပေါ်သွားပြီ
လိမ်နေတာကိုတစ်ဖက်လူ
သိသွားပြီဆိုရင်
နှစ်ယောက်ကြားက
အပြန်အလှန်ယုံကြည်မူ့ဆိုတာ
ပျောက်ဆုံးသွားပါတော့တယ်။
ဒီအချိန်မှာဖြစ်သွားတဲ့အဟ က
ကြီးပါတယ်။

ယုံကြည်မူ့ပျောက်သွားခဲ့ရင်
ပြန်လည်တည်ဆောက်ရတာ
ပထမအကြိမ်ကထက်ပိုကြာသလို
ပြန်လည်ဆက်မိတယ်ဆိုရင်တောင်မှ
အရင်လောက်လဲမခိုင်မြဲနိုင်ပါဘူး။
ချေမွထားတဲ့စက္ကူလို
ပြတ်တောက်လို့ပြန်ဆက်ထားတဲ့ကြိုးလို
အကောင်းတိုင်းပြန်မဖြစ်နိုင်တော့သလိုပေါ့။
ဖေစ်ဘုတ်ကိုဖွင့်ကြည့်နေရင်းကတွေးမိလာတဲ့အတွေးလေးပါ။

ကိုပေါက်လက်ဆောင် အတွေးပါးပါးလေး
၇၆၁၆

ကိုပေါက်(မန္တလေး)

About ကိုပေါက်(မန္တလေး)

ko pauk mandalay has written 1570 post in this Website..

အတွေးပါးပါးလေးကနေ ထူသွားပြီထင်တော့ အရင်လောက်တော့ စာမရေးဖြစ်တော့ဘူး။