images(6)

 

 

 

 

 

 

သုညတစ်ခြမ်း-ကိုးတစ်ခြမ်း ဖြစ်နေတဲ့ကောင်လေး

————————

 

သစ္စာလို့အမည်တပ်ထားတဲ့ အလင်းလက်နက်နဲ့

ခပ်စပ်စပ်လေး ထိုးခွဲကြည့်လိုက်တော့မှ. . .

သူ့ရင်ထဲက လမင်းလေးဟာ …

အထဲမှာ နေဆယ်စင်းအထပ်ထပ်နဲ့. . .

 

မပိုင်လိုပါဘူး…

ဒါပေမဲ့ ရူးလောက်အောင် တပ်မက်. . .

မတပ်မက်ပါဘူး. . .

ဒါပေမဲ့ ကြောက်စရာအကောင်းဆုံးနည်းတွေ သုံးမှ ရမယ်ဆိုရင်တောင် ယူချင်တယ်တဲ့။

အဲ့ဒီ အနက်ရောင်အမှန်တရားတွေ ရွာချတတ်တဲ့ မိုးကောင်းကင်ကိုပေါ့။

 

ဒီလိုနဲ့ပဲ. . .

မသိစိတ်ရဲ့သိခြင်းကို

သိစိတ်ရဲ့  မသိခြင်းက မီးလောင်တိုက်သွင်း. . .

ကိုယ့်ခံတွင်းထဲမှာပဲ ကိုယ့်ကိုယ်ကို ကိုယ် ပြာချ။

သူ. . .မီးခိုးခေါင်းတိုင်ထဲကနေ . . .

ကြွကြွရွရွလေး….လွင့်…ထွက်ခဲ့တယ်။

 

စိတ်ရှိလက်ရှိ တုန်ခါယိမ်းထိုးပြီး ဝေဝါးစွာ မှုန်ရီလာလိုက်တာ. . .

နောက်ဆုံးမှာတော့. . .

‘မရှိခြင်း’ထဲမှာ ရှိနေတဲ့ ‘ရှိခြင်း’ကို

သူကိုယ်တိုင် မရှိခြင်းထဲပျော်ဝင်ပြီးမှ သိလိုက်ရပါလေရော။

 

တရံရီရောအခါတုန်းက. . .

ဒီမြေကမ္ဘာပေါ်မှာ . . .

ဖဲကြိုးပြာလေးတစ်စ. . .

သူ့ကိုယ်သူ ချည်ငင်ခေါက်တုတ်ထားရာကနေ. . .

သူ့ကိုယ်သူ ဖြည်လျော့ အားလုံးကို လွှတ်ချလိုက်တယ်ဆိုပါတော့။

 

*************************

 

သင့်အေးရိပ် @ မောင်သူရ

 

10.Jun.2016

 

 

Thint Aye Yeik

About Thint Aye Yeik

Thint Aye Yeik has written 606 post in this Website..

Maung Thura @ သင့်အေးရိပ် CJ #5222013