“မျက်မြင်သက်သေ”

 

“၀ုန်း”

“ခွမ်း”

“ဟ ကွဲသွားပြီ ပြေး ဟေ့”

“တောက်”

“ဂျိမ်း”

ဦးလေးပွတစ်ယောက် ဒေါသထွက်ပြီး တောက်ခေါက်ကာ ကားတံခါးဖွင့် ဆင်းလိုက်ပြီးနောက်

“ဟေ့ချာတိတ်တွေ မပြေးနဲ့အခုရပ် မင်းတို့လုပ်တဲ့ကိစ္စမင်းတို့လာရှင်း”

“ပြေးကွ ပြေး”

“အား”

ဒါပေမယ့် လူမော် တစ်ယောက်က ကံဆိုးစွာ ပြေးရင်းတာလမ်းမပေါ် ခြေချော်လို့ လဲလိုက်သဖြင့် ဦးလေးပွ တစ်ယောက် အဲချာတိတ်ကို ထူပေးရင်း လက်ဆွဲလို့ သူရဲ့ကားဆီကို ဖမ်းခေါ်လာခဲ့ကာ ကားနားရောက်တော့ “ကဲကြည့် မင်းတို့ကန်လိုက်တဲ့ဘောလုံး ငါကားရဲ့နောက်ဖက်တံခါးမှန်ကိုထိပြီး ကွဲသွားပြီး ကားထဲက ဘောလုံးက မင်းတို့ကန်နေတဲ့ ဘောလုံးမလား”

“ဟုတ်ပါတယ် သားတို့ကန်နေတဲ့ဘောလုံးပါ”

“အေး ဟိုမှာ ဆက်မပြေးဘဲရပ်နေကြတဲ့ မင်းသူငယ်ချင်းတွေခေါ်လိုက် မင်းတို့ဘယ်လိုလျော်ပေးမှာလဲပြော”

“ဟေ့ ကောင်တွေပြန်လာကြအုံးဟ ဒီမှာလာရှင်းကြအုံး”

လို့လူမော်က သူ သူငယ်ချင်းတွေကို လမ်းခေါ် လိုက်တော့ အားလုံးကားဆီကိုပြန်လာကြလေရဲ့

“ဟာ ဦးကလည်း ဦးကားမှန်ကို သားတို့ခွဲတာမှမဟုတ်တာ”

“ဟ ဘာလို့မင်းတို့မခွဲရမှာလဲ ဟိုဘောလုံးက မင်းတို့ကန်တာလေ”

“ဦးကားဆီကိုရောက်အောင် သားကန်တာမှ မဟုတ်တာ”

“မင်းတို့မကန်ရင် ဘယ်သူကန်မှာလဲ ခုန ဒီနားမှာ မင်းတို့အုပ်စုကန်နေတာဘဲလေ”

“သားတို့တွေ ဒီနားမှာဘောလုံးကန်နေကြတယ်ဆိုတာတော့ ဟုတ်ပါတယ် ဒါပေမယ့် ဦးကားမှန်ကွဲအောင် ကန်လိုက်တာတော့ သားမဟုတ်ဘူး ဘယ်သူကန်တာလဲ ဦး မြင်လား မြင်ရင် အဲဒီသူငယ်ချင်းကို လက်ညိုး ထိုးပြ”

“သားလည်းဦးကားဆီမကန်ဘူး”

“ဟုတ်တယ် သားကန်တာက ဦးကားဆီမဟုတ်ဘူး”

အဲဒီလို ကလေးတစ်သိုက်တစ်ယောက်တစ်ပေါက်ငြင်းချက်ထုတ်လေရဲ့

“ဦးဘယ်သူကန်တာမြင်လဲ”

“ဟ ငါကားလာမှန်မယ်လို့မှမထင်တာ ငါက ဘယ်သူကန်တာလဲ လိုက်ကြည့်နေတာမှ မဟုတ်တာ”

“ဒါဆို ဘယ်သူကန်တယ်ဆိုတာ ဦး မျက်မြင်မတွေ့ဘဲနဲ့ လျောက်လျှော်ခိုင်းတာတော့ မတားရားဘူးဗျ”

“သြော် အေး အေး မတရားဘူးလို့ မင်းတို့ကဘဲ ပြောရတယ်ရှိသေး ဒီကလေးတွေ ငါလုပ်လိုက်ရ”

“ဒါဆို သားတစ်ခုမေးမယ် ဦး ကား ဒီနားမှာလာရပ်တုန်းက သားတို့ဘောလုံးကန်နေတာမြင်သလား”

“အေးလေး မင်းတို့ဘောလုံးကန်နေတာတွေ့လို့ ငါကကားကို ဒီမှာပါကင်ထိုးတာပေါ့ဟ မင်းတို့ဘောလုံး ကန်တာမရှိဘူးဆို ငါကားကို ဟိုသစ်ပင်ရိပ်အောက်ထိုးမှာပေါ့”

“အဲဒါကိုက ဦး စမှားတာဘဲ”

“ဘာကွ”

“ဟုတ်တယ်လေ ဘောလုံးကန်နေတဲ့နားမှာ ကားရပ်ရင် အခုလိုဘောလုံးမှန်နိုင်တယ်ဆိုတာ ဦးက လူကြီးဘဲ အစကထဲက တွေးတတ်ရမှာပေါ့”

“ဟေ မင်းတို့ကဘဲပြောရတယ်ရှိသေး”

“နောက်ပြီးတော့ ဦးကားပေါ်ကနေ သားတို့ဘောလုံးကန်တာကိုရော ဦးကြည့်နေသေးလား”

“ဒါတော့ မြင်နေတာကိုး ကြည့်တာပေါ့”

“အဲလိုကြည့်နေရက်သားနဲ့ ဘောလုံးက ဦး ကားစီလာတာ ဘာလို့မရှောင်လိုက်တာလဲ ရှောင်ရင်လွတ်မယ်ဉ္စာ”

“ဟကောင်ရ ရှောင်ရအောင် ကားက စက်ရပ်ထားတာလေ စက်ရပ်ထားတဲ့ကား ဘယ်လိုမောင်းရှောင်ရမှာလဲ”

“ဦး ကရှောင်လို့ပြုလို့လွယ်အောင် ဘောလုံးကန်တဲ့နားရပ်တဲ့ကား စက်လေးဘာလေးနိုးထားမှပေါ့ဗျာ အခုတော့ ဦး မရှောင်နိုင်လို့ဖြစ်တာ ဘယ်သူကန်လိုက်တာလဲဆိုတာ ဦး မျက်မြင်သက်သေလည်း မပြနိုင်ဘဲနဲ့ဗျာ”

“ဟဲ့ သေနာလေးတွေ နေတော့ကွာ ငါဖာသာဘဲ မှန်အစားဝယ်ထဲ့လိုက်တော့မယ် အေး မင်းတို့ဘောလုံးလည်း ငါမပေးဘူး ဘာမှတ်လဲ သိမ်းလိုက်ပြီ”

“ဂျိမ်း”

“ဝေါ……. ၀ူး”

ဦးလေးပွတစ်ယောက်ဒေါပွပြီး ကားတံခါးစောင့်ပိတ်ကာ ကားမောင်းထွက်သွားတော့ လူအေးက ခုလို အော်ပြောလိုက်သေးတယ်

“သားတို့ဘောလုံးကိုအတင်းအဓမ္မသိမ်းသွားတဲ့ ဦး ကားနံပါတ်ကိုမှတ်ထားပြီး ဒီသစ်ပင်ကြီးမှာ black list အဖြစ်ကြေငြာကပ်ထား မှာပေါ့ဗျ”

ပြီးတော့ လူအေးတစ်ယောက်မည်တွန်တောက်တီးလိုက်သေးတာက

“သူဖာသာ အစထဲက မစဉ်းစားဘဲ ငါတို့ဘောလုံးကန်တဲ့နား ကားလာရပ်ပြီတော့များ သူငယ်ချင်းတို့ရေ”

ကဲ စာဖတ်ပရိတ်ကြီး အဲဒါသာကြည့်တော့ဗျာ သိသိကြီးနဲ့ မျက်မြင်သက်သေမရှိလို့ဆိုပြီ ဥပဒေကို လက်တစ်လုံးလား နှစ်လုံးလား ကြားချကာ လွတ်နေတာ ရှိချင်ရှိနေမှာနော့……………..။

 

 

ခင်ခ။

 

ခင်ခ

About ခင်ခ

ခင် ခ has written 454 post in this Website..