ဆိုင်းဘုတ်တွေသာ
ယိမ်းထိုးကခုန်နေကြတဲ့  မြို့ ကလေးက
ရောဂါအစုံစုံကို
ဆေးတစ်ဖုံနဲ့  ပျောက်စေမတဲ့ လေ …

အကျရည်တစ်ခွက်နဲ့ 
လွတ်လပ်စွာ အနည်ထိုင်တတ်ခဲ့ သူတွေ
ခုတော့ လည်း …
Ready made တွေကြား
အိပ်မက်တွေက ယက်ကန်ယက်ကန် …

အောက်ဈေးမိခဲ့ သတဲ့  …
လူရွှင်တော်တစ်ချို့ ဟာ
ပြက်လုံးဟောင်းတွေ ပြန်လည်ဆန်းသစ်ဖို့ 
သင်္ချာဘုတ်အုပ်ကိုင်ရင်း
ငိုက်မြည်းနေကြပြန်ရော …

စီးကရက်ငွေ့ နဲ့ အတူ
ဖောင်းပွစကားလုံးတွေ ရောယှက်မိတော့ 
ဟို …
ဂျော်ကာကြီးခမျာ
ဟန်ဆောင်ကလေးမှ မလုပ်တတ်
သံလွင်ခက်ကို ဘေးချ
ငုတ်တုတ် ထိုင်မေ့ သွားရှာတယ် …

ဒါနဲ့ များတောင်
Camera မကောင်းခဲ့ ရလို့ 
သရုပ်ဆောင် ညံ့ ခဲ့ တာဖြစ်ပါကြောင်း
မျက်နှာချိုသွေးရင်း
ကိုယ့် ကိုကိုယ်များ နှစ်သိမ့် လိုက်ကြပါသေး …

တောတွင်းပျော်

About တောတွင်းပျော်

has written 41 post in this Website..

ဒေါင်ကျကျ ပြားကျကျ ဒေါင့် မကျိုးတဲ့ လူ