အောက်ပါ စာသားကတော့  အရီးလတ် ပြောထားတာပါ။  ဟိုဘက်ပို့စ်မှာ ကွန်မင့်တအားများနေလို့။ ဒီဘက်ကို ပြန်ဆွဲလာတာပါ။

————-

အရီးလတ်  says;   “အာဏာရှင် ဘယ်က ဖြစ်လဲ” ဆိုတဲ့ ခေါင်းစဉ်နဲ့ပေါ့။

ကျွန်မ က စမယ် ရှင်။
သူကြီးမင်း အလှည့်ကျရင် ကျွန်မ ကို သူကြီးပြောတဲ့ “မြန်မာထေရာဝါဒကတော့ နှစ်ပေါင်းများစွာ ကိုယ်တိုင်ခံစား..လေ့လာဖူးလို့.. တပ်အပ်ပြောနိုင်တယ်..။” ဆိုတာ ကို အချက်အလက် လေး နဲ့ ရှင်းပြ ပေးပါ။

ကျွန်မ က အာဏာရှင်ဟာ လူ့မျိုးဗီဇ တွေရဲ့ အစပျိုး ဖြစ်လာတဲ့ စိတ်နေစိတ်ထား တွေ က ဖြစ်တာပါလို့ ဆိုမယ်။
သိပ္ပံနဲ့စိတ် ပညာရှင်တစ်ချို့ သုတေသန လုပ်ထား တဲ့ အကြောင်းတွေ နဲ့ ပြောမယ်။

အာဏာရှင်တွေရဲ့ သွင်ပြင်လက္ခဏာ၊ အပြုအမူ အကျင့်စရိုက် တွေ ကို သူတို့ ရဲ့ ဦးဏှောက် က ထိန်းချုပ် ပုံကို သိပ္ပံနည်းပညာ ရှုဒေါင့်က ကြည့်ပြောတာ တွေ အများကြီး ရှိပါတယ်။
ဒီလို ဦးဏှောက် ပိုင်ရှင်တွေ ဆိုတာ နေရာတိုင်း ရှိနေတာပါ။
သူတို့ မျိုးဗီဇ နဲ့ သူတို့ ကြီးပြင်းလာတဲ့ ပုံစံ တွေ ကနေပြီး အာဏာရှင်ဖြစ်လာပါတယ်။
သူတို့ အတွက် အခွင့်အရေး ရလိုက်တာ နဲ့ သူတို့ ရဲ့ ဗီဇပါဝါကို အသုံးချလိုက်ကြတာမို့ အာဏာရှင်စနစ် ထွန်းကားပါတယ်။
ဒါကြောင့် အာဏာရှင်တွေ ဟာ လက်နက်ကိုင် အဖွဲ့စည်း နောက်ခံ ရှိတဲ့ နေရာ မှာ အများစု ပေါ်ထွက်လာတာပါ။
ဒါကြောင့်လဲ စစ်တပ် ဆိုတာ အာဏာရှင်က ဦးဆောင်လိုက်နိုင်ချိန် လူကြမ်းဘဝ ကို ရောက်ရှာကြရတော့တာပေါ့။

ဒါကြောင့် ဘာသာရေး အဆုံးအမ က နေ အာဏာရှင်ဖြစ်တယ် ဆိုတာ ကို လုံးဝ ကို လက်ခံလို့ မရတာပါ။
(ပိုဆိုးတာ က သူကြီးမင်း ရဲ့ စွဲချက် “ထေရဝါဒ” က ဆိုတာဘဲ။ ကမ္ဘာ့ကျော် အာဏာရှင်တိုင်း ထေရဝါဒီ တွေ များ ဖြစ်နေရော့လေသလား ရှင်။)

ဒီတော့ အာဏာရှင် မျိုးဗီဇ ရှိသူတွေဟာ ….
ဘာသာရေး ခေါင်းဆောင် တွေ ထဲ မှာလဲ ရှိမှာပါ။
ကျောင်းဆရာ တွေထဲ မှာလဲ ရှိမှာပါ။
ဆရာဝန်၊ အင်ဂျင်နီယာ၊ လယ်သမာ၊ အနုပညာရှင်၊ နိုင်ငံရေးသမား တွေထဲ မှာလဲ အာဏာရှင်မျိုးဗီဇ ပါသူတွေ ရှိမှာဘဲ။
ဟောဒီ က ကျွန်မ တို့ ရဲ့ ချစ်သော ရွာထဲ မှာ လဲ ရှိနိုင်သပေါ့။ မြင်ကြည့်လေ။
ဘယ်သူတွေ ဖြစ်နိုင်မလဲလို့။ :wink:

အဲဒီအကြောင်းမျိုး ဆောင်းပါးတစ်ပုဒ် က ဒီမှာ ဖတ်ပါ။
https://www.psychologytoday.com/blog/the-psychopath-inside/201111/the-mind-dictator
အဲဒီအကြောင်းမျိုး ဖိုရမ် တစ်ခု ကို အသေးစိတ် နားထောင်ချင်ရင် ဒီ မှာ နားထောင်ပါ။
အာဏာရှင်တွေ၊ လူသတ်သမားတွေ ရဲ့ အပြုအမူ တွေ ကို သူတို့ ရဲ့ ဦးဏှောက် ကနေ ဦးဆောင်မှုပြုတာတွေအကြောင်း ရှင်းပြထားတာပါ။
အရမ်းစိတ်ဝင်စားဖို့ ကောင်းပါတယ်။
အဲဒီ ဖိုရမ်ထဲ မှာ ဦးနေဝင်း ပုံတောင် ပါပါတယ်။

ကျွန်မ လက်လွတ်စပယ် မငြင်းပါဘူး။ အချက်အလက် နဲ့ လက်ခံနိုင်တာ ကို ပြောပါတယ်။
အာဏာရှင်များ က သာ သူတို့ ပါဝါမြဲစေရအောင် လက်နက် အင်အားအဖြစ် သုံးဖို့ ဘာသာရေး ကို အကြောက်တရား၊ အမုန်းတရား တွေနဲ့ လွှမ်းထားပြီး အစွန်းရောက် အောင် လုပ်ထားတာပါ။
အာဏာရှင် ဆိုတာ တရားနာရုံ နဲ့ အလွယ်လေး ဖြစ်နိုင်ရိုး လား သူကြီးမင်းရယ်။

—–

မျှစ်ကြော် ယူဆချက်က အောက်ပါအတိုင်းဖြစ်ပါတယ်။

ဘာသာရေးက အာဏာရှင်ကို မွေးထုတ်ပေးတယ်လို့  မဆိုလိုပါဘူး။

ဘာသာရေးက အာဏာရှင်စနစ်ကို မွေးထုတ်ပေးတယ်လို့ ယုံပါတယ်။

အာဏာရှင်စနစ် ဖြစ်လာတာဟာ အာဏာရှင်ကြောင့်လို့  တစ်ဖက်သတ် ပြောလို့မရဘဲ လုပ်တဲ့လူရော ခံတဲ့လူရော နှစ်ဦးနှစ်ဖက် မှာ တာဝန်ရှိတာပါ။ လူတွေကို ဘာသာရေးနဲ့ သေ၀ပ်လိမ္မာအောင် လုပ်နိုင်ပြီဆိုရင် (ရှိတာလေးနဲ့  ရောင့်ရဲတတ်တာမျိုးကအစ) အာဏာရှင်ဟာ အာဏာနဲ့ အုပ်ချုပ်လို့ ရသွားပါပြီ။

ဘာသာရေးက အာဏာရှင်ကို မမွေးထုတ်ပေမယ့် အာဏာရှင်ဟာ အာဏာရှင်စနစ် ဖြစ်တည်ပုံကို မသိဘဲ ကို မနေဘူး။ သူတို့ လေ့လာ ထားပြီးသား။ ဒါကြောင့်  အာဏာရှင်စနစ်တည်မြဲအောင် ဘာသာရေးကိုလည်း ကောင်းကောင်းအသုံးချသွားနိုင်ကြတယ်။ အာဏာရှင်ဟာ အစွန်းရောက်ဘာသာရေးကို မွေးထုတ်ထားကြတယ်။ ဥပမာ အယာတိုလာ ခိုမေနီ။

အစ္စလာမ္မစ် နိုင်ငံတွေမှာ  ဒီလောက် ပူလောင်အိုက်စပ်နေတဲ့ ရာသီဥတုထဲ မိန်းမတွေကို စောင်မည်းကြီး ခေါင်းမြီးခြုံထားနိုင်အောင် ဘာသာရေးက စွမ်းပြီဆိုမှတော့ အဲဒီ တိုင်းပြည်တွေကို အုပ်ချုပ်စရာ အာဏာရှင်ကို မလိုအပ်ဘူး။ သူ့အလိုလို ဖြစ်တည်ပြီးသား။ ဒီမို အမည်ခံထားတဲ့ အစ္စလာမ္မစ် တိုင်းပြည်တွေ အတွင်းသားထဲမှာ ခုချိန်ထိ အာဏာရှင်စနစ်။

တဖန် ဘာသာရေး အစွန်းရောက်မှုကိုပဲ ဘာသာရေးလွတ်လပ်မှုအောက်မှာ သွတ်သွင်းလိုက်ကြတယ်။ လွတ်လပ်စွာကိုးကွယ်ခွင့်ကပဲ ဒီမို ဖြစ်နေသလိုယူဆလိုက်ကြတယ်။ အမှန်တကယ် လိုအပ်နေတဲ့ ဦးနှောက်ဖွင့်ပေးမှုကို ဒီနည်းနဲ့ ရှောင်လိုက်နိုင်ကြတယ်။ ကိုယ့်ကိုယ်ကိုယ် လူသားပါကလား ဆိုတဲ့ အသိ ပျောက်သွားအောင်ထိ လူသားတန်ဖိုးကို ချပစ်လိုက်နိုင်ကြတယ်။ အာဏာရှင်စနစ်ရဲ့ အသက်သွေးကြောဟာ ဘာသာရေးပဲ။ ဗုဒ်ဓ၊ ခရစ်၊ အလာဟ် တခြားရှိဦးမယ်။ ခရစ်ယာန်ဘာသာ မဖြစ်နိုင်ဘူးလို့ ဆိုချင်ရင် ဟိုခေတ် ပုပ်ရဟန်းမင်းကြီးတွေ တန်ခိုးထွားပုံကို တစ်ချက်လောက်ပြန်စဉ်းစားကြည့်ပါ။ သူတို့ အနောက်နိုင်ငံမှာ နောက်ပိုင်း ဘာသာရေး အားနည်းလာတာရယ်။ နဂိုကတည်းက ဘု၇ားနဲ့ လူသားကြား ကွာဟချက် သိပ်မရှိတာရယ် ( ဥပမာ ဘုရားနဲ့ ထမင်းအတူစားတာတို့၊ စိတ်ဆိုးရင် ဘုရားကို ဆဲတာတို့) ကတစ်ကြောင်း  ပြီးတော့ သူတို့လူမျိုးတွေ ခေါင်းပြောင်းတာကြောင့်ရော (မာတင်လူသာကင်းတို့ အပါအ၀င်) အဲဒီမှာ ဘာသာရေးလွှမ်းမိုးမှုကနေ အတော်များများ လွတ်ကြပါတယ်။

အရှေ့တိုင်းကျတော့ ဘယ်ဘာသာဝင်တွေဟာ အရက်စက်ဆုံးလဲ။

ဘယ်ဘာသာဝင်တွေဟာ အသတ်အဖြတ် လက်အယဉ်ဆုံးလဲ။


ဝင့်ပြုံးမြင့်

 

ဝင့်ပြုံးမြင့်

About ၀င့်ပြုံးမြင့်

wintpyone myint has written 57 post in this Website..

IN LOVE I TRUST.