IMG_2629“မဲ့”

ဘ၀အထွေထွေမှာ
တချို့က
နေစရာမဲ့ တယ်။
တစ်ချို့ က
စားစရာမဲ့တယ်။
တစ်ချို့က
အသပြာမဲ့တယ်။
တစ်ချို့က
ဂုဏ်မဲ့တယ်။
တစ်ချို့က
သိက္ခာမဲ့တယ်။
တချို့က
အရှက်မဲ့တယ်။
တစ်ချို့က
သစ္စာမဲ့တယ်
တစ်ချို့က
ခံစားချက်မဲ့တယ်။
တစ်ချို့က
ကိုယ်ချင်းစာတရားမဲ့တယ်။
တစ်ချိုက
ကိုးကွယ်ရာမဲ့တယ်၊
တစ်ချို့က
အတွေးအခေါ်မဲ့တယ်
တစ်ချို့က
အဆင်ခြင်မဲ့တယ်
တစ်ချို့က
အကြောက်တရားမဲ့တယ်

တစ်ချို့က
………….
တစ်ချို့က
………………
သူများတွေကိုသာစဉ်းစား
ငါကိုယ်တိုင်ကရော
ဘာတွေများမဲ့နေသလဲ
တွေးရင်းတွေးရင်း
မူးချာပါတ်ချာလည်။

ကိုပေါက်လက်ဆောင်အတွေးစဉ်
၂၅၆၁၆

ကိုပေါက်(မန္တလေး)

About ကိုပေါက်(မန္တလေး)

ko pauk mandalay has written 1570 post in this Website..

အတွေးပါးပါးလေးကနေ ထူသွားပြီထင်တော့ အရင်လောက်တော့ စာမရေးဖြစ်တော့ဘူး။