တောတွင်းပျော်ရဲ့  တောင်ရောက် မြောက်ရောက် ခရီးသွားဓါတ်ပုံ မှတ်တမ်းတွေ
တင်နေတာကနေ တလှဲ့  ခရီးသွားလာရင်း မတော်တဆ ခလုတ်တိုက်မိပြီး နှိပ်မိတဲ့ ပုံတွေ
ပြောင်းတင်ကြည့် လိုက်အုံးမယ်။

ကျနော်တောတွင်းပျော်က ဓါတ်ပုံရိုက် ဝါသနာသာပါတာ .. ပညာနဲ့  ပတ်သက်လို့ ကတော့ 
ခလုတ်နှိပ်တတ်တာတစ်ခုပဲရှိတယ်။
အလင်းအမှောင် အသွေးအရောင်ဆိုတာလည်း နားလည်တာမဟုတ်။
ပုံတစ်ခုမှာ အဝါ အနီ အနက် မျှတမယ်ဆို ကြိုက်မိတော့ တာပဲ။
အစိမ်း အပြာ အဖြူ ပြေပြစ်တယ်ဆိုလည်း လှတယ်လို့  လူပြိန်းအတွေးနဲ့  လက်ခံမိတော့ တာ။
ရှုခင်းအလှပုံတွေကို ပြောပါတယ်။

အခုလည်း သွားရင်းလာရင်း ရိုက်မိခဲ့ သမျှထဲက စိတ်ထဲက ကြိုက်တဲ့ ပုံတွေ တင်လိုက်ပါရဲ့ ။
တစ်ပုံရဖို့ အတွက် ဓါတ်ပုံဆရာမဟုတ်တော့  ပုံပေါင်းများစွာတော့  ရင်းခဲ့ ရတယ်။
မြေဒေသအလိုက် အမှတ်တရ ရိုးရိုးသဘာဝပုံလေးတွေပါခင်ဗျာ ..

တညင်ရွာ နေအထွက် ဘုရားသုံးဆူလမ်း

တညင်ရွာ နေအထွက် ဘုရားသုံးဆူလမ်း

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့ နယ်က ကျောက်တောင်တန်း ဘုရားသုံးဆူလမ်း

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့ နယ်က ကျောက်တောင်တန်း ဘုရားသုံးဆူလမ်း

ကရင်ပြည်နယ်က လွင်ပြင်ပြန့် ပြန့် တွေမှာ ကျောက်တောင်ကြီးတွေ မားမားမတ်မတ် ထီးထီးကြီး
ရပ်နေတာက အဝေးကနေကြည့် လိုက်ရင် အလွန်လှသဗျ။

နယ်စပ် ထီးခီးစခန်းကအပြန် မေတ္တာမြို့ အထွက် နေလုံးကြီးနှုတ်ဆက်ချိန်

နယ်စပ် ထီးခီးစခန်းကအပြန် မေတ္တာမြို့ အထွက် နေလုံးကြီးနှုတ်ဆက်ချိန်

မွန်ပြည်နယ် ရေးမြို့ နယ်ထဲက ဆေးတောင်ပေါ်က မြင်ကွင်း

မွန်ပြည်နယ် ရေးမြို့ နယ်ထဲက ဆေးတောင်ပေါ်က မြင်ကွင်း

ဆေးတောင်တက်ခဲ့ တဲ့  အချိန်က နွေခေါင်ခေါင် သင်္ကြန်တွင်းကာလ။
ပတ်ဝန်းကျင်တခွင်က ခြောက်သွေ့ နေပေမယ့်  ဆေးတောင်ကတော့  အချိန်တိုင်း တိမ်ခိုးတွေနဲ့  ဝေနေတယ်။
အောက်ကကြည့် တော့ တိမ်
အထက်ကကြည့် က မှိုင်း …

ဆောင်းလွင်ပြင်

ဆောင်းလွင်ပြင်

ဒါက စုံနံ့ သာ ကိုရင်လေး ရေးမြို့ နယ်ကပါ။

ကျိသလ္လန် veiw

ကျိက်သလ္လန် veiw

မော်လမြိုင်က ကျိုက်သလ္လန်ကုန်း ဒီအချိန်ရောက်တုန်း မရိုက်ရမနေနိုင်အောင်ပါ။
နေဝင်ရာ မိုးကုပ်တဖက်စွန်းဆီမှာ ကွယ်လွန်ပြီး ဘိုးဘွားတွေရဲ့  အရိပ်တွေကို မြင်ယောင်မိသလိုပဲ။

ကျောက်ကလာပ် ကန်ရေပြင်

ကျောက်ကလာပ်

ကျောက်ကလာပ်

ကျောက်ကလာပ်ကမြင်ရတဲ့  ဇွဲကပင်

ကျောက်ကလာပ်ကမြင်ရတဲ့  ဇွဲကပင်

ဒီအထက် ၃ပုံကတော့  လူအများရောက်ဖူးကြတဲ့  ဖားအံ ကျောက်ကလာပ်က ရိုက်ထားတာတွေပါ။

တောတွင်းပျော်

About တောတွင်းပျော်

has written 41 post in this Website..

ဒေါင်ကျကျ ပြားကျကျ ဒေါင့် မကျိုးတဲ့ လူ