worry8
ဧရာဝတီတိမ်ကောသွားမယ်၊ခန်းခြောက် ပျက်စီးသွားမယ်
ဆိုပြီး စိုးရိမ်ကြသူတွေကFaceBook ပို့စ် မှာ မှတ်ချက်ရေးကြတယ်၊
———
worry7
ဒီကိစ္စ နဲ့ပတ်သက်ပြီးတင်ပြပြီးပါပြီ၊” မြစ်ဆုံရေကာတာရဲ့ ရေသိုလှောင်မှု
ကြောင့် ဧရာဝတီ မြစ်ရေခမ်းခြောက်သွားနိင်မလား၊”
” သောင်တွေတင်လို့ရေသွားလမ်းကြောင်းပိတ်ဆို့နိုင်မလား”
ဆိုတဲ့ စတုတ္ထ မေးခွန်း ကိုထုတ် ခဲ့တယ်၊အဲဒီမေးခွန်းကို ” မြစ်ဆုံ အမှား နဲ့ အမှန် ဆောင်း ပါး # ၆” ရဲ့
အောက်ပိုင်း မှာ ရုပ်ပုံ နဲ့တကွဖြေထားပါတယ်၊
(ယင်းဆောင်းပါး အမှတ်စဉ် # ၆ ကိုဘတ်ပေးပါရန်)
http://mandalaygazette.com/224008
 worry4
————-
အဲဒီလို ဖြေခဲ့တာကို မဘတ်မိတာလဲ ဖြစ်နိင်တယ်၊
နားမလည် မရှင်းသေးလို့လဲဖြစ်နိုင်တယ်၊ဘယ်လိုဘဲဖြစ်ဖြစ် စိုးရိမ် ပူပန်မှု သောကတွေကို ဖယ်ရှား
ရအောင် ထပ်တခါ ရှင်းလင်း တင်ပြပါ့မယ်၊ယင်းမှတ်ချက်တွေကို စုစည်းပြီးဖြေ ပေးမယ်၊
ဧရာဝတီ ရေစီးဆင်းမှု နဲ့ပတ်သက်တဲ့အမေး နဲ့အဖြေ အချို့

ဆို။ ဧရာဝတီမငိုပရစေနဲ့
ဖြေ။ မငိုစေရပါ၊ လန်းဆန်း နေမှာပါ၊
————–

worry5
ဆို။ ဧရာဝတီမြစ်ကို ပိတ်တယ်ဆိုတော့ ကျေးရွာ တွေ သဘာဝ
အလှတရားတွေပါဖျက်စီးကုန်ပြီ
မြစ်ဆုံလုပ်ရင် စိုက်ပီူးမွေးမြူရေးလုပ်တဲ့တောင်သူတွေရေကြောပြက်
မြန်မာ့ ကျောရိုးကို မဖျက်ဆီးသင့်ပါ။
————-

worry2
ဖြေ။ ဧရာဝတီကိုပိတ်ပစ်တယ်ဆိုတာ လုံးဝမဟုတ်မမှန်ပါ၊
ကျေးရွာ သဘာဝ အလှတရားကို့ကိုလဲ မဖျက်စီးရပါ၊
မြစ်ဆုံလုပ်ရင် စိုက်ပီူးမွေးမြူရေးလုပ်တဲ့တောင်သူတွေရေကြော
ပြတ်တယ်ဆိုတာလဲမမှန်ပါ၊
————–

worry3
ဆို။ နဂို အတိုင်း ခုလိုဧရာဝတီမြစ် ကြီးတသွင်သွင် စီးနေတါ သားစဉ်
မြေးဆက်မြင်နိုင်အောင်ဆေါင်ရွက်ပေးပါ။

ရေကြောင်းပိတ်မယ်သောင်တွေပေါလာမယ်

ပြည် သူ တွေ အ တွက် သောက် ရေ ခမ်း အောင် မ လုပ် ပါ နဲ့၊
ဧရာဝတီင်္မြစ်လဲရေခန်းနိင်တယ်

မြစ်ကြီးတိမ်ကောသွားရင် မြန်မာနိုင်ငံကကန္တာရဖြစ်သွားလိမ့်မယ်..

ဖြေ။ မြစ်ကြီး မတိမ်ကော၊ သောင်လဲ မပေါ၊ ရေလဲ မ ခမ်း၊ နဂိုရ် အတိုင်း
တသွင်သွင်စီးနေမှာ၊ ဒိထက်တောင် စီးနိုင်အောင် လုပ်နိုင်မှာပါ၊
မြန်မာနိုင်ငံက ကန္တာရ မဖြစ်စေရပါ၊


worry6
ဆို။ ဧရာဝတီဟာငါတို့ရဲ့အသက်ဝိညာဉ်
တို့နိုင်ငံရဲ့အသက်သွေးကြောဧရာဝတီ
ဧရာဝတီဟာ မြန်မာပြည်ရဲ့ မိခင်ပါ

ဖြေ။ ဧရာဝတီမိခင် အသက်အဓွန့်ရှည်ပါစေ၊၊ဒီမိခင်
ကြီးကိုမှီးပြီးသွားလာလုပ်ကိုင်စားသောက်
ကြတဲ့ပြည်သူအပေါင်းတို့လဲ ချမ်းသာရွှင်းလန်းရ
အောင်ဆောင်ရွက်ပေးရမှာပါ၊
————–
မဘတ်မိသူအတွက်ရော မရှင်းသေးသူတွေအတွက်ပါ ထပ်မံရှင်းလင်းပါရစေ၊
သိပြီးသား ပုဂ္ဂိုလ် များ သီးခံပြီးဘတ်ပေး ပါရန်၊

သာမန်လူပိန်းတဦးအနေနဲ့တွေးနိုင်တာက ရေကာတာ ဆိုရင် ရေကို ကာပစ်
ပိတ်ပင် ပြီးရေတွေကိုသိုလှောင်လိုက်တာဘဲ၊ရေတွေကဆက်မစီးဆင်းနိုင်တော့ပါ၊
ပြီးတော့ ဂျိုးဖြူကန် လို သောက်သုံးရေအဖြစ်မြို့တွေကိုပို့တယ်၊ဒါမှမဟုတ်ရင်
ကျောက်ဆည် လို ရေနဲတဲ့နေရာကို စိုက်ပျိုးရေးအတွက် ဆည်မြောင်းနဲ့သွယ်
ပြီးရေတွေပို့တယ်၊

ဒီလိုမြင်လို့ ဧရာဝတီ ရေကြောပြတ်အောင် ဖျက်ဆီးတယ်၊တိမ်ကော ခန်းခြောက်
အောင်လုပ်တယ်၊လယ်ယာကိုင်းကျွန်း ရေသွားလုပ်ငန်း ပျက်စီးအောင် လုပ်တယ်
တွေးတောကာ ပူပင်စိုးရိမ်လာတယ်၊ဒေါသ မီးကြီးတဟုန်းဟုန်းတောက်လောင် လာ
တော့တယ်၊
ဒီလိုနေရာမျိုးမှာခေါင်းအေးအေးနဲ့ကိုယ့်ဟာကိုယ်မေးခွန်းထုတ်ပါ၊

မြစ်ဆုံရေကာတာ က ရေလွှတ်ပေါက်မထား ဘူးလား၊
ရေတွေကို အသေပိတ်ပြီး သိုလှောင် ထားမှာလား၊
စိုက်ပျိုးရေးသက်သက်တည်ဆောက်မဲ့ ဆည်ကြီးလား၊

မဟုတ်မမှန်ပါ၊
ရေလွှတ်ပေါက်ရှိတယ်၊အသေပိတ်တာမဟုတ်၊

အတိုင်းအတာ အမြင့်တခုဆီရောက်အောင်ရေသိုလှောင်
ကာ ရေတွေကို ရေတံခွန်လို အမြင့်ကနေ တအား လွှတ်ချ ရတယ်၊
ဒါမှ turbine တာဘိုင် တွေလည်လို့လျှပ်စစ်ဓာတ်အား ထုတ်လို့ရတယ်၊
ဒါနဲ့လွှတ်လိုက်တဲ့ရေတွေက မူလ အတိုင်းဘဲ ဆက်လက်ပြီး
စီးဆင်းသွားတော့တယ်၊

တနည်းပြောရရင် “ယာယီ” သိုလှောင် တာပါ၊ ပြေးခုံပစ်
တန်းကျော်ပြေးပွဲ (hurdle ဟာဒယ်) မှာဆက်ပြေးကြတလို၊ ရေတွေက
မြင့်တင်ပြီးနောက် အခါအားလျော်စွာ စီးဆင်းမြဲစီးဆင်းနေ မှာပါ၊

ဒီကြားမှာ တန်ဘိုးရှိလှတဲ့ ” ရွှေဖြူ”ဖြစ်တဲ့ လျှပ်စစ်ဓာတ်အား ကိုရယူလိုက်တယ်၊

ဒိအပြင် ကိုယ့်ကိုယ် ကို ထပ်မေးနိုင်တာက

ဧရာဝတီ မြစ်ရေ အားလုံး ကို ပိတ်လှောင်ပြီး ယူသုံး ဘို့လိုပါ့မလား၊
ဒီလို ယူနိုင်စွမ်းရှိပါ့မလား၊
စီးဆင်းလာတဲ့ရေတွေ အားလုံးကို ကာဆီးပိတ်ပစ် လို့လဲ ရပါ့မလား ပါ၊

ရှင်းနေပါတယ်၊ မြစ်ရေတွေ အားလုံးဘဲဖြစ်ဖြစ်၊ ၁၀% ၁၅ % ကျော် ဘဲ ဖြစ်ဖြစ်၊
ယူသုံး ဘို့လဲမလို၊ယူနိုင်စွမ်းလဲမရှိ၊ကာစီးပိတ်ပင်လို့လဲမရပါ၊

မှတ်သားဘွယ်ရာအချက်

ရေအားမှလျှပ်စစ်ဓာတ်ထုတ်တဲ့ ရေကာတာ က ဒီလို အသေ ပိတ်ပြီး ရေတွေ ကို
သက်သက် လှောင်တာမှ မ ဟုတ်ပါ၊
ရေတွေပြန်လွှတ်မှ လျှပ်စစ်ဓာတ်အား ထုတ်နိုင်တာ ကို မ သိ ကြ ပါ၊

fatcat1fatcat11fatcat10

 

 

(ဒီကြားထဲက တောကြောင်တွေက လက်ခမောင်း ခတ် ကြ တယ်၊ သူတို့ကတော့ကြောင်ပါး ပါ၊
သိသိ နဲ့ ပွဲလှန့်ဖြာခင်း ဆိုတာလို စွ ပေး၊ ဖွ ပေး ကြ တော့တယ် ဧရာဝတီကိုကယ်ကြပါအုန်းနဲ့ပေါ့လေ
ဆုတော်ငွေတွေရကြအုန်းမယ်၊

 

 အမှန်ကို ဘယ်ပြော မလဲ၊
မြေငလျင်နဲ့ဖြဲခြောက်လိုက်၊ရေကာတာပြိုကျမယ်လို့ခြောက်လိုက်၊
ရေခန်းမယ်၊ရေကြီးမယ်နဲ့ခြောက်လိုက်၊တကယ် လက်မလည်တဲ့
 
ကြောင်ပါးတွေဘဲ၊ အဖြူကိုအမဲဖြစ်အောင်ပြောတတ်တယ်၊
သတိမထားရင် နှပ်ချ သွားမှာပါ၊

 

ဂဟေဆက်သမားနဲ့မုန့်ဟင်းခါးသယ်

ငယ်ငယ်တုန်းကဖြစ်ရပ်ကိုပြန်သတိရတယ်၊ အာလူးကြက်သွန်ဆိုင်တဆိုင် က မလေးရှားမှစား
အုန်းဆီတွေရောင်းတယ်၊ ၄ ဂါလံ သံဖြူ ပုံးနဲ့တင်ပို့လာတာ အတင်အချမှာ သံဖြူ ပြားအဆက်တွေ
အက်ကြောင်းလေး အပေါက်လေးတွေဖြစ်လာတယ်၊ဂဟေဆက်သမားက ၎င်းဆိုင်ရှေ့ ကို မနက်
စောစောဆိုရောက်လာတယ်၊အရောင်းအဝယ်စည်ကား လို့လဲ မုန့်ဟင်းခါးသယ် အ ဒေါ်ကြီးကလဲ
ရောက်လာတယ်၊ ရောင်းကောင်းတယ်၊
ဂဟေဆက် သမား နဲ့သိကျွမ်းလာလို့ ဂဟေဆက်သမားက အဒေါ်ကြီးကိုသွား စ တယ်၊
အဒေါ်ကြီး အလစ်မှာ ခါး ကို ကလိထိုးပြီး ဝါးလက်ခုတ်လို တချက်ပြီးတချက် ဟန်ချက်ပါပါ နဲ့လက်ခုတ်
လဲတီး သီချင်းလဲ ဆိုတော့တယ်၊

မုန့်ဟင်းခါးသယ် အဒေါ်ကြီး ကလဲ ယောင်ပြီး လက်ဟန်ခြေဟန် နဲ့ထ က တော့တယ်၊ အရှိန်လေး ပြေသွား
တော့ ဂဟေဆက်သမား ကို ဆဲ လိုက် တာ ဘေးကြည့် ပရိသတ် က တဟားဟား နဲ့ ပွဲကျတော့တယ်၊

 

 

fatcat9fatxat8fatccat3

အလားတူစွာ ဦးကြောင်တွေလုပ်ကြံ ပြီးအမှောင့်လုပ်တာ ကြောင့် မသိနားမလည်တဲ့သူတွေက ယောင်ဝါးဝါး ဖြစ်နိုင်တယ်၊ကိုယ့်
ဆရာအနောက်နိုင်ငံက ဘာကြောင့် ရေကာတာ ထောင်သောင်း နဲ့ချီပြီးလုပ်ကြတယ်၊ ကိုယ့်အမိနိုင်ငံကြတော့
တလုံးတလေတောင် မ သဒ္ဓာ တာ ဘယ်လိုလဲ ဖြေစမ်းပါအုန်း?

မကူညီနိုင်ရင် ဘေးထိုင် ပေါ့ ဗျား၊ အရော်လိုက်နိုင်ရင်လဲ လုပ်ပေးဘို့ လိုက်ပြောပေးစမ်းပါ ဆရာကြောင်ကြီးရဲ့၊

———

 

Burmap1

ဒါနဲ့ ဧရာဝတီ မြစ်ရဲ့အလျားက ၁၃၄၈ မိုင်
မြစ်ဆုံရဲ့ အလျား က တမိုင် နှစ်မိုင် လောက်ဘဲ၊
ဝ. ၀၁ % ဝန်းကျင် ဘဲရှိမယ်

burchinmyitsoneBurmyit

 


ဧရာဝတီ ရဲ့ ရေထုထည်ပမာဏက Basin ၁၅၉,၇၃၄ စတရန်းမိုင်

 

မြစ်ဆုံအ တွက်ရေသိုလှောင် Surface Area က  ၁၇၃ စတုရန်းမိုင်
ဆိုကြတယ် ၀. ၀၁ % ဝန်းကျင် ဘဲရှိမယ်၊

burpyayburdelta

အဆပေါင်း ၁၀၀၀ မှာ ၁ ဆ ဆိုတော့ မယှဉ်သာပါ၊

ဧရာဝတီ ကရေတွေကိုမြစ်ဆုံရေကာတာ တနေရာမှာဘဲ ထဲ့လို့ လဲ မရ၊
ဝင်လဲ မဆန့် ပါ၊

တနေရာမှာဘဲ ပိတ် ထား လို့လဲ မ ရပါ၊ ပိတ်ဘို့ကြိုးစားရင် ရေတွေက

ရေကာတာကို ကျော်လျှံ ပြီး ဆက်လက် စီးဆင်းသွားမှာပါ၊
တားလို့ မရ ပါ၊

overgilboaoverkevadiaoverlamesaovernarmadaoverselaulimoverwellington

စီပီအိုင် ဥက္ကဌ ရှင်းလင်းချက်မှာ( နှင်းရေပြော်ချိန် မိုးရာသီ) ရေကြီးချိန်မှာ
ရေတွေ( လေလွင့်စီးဆင်းသွား မဲ့ အတူတူ) ၎င်းမှ ၃.၅ % ကို သိုလှောင်ပြီး၊
နွေရာသီကျတော့ရေ နဲချိန်မှာ ၎င်းမှ ၁၆ % လွှတ်ပေးမှာပါ၊

မိုးရာသီ ရေတအားများချိန်မှာ ပိုလှောင်လို့ ဧရာဝတီ အောက်ခြေပိုင်း
က ရေဘေးအန္တရယ် သက်သာနိုင် မယ်၊

နွေရာသီ ရေနဲချိန်မှာ ယခင်က လှောင်ထားတဲ့ရေတွေကနေပြီး ပြန်
လွှတ်ပေးတော့ အောက်ခြေပိုင်းက ခြောက်သွေ့ရာမှ ပြန်လဲ လန်းဆန်း
ဆိုပြေ လာနိုင်မယ်၊

တကယ်ကောင်းတဲ့အစီအစဉ်၊ ခေါင်းအေးအေး နဲ့စဉ်းစားကြပါ

ရေကျောလဲမပြတ် ရေသွင်သွင်စီးလို့ရယ်၊နှစ်သီးစာတောင်စိုက်ပျိုးနိုင်၊
ရေသွားလမ်း မှာ ရေ နိမ့်သွားတာ တိမ်ကောသွားတာမရှိ “သ မ” သွား မှာ
 ဖြစ်လို့ တနှစ်ပတ်လုံး နှစ်စဉ်နှစ်တိုင်းလိုလို စည်ကား ဆိုပြေမယ်၊

ဥပမာ

ဒီဇင်ဘာလ မှ မတ်လ ထိ ရေနဲလို့ မြစ်ကြီးနား ကသာ တဝှိုက် ရေလမ်း မသွား
နိုင်ခဲ့တာကို သွားလာ နိုင်အောင်ဆက်စီစဉ်ဘို့ အခွင့်အလမ်းတရပ်ပါဘဲ၊

Burmap1

မုတ်သုန် ချိန်မှာ ဘင်းဂးလားအော် ဘက်ကသယ်လာတဲ့ မိုးရေတွေက
ချင်းတွင်းမြစ်ကနေ တအားဆင်းလာ တယ်၊ ဒီရေဘေးကိုမ ကြာခဏခံရတယ်၊

မိုးကြီးရေကြီးချိန်မှာမြစ်ဆုံဘက်က ဝိုင်းထိန်းပေးလို့ရတယ်ဆိုတာကို
မျှ ကြည့်ဘို့လို၊ ရေကာတာကြီးမှ အရာရောက်ပါ့မယ်၊

=====================

hydroturb3

ရေအား ကနေ လျှပ်စစ်ဓာက်အားဖြစ်လာအောင်

Turbine တာဘိုင် က ဒါးသွား တွေကို ရေအားနဲ့လှည့်ရ၊
ရေက ဒီဒါးသွား ကြားကနေဖြတ်သန်းပြီး တအားစီးဆင်း
သွားရတယ်
ဒါးသွားနဲ့တဆက်ထဲဖြစ်တဲ့ Turbine တာဘိုင် အတန်က ဒါးသွားတွေနဲ့
လိုက်ပြီးလည်ပတ်တယ်၊
ဒီလိုလည်ပတ်ရင်း အပေါ်က Rotor ရိုတာ ကလဲလည်တယ်
သံ လိုက်ခွေတွေနဲ့ပတ်ထားတဲ့ အတွက် ဒီလိုလည်ပတ်ရင်း
ဓာတ်အား ပေါ်ထွက်လာတယ်၊
သံလိုက်တွေကိုလည်ပတ်အောင်လုပ်ရင် ဓာက်အားထွက်လာတယ်၊
ရေအားကနေလျှပ်စစ်အားအဖြစ်သို့ပြောင်းလာတယ်၊

အဲဒီအားကို စက်ရုံ နဲ့အိမ်တွေမှာသုံးနိုင်ရန် ဓာတ်ကြိုးနဲ့သွယ်ပို့တယ်၊

hydroturb6hydroturb7

ရေကို မြှင့်တင်ရအောင် ရေကာတာ နဲ့ကာ ပြီးတော့ အပေါ်ကနေ
(ရေတံခွန်လို)ရေတွေ စီးဆင်းမှဒါးသွားတွေကို တွန်းအားရှိလာတယ်၊

ရေတွေကိုအသေ ပိတ်လို့မရပါ၊ ရေတွေကိုလွှတ်ပေးမှလည်ပတ်မှာ၊

 Valve    ဆိုတဲ့ မျှားခေါင်းပုံ က ရေတွေကိုအပေါက်ကျဉ်းကျဉ်းကနေ ရေတအား ပန်းထွက်အောင်လုပ်ကာ propellers, cups
  ခွက်တွေကိုလည်စေရင်း အူတိုင်ကြီးကို လဲ လည်ပတ်စေတယ်၊)

 

(မြင်တဲ့အတိုင်း “ဒါးသွား ပန်ကာ Propellers ” အစား “သံခွက်သံအုံး Cups  ”

ကိုလဲသုံးတယ်)

 

 

hydroturb8hydroturb9hydroturb2

ဓာတ်အားထုတ်ဘို့လိုတိုင်းရေတွေ ကိုလွှတ်ရလို့. ဧရာဝတီ ကိုခမ်းခြောက်

အောင် လုပ်ဘို့ရည်ရွယ်တယ်ဆိုတာ လုံးဝ မ မှန်ကန်ပါ၊

hydriturb1
 ရေတွေပိတ်ပြီး ဆည်မြောင်းတွေသွယ်ကာ ရေခြောက်သွေ့တဲ့ အခြားနေရာတွေကိုရေသွယ်ပို့တာမျိုး၊

အလားတူ သောက်သုံးရေလိုတဲ့အခြားနေရာကို ရေပိုက်လိုင်း မြောင်းတို့ နဲ့ ရေတွေ
ပို့တာမျိုး လိုမဟုတ်ပါ၊

 

ရေအားလျှပ်စစ်ထုတ်တာဒီလိုမဟုတ်ပါ၊

ရေကိုလွှတ်ပေးမှ ရေအားလျှပ်စစ် ထုတ်နိုင်မှာ ဖြစ်လို့ အမြဲလိုလိုရေတွေစီးဆင်းနေမှာပါ၊
အဝင်ရှိတယ် အထွက်လဲရှိတယ်၊
တရုပ် 3 Gorges Dam ရေကာတာ က turbine တာဘိုင် နဲ့ရေလွှတ်ပုံတွေ
(မြစ်ဆုံ ရေကာတာ လုပ်နေတဲ့ CPI နဲ့ အပေါင်းပါတို့ က တည်ဆောက်ခဲ့ တဲ့ တရုပ်
ရေကာတာ ကြီးက ကမ္ဘာမှာလျှပ်စစ်အများဆုံးထုတ်နိုင်)

CH3GORTURB1CH3GORTURB4CH3GORTURB5CH3GORTURB6 CH3GORTURB8CH3GORTURB7

(ပုံတွေကို ကလစ် ဂျချက်လောက် နှိပ်ရင် ပုံကြီးလှလှတွေ့နိုင်တယ်၊လူပုံ
နဲ့ယှဉ်ကြည့်လို့ရမယ်)

 

3gor13gor33gor43gor5CH3GORWATCH3GOR2CH3GOR3CH3GORWAT2CH3GORWAT3CH3GORWAT4

ရေကျောပြတ်တယ်ဆိုတာလဲ မဟုတ်မမှန်ပါ၊
  သက်ဝင်လှုပ်ရှား ရှင်သန်စီးဆင်းနေကြမှာပါ၊

 

(ရေမှန်လို့၂သီးစာရနိုင်၊တိုင်းပြည်ရဲ့ကျောရိုး (မဲဆန္ဒရှင် အများစု) လယ်သမား က ချမ်းသာလာရင်
တိုင်းပြည်လဲချမ်းသာလာမှာ ၎င်းမဲဆန္ဒရှင်အများစုကနေပြီး မဲဆန္ဒ လဲရမှာ)
ဒိအပြင်၊

ရှေ့ဆောင်းပါ # ၆ ကဆိုထားတဲ့အတိုင်း ချင်းတွင်းမြစ်က ဒလာကြမ်းစီးဆင်း လာတဲ့ ရေဘေး
သက်သာသွားအောင် မြစ်ဆုံရေကာတာ အကြီးစားနဲ့တဘက်တလမ်းကနေ ဝိုင်းထိန်းပေးနိုင်
မှ တော်ရုံကျမယ် ပိုလဲ ထိရောက်နိုင်မယ် ဖြစ်ကြောင်းပါ၊

အမေရိကန် Hoover ဟူးဗား ရေကာတာ က တာဘိုင် နဲ့ရေလွှတ်ပုံတွေ

AMHOOTURB1AMHOOTURB2AMHOOTURB3AMHOO1AMHOOWAT1AMHOOWAT2AMHOOWAT3

 

=======
အမေရိကန် Glen Canyon ဂလန် ကန်ရုံ ရေကာတာ က တာဘိုင် နဲ့ရေလွှတ်ပုံတွေ

AMGRANTURB1AMGRANTURB2AMGRANTURB3AMGRANTURB4AMGRANTURB5AMGRANTURB6AMGRANDCOU

======

 

 

 

 

 

About Kyaemon

Kyae Mon has written 658 post in this Website..

Likes to post news and educational items.