“ဘဝခရီးသွား”

IMG_7075

လှေလေးတစ်စီးနဲ့

ခရီးအသွားမှာ

တခဏအတွက်

နေရာ

ရ သူရ

မရသူ  မရ

ထသူ ထ

ထိုင်သူ ထိုင်

ရပ်သူ ရပ်

စောင့်သူ  စောင့်

အလှည့်နီးသူ နီး

အလှည့်ဝေးသူ ဝေး

ငေးသူ ငေး

မျှော်သူ မျှော်

တစ်ချိန်တော့

လိုရာရောက်မယ်ဆိုတဲ့

မျှော်လင့်ချက်

ကိုယ်စီ နဲ့ပေါ့။

 

လူ့ဘဝ ဆိုတာ

မရေရာခြင်းတွေကို

ယုံစား

အချိန်များကို

အရင်းအနှီးလုပ်

မသေချာတဲ့

မရေရာခြင်းတွေကို

လောင်းကြေးထပ်

ရပ်တန့်မရနိုင်တဲ့

အိပ်မက်တွေကို

အဖော်ပြုရင်း

တစထက် တစ

လုံးပါး ပါး

အစားထိုးမရတဲ့

နုပျိုခြင်းတွေကို

မသိမသာ

ချန်ထား

အဆုံးသတ်မှာ

ဘာမှမကျန်

ဗလာချန်ထားခဲ့ရတာလေ။

 

 

ဟုတ်တယ်ဟုတ်။

 

 

ကိုပေါက်လက်ဆောင် အတွေးစဉ်

၇၇၁၆

 

ကိုပေါက်(မန္တလေး)

About ကိုပေါက်(မန္တလေး)

ko pauk mandalay has written 1569 post in this Website..

အတွေးပါးပါးလေးကနေ ထူသွားပြီထင်တော့ အရင်လောက်တော့ စာမရေးဖြစ်တော့ဘူး။