ဖိနပ် လေးတွေ အကြောင်း စ ရအောင်။

လက်တန်း ရေးလို့ရတဲ့ အတွေ့အကြုံတွေပဲ အရင် ရေးမယ်။

လက်ကိုင်အိတ်တို့ တခြားလှပပစ္စည်းတွေ မကြိုက်ခင်ကတည်းက ဖိနပ်လှလှတွေ မိုက်မိုက်ဒီဇိုင်းတွေကို မြင်တဲ့နေတာမှာတင် ငမ်းတတ်ခဲ့တာ။

ကိုယ်တက်ခဲ့ရတာ နယ်ကျောင်းး၊ ဘာ အလှပြင်လို့မှ မရ၊ လက်ဝတ်ရတနာမဝတ်ရ တဲ့ အချိန် ၅ တန်း လောက်ကတဲ့ မွေးမေလေ့က ရှူးလေးတွေ စီးခိုင်းတာ။ တောမှာတော့ စတားပေါ့လေ။ :mrgreenn:

လုံချည်နဲ့ ရှူး လိုက်လိုက်မလိုက်လိုက်ပျော်ပျော်ဂျီးကို ပဲတွေပေးတာ ဆိုတာ။

:mrgreen:

ပြန်တွေးမိမှ ရှက်လည်း ရှက်ပါတယ်။ ရှက်လည်းမရှက်ပါဘူးး

:mrgreenn:

မွေးမေလေ့က ဖိနပ်ခရေဇီ၊ သူ့ဆီမှာ မိန်းမဆန်သော ဖိနပ်အမြင့်တွေ အားကြီးပဲ။

အကြိုက်မတူတာက အဲဒီမှာ စ တယ်။ ကိုယ်က သူ့ ဒီဇိုင်းတွေ မကြိုက်ဘူးး

သူ က ကိုယ်ရွေးတဲ့ ဒီဇိုင်းတွေကို ကြမ်းသတဲ့။

အမှန်တော့ မွေးရာပါ ညာဏ်ကို က ကိုယ်နဲ့ လိုက်မှာ ကိုယ်သိနေတဲ့ ၂ ယောက်မို့ ရွေးချယ်ခွင့်ရကတည်းက ကွဲလွဲကြတာ ခုထိပဲ။

ဖိနပ်ဆိုတာလည်း ခေတ်စားသလောက် ဘယ်လိုလုပ် ဝယ်နိုင်မတုန်းး၊ ကိုယ့်ပိုက်ဆံကို မရှာနိုင်ခင်တော့ သူဝယ်ပေးတာကို ဟိုလိုလေး ငြင်း၊ ဒီလိုလေး ပူစာနဲ့ ကိုယ်လိုချင်တဲ့ပုံလေး စီးရတယ်။

:mrgreenn:

ဖိနပ် အမြင့်ကို ၇ တန်းမှာ စ စီးခိုင်းတော့ အရပ်ပုတဲ့ ကိုယ့်မှာ အဲလို ခပ်မြင့်မြင့်ဖြစ်သွားတဲ့ ခံစားချက်ကို သိပ်ကြိုက်တာနဲ့ ဖိနပ် အမြင့် ခရေဇီ ဘဝ ရောက်တော့တာပဲ။

အမြင့်တိုင်း စီးလို့ ရလား ဆိုတော့ မဟုတ်။ အမြင့်တိုင်း ကိုယ်နဲ့လိုက်လား ဆိုတော့လည်း မဟုတ်ပြန်။

အာ့ကြောင့် ကိုယ်ဖိနပ်ရွေးရင် သူများနဲ့ ပြောင်းပြန်။ အပေါ်ယံ ဒီဇိုင်းကို အရင်မကြည့်နိုင်ဘူးး၊ အသေးစိတ် ဖိနပ် ဒီဇိုင်းကို အရင် ချေးများတယ်။

 

ဥပမာ –

  • ကိုယ်က ခြေဖျားကြီးကြီးကားကားမို့ အောက်ခံ ပလက်ဖောင်း နဲ့ဆိုးပြား (platform & sole) က လေးထောင့်မှ ခြေထောက်သက်သာတယ်။
  • ခြေထောက်တုတ်တာမို့ ခြေချင်းဝတ်မှာ ကြိုးပြန်ပါတာရှောင်ရတယ်။။
  • လေဒီရှူးအဖုံးက ဘိုမတွေ လို ခြေဖျားတင်ဖုံးတာမျိုး ရွေးလို့ကို မရ။ လေဒီရှူးအလုံဆိုလည်း ပုံတုံးတာမို့ လေဒီရှူး လုံးဝမစီးး
  • ဖနောင့်မပိတ်တဲ့ ရှူးမျိုးကိုပဲ ထိပ်ပိုင်း ကျယ်ကျယ်ရွေးစီးဖြစ်တယ်။
  • ဘု ဆိုရင် ခြေသလုံးလယ်လောက်ထိ ရှည်ရင်ရှည်၊ ဒါမှ မဟုတ် ခြေထောက်တစ်ခုလုံး လုံလောက်ရုံဖြစ်ရင်ဖြစ်။ ဘု မှာ ခြေမျက်စိလောက် လည်တို က ကိုယ့်ခြေထောက်နဲ့ လုံးဝ အရုပ်ဆိုးတယ်။
  • ဒေါက်မှာလည်း ပွိုင် ဒေါက်တွေ ရှောင်ရတယ်။ ဒေါက် အတုံး (သို့) ဒေါက် အတုတ် (သို့) ခွါလျှော ဒီဇိုင်းမှ လိုက်တယ်။ လူကောင်ထွားတာမို့ ပွိုင် ဒေါက် လုံးဝမလိုက်။
  • ဖိနပ်အပါးမှာဆို ကျွန်ဖိနပ် ဒီဇိုင်း (ကြိုးတွေ ခြေသလုံးထိ) စီးချင်စီး။ မဟုတ်ရင်တော့ တဘားခြေမကွင်း ဒီဇိုင်းက အကြိုက်ဆုံး၊ အလိုက်ဆုံးပဲ။ ဒါတောင် ပလက်ဖောင်း နဲ့ ဆိုး ပြား လေးထောင့်က အင်မတန်ရှာရခက်။

အဲ။

နောက်ပြီး အရမ်းကြိုက်တဲ့ ဖိနပ်က ပုံတော် ဖိနပ်ပါဗျာ။

ဒါတော့ မန်းလေးသူပီသသားး :mrgreenn:

အရင်က မိန်းကလေးတွေ ခြေ တစ်လှမ်း ဘာ တစ်သန်း ဘာညာ ဆိုတာ ဟုတ်မယ်ဗျ။

ပုံတော်ဖိနပ်က အတော်လေးတာကိုးး ဒါပေမဲ့ အဲ့ဒီ စီးစီးပိုင်ပိုင် လေးလေးကို စီးနေကျသွားရင်တော့ တခြားဖိနပ်တွေကပေါ့ရွှတ်ရွှတ်ဖြစ်သွားရော။

ပုံတော်ကို ဘာ စီးကွင့် အလက်လက်မှ မပါပဲ သဲကြိုးပြားကြီးကြီးနဲ့ ခုံထူထူ ရှားညိုဟာ ကိုယ့် ခြေထောက်တွေကို အလှဆုံး အသန့်ဆုံးဖြစ်သွားစေတယ် ဆိုတာ ညီမလေးတို့ သိရင် သိပ်ကောင်းမှာပဲ။

:mrgreenn:

အရောင် ဆိုရင်တော့လားး ??

များသောအားဖြင့် ကိုယ့်ကြိုက်တဲ့ ဒီဇိုင်း ကွက်တိ ဆိုရင် ၂ ရံဆောင်ထားတယ်။ အဖြူနဲ့ အနက်။

အပါးဆို အသားရောင် စီးချင်လေ့ရှိတယ်။ တခါတလေ ခရမ်းတို့ လိမ်မော်တို့ အရောင်တွေ ဆွဲဆောင်ရင်လည်း ဝယ်ဖြစ်တယ်။

ဖိနပ်ကို အသန့် စီးရမှာကို မကြောက်ဘူးး၊ ဒါမှ ဖိနပ်ကို အားနာပြီး ခြေထောက် ကို သ ဖြစ်လို့။  :mrgreenn:

ဘယ်သူမှ ဖိနပ်အဖြူ မစီးရဲတဲ့ အချိန်ထဲက ဖိနပ် အဖြူ ရှာစီးပြီး ခြေထောက် သ နေရတာမို့ မျက်နှာထက် ခြေထောက်တွေက ပိုလှ ပိုသန့်တယ်လို့ အပြောခံရဖူးတယ်။

:mrgreenn:

ကျောင်း စ တက်ကတဲ့က ခြေပိတ်တွေပဲ စီးလွန်းလို့ နင့် ခြေမ ကို မြင်ဖူးချင်လိုက်တာ လို့ အစ ခံဖူးတယ်။ မန်းလေးက နေ၊ လေ၊ ဖုန်က ပေါ်တဲ့ အသားမှာ မည်းခြောက်သွားတာမို့ ခြေထောက်ကို ကာကွယ်ရတာရယ်။

:mrgreenn:

အဟေးဟေးး

တက်ရတဲ့ ကျောင်းက မြို့ပြင်မှာ။ ကျောင်းကားစီးရင် ကိုယ့်နား ဘူမှ မကပ်ဘူးး၊ ရပ်စီးရင် နေရာဖယ်ပေးကြတယ်။

ဘာလို့တုန်းဆို ခြေချော်၊ ကားဘရိတ်အုပ်တို့ဘာတို့မှာ ဒေါက်အထူကြီးနဲ့ တစ်ယောက်မဟုတ် တစ်ယောက်နင်းမိလို့။

ဖိနပ် ဒေါက်နဲ့ လူသတ်လို့ရပါတယ်။ တော်တော်တန်တန် ညှို့သကြီးကို သာ ကန်လိုက် ခွေလဲသွားမှာ။ ဟိ။  :mrgreenn:

လူကြမ်းမကြီးပါဆို။

အိမ်ကတော့ ဘီလူးကိုယ် လို့ ခေါ်တယ်။ ဖိနပ်တွေမှန်သမျှ ဒီလောက် ကြိုးစားတာတောင် အသန့်အပြန့်မကျန်ခဲ့ဘူးး သက်တမ်းမရှည်ဘူး၊ ပွန်းပဲ့နေတာရယ်မို့၊ ကြာကြာအစီးမခံဘူးး

အဲဒါ ကြောင့် ကြိုက်တာ ကိုက်တာ တွေ့ရင် ၂ ရံလောက် ဝယ်ဝယ်ထားရတာ။ မဟုတ်ရင် အသန့်စီးရမယ်ဟေ့ဆို စီးလက်စ ဖိနပ်က ချွတ်ကို မထားရဲစရာ။

ဤအဖြစ်မျိုးတွေလည်း ရှိတယ်။

 

ဟိ  :mrgreenn:

ဖက်ရှင်တွေကို ပြောင်းပြန် လုပ်ဖူးပါရဲ့။

ဘောင်းဘီအပျော့စားတွေနဲ့ ပုံတော်ဖိနပ် စီးဖူးတယ်။

လုံခြည် အပျော့အရှည် အရှည်နဲ့ နဲ့ ဘု လည်တိုနဲ့ စီးတယ်။

သီရီဂျေမောင်မောင် က စကပ် အရှည်နဲ့ စနီကာ တွဲစီးတုန်းက လိုက်စီးဖူးသေးတယ်။ (ကိုယ်လို ဂျပုကတော့ ဘယ်လှမတုန်းး)

ထင်ရာလုပ်ဖူးတာတွေပြောပြတာပါ။ ဟိ။   :mrgreenn:

 

ထားတော့။ လေပွါးတာလေး ခန ရပ်ပြီး ဖိနပ် အစိတ်အပိုင်းတွေကို သွားရအောင်။

assel-shoes-autosaved-18-638

 

34715267ada7ba8de20b3784ee021ed2

 

ပို့(စ) က မိန်းကလေး ဦးစားပေးမို့ အမျိုးသမီး ဖိနပ် ပုံစံ အမျိုးအစားလေးတွေပါ ဆက်သွားမယ်နော်။

ဘရန်း ရန်း မလို့ ကြံလိုက်ပေမဲ့ တစ်နေရာစီ တစ်နိုင်ငံစီမှာ လူကြိုက်များတဲ့ ထင်ရှားတဲ့ ဘရန်းတွေက မတူတာမို့ မပြောတော့ဘူးး

ဒီဇိုင်းပိုင်းကို သွားရအောင်။

344

ဒါကတော့ ဒီဇိုင်း နာမည်တွေပေါ့။

 

အမျိုးသားလေးတွေဖို့ ထည့်ပေးလိုက်ပါမယ်လေ။ :P

အမျိုးသားလေးတွေဖို့ ထည့်ပေးလိုက်ပါမယ်လေ။ :P

 

ဖိနပ်ဆိုတာကလည်း အရုပ်မမှာ စီးပြထားလို့ လှရုံနဲ့ ကိုယ်နဲ့မလှသလို သူများ စီးထားလို့ လှတာနဲ့ ကိုယ်နဲ့ လှတယ်လို့လည်း ထင်လို့မရစကောင်းဘူးး။

စီးမဲ့နေရာရယ်၊

ဘတ်ဂျက်ရယ်၊

ကိုယ့်လိုအပ်ချက်ရယ်၊

သက်တောင့်သက်သာဖြစ်မှုရယ် ၄ ခုစုံမှ ဖိနပ်ကောင်းရတယ်။

ကောင်းကင်ပြာလေး ရေးဖူးသလိုပေါ့။ ဖိနပ်ဘယ်လောက်ကောင်းကောင်း ကိုယ်နဲ့ မသင့်တော်ရင် စီးနေရသရွေ့က ဒုက္ခရယ်။

 

ဖိနပ် ဘယ်လို ရွေးမလဲ ဆက်ပွါးရအောင်။

၁) ကျနော်ကတော့ ကျနော် ကိုင်တဲ့ အိတ်ရဲ့ အရောင်တွေ အတိုင်းပဲ ဖိနပ် အရောင်ကို ရွေးပါတယ်။ (ဘာလို့ဆို အိတ်နဲ့ဖိနပ် အရောင်မတူရင် ဖက်ရှင်အရ ဂွမ်းလို့ပါ။ အဲတော့ အဖြူ/အနက်/သားရေရောင်/သမင်ရောင် စသည်ဖြင့်ပေါ့)

၂) ဘယ်နေရာနဲ့မဆို များသောအားဖြင့် ဘယ် ဝတ်စုံနဲ့မဆို လိုက်မဲ့ ပုံ မျိုးပဲ ရွေးတယ်။ အများကြီး ဝယ်ရအောင် ဘတ်ဂျက်က စကားပြောသေးး၊ ဆိုတော့ ၃ လက်မ ဒေါက်လောက်နဲ့ ကြိုးသိုင်းဟာ ဘောင်းဘီနဲ့ရော လုံချည်နဲ့ရော စကပ်နဲ့ပါ အိုကေတာမို့ အဲဒီ ပုံကို မရှိမဖြစ်ထားပါတယ်။

၃) အပါးဆိုရင်လည်း လုံချည်ရော၊ ဘောင်းဘီတိုနဲ့ပါ စီးရတဲ့ ဒီဇိုင်းး တဘား ခြေမကွင်း စီးရင် စီး၊ မဟုတ်ရင်တော့ ကြိုးရှုပ်ရှုပ်လေးတွေ နဲ့ အပါးဆိုရင်လည်း စကပ် အရှည်နဲ့ပါ အိုကေတာမို့ ဆောင်ထားတာမမှားပါဘူးး။

တဘား ခြေမကွင်းလို့ ခေါ်တာ ဒီလိုပုံမျိုးး အောက်ခံပြားက လေးထောင့်ကျရင် ပိုလှတယ်။

တဘား ခြေမကွင်းလို့ ခေါ်တာ ဒီလိုပုံမျိုးး
အောက်ခံပြားက လေးထောင့်ကျရင် ပိုလှတယ်။

၎) အရောင်များ ဘာရွေးရမှန်းမသိရင် အသားရောင်ကို ရွေးတယ်။ ခြေထောက် ပိုသန့်သလိုဖြစ်တယ်။ အဝတ်အစား အရောင်မရွေးဘူးး၊ လက်ကိုင်အိတ်အရောင်တွဲမမှားဘူးး

၅) ဖိနပ်တွေကို များများ စမ်းစီးကြည့်ပြီးမှ ကိုယ့်ခြေထောက်ချို့ယွင်းချက်ကို ဘယ် ဒီဇိုင်းက ကာကွယ်နိုင်တယ်လို့ သိပါတယ်။ ကိုယ့်ခြေထောက်ဘယ်နေရာလှတယ်။ ဘယ်နေရာမလှဘူးတော့ သိရမှာပေါ့လေ။

ကိုယ့်ခြေထောက်က အပိန်လား အဖောင်းလားး

အကားလား အစုလား၊

အသားအရောင်

ခြေသည်းက အရှည်လား အတိုထားလားး

ခြေသည်းဆိုးတတ်သလားး

ခြေချင်းဝတ် တုတ်သလားး၊ သွယ်သလား၊ အဲဒါတွေသိပြီးမှ အဲဒီ မလှဘူးထင်တဲ့ နေရာတွေကို ကာကွယ်ဖို့ ဖိနပ်မျိုးရှာရမှာပေါ့။

၆) ဖိနပ်ကို အွန်လိုင်းက မဝယ်ပါနဲ့။ ယိုးဒယားမတွေ ကိုရီးယားမတွေ စီးပြလို့ လှတိုင်း အဲဒီနောက်ကို စိတ်မပါသွားပါနဲ့။

၇) အတော်မြင့်မြင့် စီးချင်ရင်တော့ အရှေ့ပိုင်း ပလက်ဖောင်းပါ မြင့်တဲ့ ဖိနပ်မျိုး ရွေးရင်တော့ ကိုယ် ဇောက်ထိုးမဖြစ်ဖူးပေါ့။ ငိငိ :mrgreenn:

ဒီလောက်ဆို လုံလောက်ပြီလားတော့မသိ။

ကိုယ်တွေ့နဲ့ ယှဉ်ရေးတာမို့ လိုအပ်ချက်တွေ ရှိရင်လည်း ထောက်ပြသွားကြပါလို့။

ရေးရင်း ရေးချင်တာတွေ မေ့မေ့သွားလို့ ကော်မန့်မှာ သတိရတာတွေကို ဆက်ပြောသွားမယ်နော်။

 

All photos credit to Original Uploader

ဇီဇီ

About ဇီဇီ

ဇီဇီ has written 331 post in this Website..

CJ # 129120