pk အန္ဒိယရုပ်ရှင်ကားကို ကြည့်တုန်းက အဓိက ဇာတ်ကောင်ဟာ ဘာကြောင့် ဂြိုလ်သားတစ်ယောက်ဖြစ်နေပါလိမ့်ဆိုတာကို မတွေးမိဘူး…
ကိုယ့်နိုင်ငံမှာ ဘာသာရေးပဋိပက္ခတွေ ဖြစ်လာတော့မှဘဲ သြော်…ဒါကြောင့် pk ဇာတ်ကားမှာ အဓိက ဇာတ်ကောင်ဟာ ဂြိုလ်သားတစ်ယောက်ဖြစ်နေခဲ့တာကိုးလို့ စဉ်းစားမိတော့တယ်…
ဘာသာရေးနဲ့ ပတ်သတ်တဲ့ကိစ္စတွေကို ဝေဖန်သုံးသပ်ပြတဲ့အခါ အတွေးအခေါ်က အရမ်းကို အရေးကြီးတယ်လေ…
ဝေဖန်သုံးသပ်ပြမဲ့သူဟာ ကမ္ဘာပေါ်မှာရှိတဲ့ မည်သည့်ဘာသာတခုခုနဲ့မှာ ဆက်နွယ်မှုမရှိစေရဘူး…ဘာသာတစ်ခုခုနဲ့ ဆက်နွယ်သွားတာနဲ့ ထိုလူရဲ့အတွေးဟာ သူနဲ့ဆက်နွယ်နေတဲ့ ဘာသာတရားရဲ့လွှမ်းမိုးမှုကို ခံရပြီးသားဖြစ်သွားပြီ…
ဘာသာတရားတစ်ခုခုကို လွှမ်းမိုးခံထားရပြီးတဲ့သူဟာ ဘယ်တော့ ထိုဘာသာတရားရဲ့အပြင်ဘက်ကို ရောက်အောင် မတွေးတတ်တော့ဘူး…သူ့ရဲ့အတွေးအခေါ် သူ့ရဲ့အယူအဆ အနေအထိုင် အပြုအမူ အပြောအဆို စသည်ဖြင့် သူနဲ့ ပတ်သတ်သမျှအရာအားလုံးဟာ သူ ကိုးကွယ်တဲ့ဘာသာကြီးကနေ ဆင့်ပွားလာတာတွေချည်းဘဲဖြစ်ကုန်ရော…
ဒီတော့ pk ဇာတ်ကားအတွက် အဓိကဇာတ်ကောင်ကို စဉ်းစားတဲ့အခါ ကမ္ဘာပေါ်မှာရှိသမျှ ဘာသာတရားအားလုံးနဲ့ ကင်းလွတ်တဲ့သူ မရှိတာကြောင့် ဂြိုလ်သားတစ်ယောက်အဖြစ် ဇာတ်လမ်းဆင်လိုက်ရတာပေါ့…
ဇာတ်လမ်းထဲမှာပါတဲ့ ဒီဇာတ်ကောင်ရဲ့ ထူးခြားတဲ့အတွေးအခေါ်တွေ အားလုံးဟာ ဂြိုလ်သားတစ်ယောက်ရဲ့အတွေးအခေါ်ပါလို့ ကြိုတင်အသိပေးထားပြီးဖြစ်လို့ ကြည့်တဲ့ပရိတ်သတ်တွေအားလုံး စိတ်အေးသက်သာစွာ ငြိမ်ငြိမ်သက်သက် ကြည့်ခွင့်ရသွားကြတာလေ…
တကယ်လို့များ pk ဇာတ်ကားရဲ့ အဓိကဇာတ်ကောင်ဟာ ကမ္ဘာပေါ်က သာမာန်လူတစ်ယောက်သာ ဖြစ်ကြည့်ပါလား…သူ ပြောသမျှ ဘာသာရေးနဲ့ပတ်သတ်တဲ့ ထူးထူးဆန်းဆန်းမှတ်ချက်တွေကို ဘယ်သူက ငြိမ်ကြည့်နေမှာလဲ…
ဒီဇာတ်ကားမှာ အဓိကဇာတ်ကောင်အဖြစ် ဂြိုလ်သားတစ်ယောက်ကို မထားဘူးဆိုရင် ဘယ်လိုလူမျိုးကို ထားသင့်သလဲလို့ တွေးကြည့်လိုက်တော့ ကမ္ဘာပေါ်မှာ အဲဇာတ်ကောင်နဲ့ ဇာတ်ကောင်စရိုက်လိုက်ဖက်တဲ့ လူအမျိုးအစားနှစ်မျိုးရှိတယ်…
အဲ့တာ အရူးတွေ နဲ့ ကလေးတွေဘဲ…ကမ္ဘာပေါ်မှာ အတွေးအခေါ် အလွတ်လပ်ဆုံး လူသားဆိုတာ အရူးတွေ နဲ့ ကလေးတွေဘဲ ရှိတော့တယ်…ကျန်တဲ့သူ အားလုံးကတော့ တခုခုသော လွှမ်းမိုးမှုတွေရဲ့အောက်မှာ ဦးနှောက်တွေဟာ မှိုင်းမိနေကြတာချည်းဘဲ…
အိန္ဒိယနိုင်ငံဟာလည်း မြန်မာပြည်လိုဘဲ ဘာသာရေးအကဲဆတ်တဲ့နိုင်ငံဘဲဖြစ်လေတော့ pk ရိုက်ကူးသူ ဒါရိုက်တာကြီးများလည်း အထူးသတိထားရတာပေါ့…
ဒီဇာတ်ကားဟာ အိန္ဒိယမှာလည်း အောင်မြင်တယ်…ကမ္ဘာမှာလည်း အောင်မြင်တယ်…မြန်မာမှာလည်း လူကြိုက်များတယ်…
ဒီအချက်ကို ကြည့်ခြင်းအားဖြင့် ပွင့်လင်းလွတ်လပ်တဲ့ဘာသာရေးအမြင်တွေကို တန်ဖိုးထားတဲ့ လူ့အသိုင်းအ၀ိုင်းဆိုတာ ရှိနေသေးပါလားလို့ သုံးသပ်လို့ရတယ်…
ဒါပေမဲ့ ဒီကားကို မြန်မာပြည်အနေနဲ့ ရိုက်လို့တော့ မရဘူး…မဘသထက် ပိုဆိုးတဲ့ဘာသာရေးအစွန်းရောက်တွေ ပေါ်ပေါက်လာနိုင်တယ်…

About Pyi Soe

Pyi Soe has written 1 post in this Website..