SmadAV-2016-10.8-latest-update-and-DOWNLOAD-680x450

-ဒီတလော ကိုရေမြေ့ တယောက် အရေးစိပ်တယ် ပြောလဲ တတ်နိုင်ဘူးဗျာ… ကျွန်တော်က ကိုယ်သိထားရင် သူများခက်နေတာတွေ့ရင် နေတတ်ဘူးဗျ…

-ကိုယ်အချိန်တွေ ရင်းခဲ့ရသလို သူများတွေကို မရင်းရစေချင်ဘူး… ဒါက စေတနာ နဲ့ ပင်ကိုယ်စိတ်ရင်းပါ… အလကားပေးလို့ ငပေါထင်လဲ တတ်နိုင်ဘူး…

 

-ဒါလေးက Anti Virus အသေးစားလေးပါ… ဖိုင်တွေ ပျောက်နေတာ(Hidden) ဖြစ်နေရင် သူက မရှိမဖြစ်ဘဲ…

-အလကားအွန်လိုင်းမှာပေးတယ်… မှန်တယ် Serial Key မရလို့ Black Lists ဖြစ်နေတာတွေလဲ တွေ့နေရတယ်… ကိုယ်တိုင်လဲ ကြုံခဲ့ရတာပေါ့…

-ဗားရှင်းနိမ့်နေပြီး ကီးမှန်ရင် ကိစမရှိပေမဲ့၊ အွန်လိုင်းကောင်းပြီး ချော်တောငေါ့ပြီး ဗားရှင်းမြင့်သွားပြီး ဘလက်လစ်ဖြစ်သွားရင်တော့ ဂိန်ပြီ…

-တချိန်လုံး တောက်မြင်ကပ်အောင်ကို မက်ဆစ်ဘောက်တွေ ကျလာမှာ… ကိုယ်တွေ့ပဲ… စိတ်ရှုပ်လို့ စက်ဖွင့်ပြီးတာနဲ့ တက်ရင် သူ့ကို အရင်ကို ပိတ်ရတာ…

-ကဲပါ… လိုရင်းကို ပြောပါမယ်… ဘယ်လိုပုံစံဆို ဘလက်လစ်ပြီလဲ????? အောက်ကပုံပါ ရှုပါဗျာ…

maxresdefault

(ဗားရှင်းကတော့ အွန်လိုင်းက အဆင်ပြေတာ ပုံကြီးတာ ပြထားတော့ လွဲနေတယ်… သေချာတာကတော့ အဲလိုပုံ ဖြစ်ပြီးရင် စိတ်ကသိကအောက် စဖြစ်ပြီပဲ… :) )

 

-နံပါတ် ၁ အဲဒီဆော့ဝဲလ်ကို ပိတ်ပါမယ်… အဲဒီလိုဂိုရှိတဲ့ Task Bar ကိုသွား လိုဂိုမှာ Right Click နှိပ် Exit လိုက်ပါ…

-၂ အင်တာနက်ကိုဖြုတ်ပါမယ်… ခက်ခက်ခဲခဲ မဟုတ်ပါ… နက်ဝပ်ကြိုးနဲ့ဆို အဲကြိုးကို ဆွဲဖြုတ်… ၀ိုင်ဖိုင်နဲ့ဆို ၀ိုင်ဖိုင်ပိတ်လိုက်ရုံပါ…

-၃ Start \ Window + R

-၄ regedit(Registry Editor) လိုရိုက်ရပါမယ်… ပြီးရင် အန်းတားပေါ့…

-၅  “HKEY_CURRENT_USER > Software > Microsoft > Notepad” အဲဒီ လင့်အထိတော့ ရောက်အောင် သွားပါနော်…

-၆ ပြီးရင်  “lfPitchAndFamily”, “lfPitchAndFamily2”, dan “lfPitchAndFamily3”, အဲဒီမိသားစုဆိုတာတွေ အကုန် ဖျက်လိုက်ပါ…

-၇ Smadav Virus Killer ကို ပြန်ဖွင့်လိုက်ပါ… အဲအချိန်မှာ စာတန်းတခုတက်လာတာတော့ သတိမထားမိလောက်ပါဘူး… ထားပါ…

step_inst_9

(ဒီလိုပုံလေး တက်လာပါမယ်)

-၈ Manage Tab ကိုနှိပ်ပြီး General Settings ထဲကို ရောက်ရင်တော့ အောက်မှာပေးထားတဲ့ ကီးတွေ ရိုက်ထည့်လိုက်ပါ…

-Name : http://www.jembersantri.id smadavkey10.8
-Key : 083800923060

Smadav Pro Key Terbaru 10.8.2 Full Version Jembersantri

(ဒါဆို ပုံထဲက အတိုင်းဖြစ်ပြီဆို Key Generate ဖြစ်ပါပြီ…)

 

-ဒေါင်းလုပ်လင့်က ဒီမှာပါ  https://my.pcloud.com/publink/show?code=kZiNJuZOAteIu5F665KAiDJzOCnzp2pAdwV

 

-အခုမှ စတင်မယ့်သူတွေကတော့ ဆော့ဝဲလ်တင်ပြီးတာနဲ့ အပေါ်ပုံထဲကအတိုင်း ကီးတွေ ရိုက်ထည့်လိုက်ရင် အိုကေပါပြီ…

-ကျေးဇူးတင်ပါတယ်…

 

 

ရေမြေ့သနင်း

 

Yae Myae Tha Ninn

About Yae Myae Tha Ninn

Yae Myae Tha Ninn has written 114 post in this Website..

မြိတ်သား၊ မိတဆိုး၊ ကလေးအဖေ၊ သားကောင်းဖခင်ကောင်းခင်ပွန်းကောင်းသားမက်ကောင်း ဖြစ်အောင် ကြိုးစားနေသူ... အောင်မြင်ခြင်း မအောင်မြင်ခြင်းကတော့ အခြေအနေအချိန်အခါအကြောင်းအရာပေါ်မူတည်မှာပဲ...