အနူတောမှာလူချော
မောလည်းမမောနိုင်
လက်ကိုင်ကာတစ်စူးထိုး
တစ်နေ့တစ်မျိုးမရိုးအောင်က
လုပ်သမျှအလွဲလွဲ
အငြိမ့်ပွဲထဲကဟာသ
ကလိထိုးရယ်ရအောင်
အော်
ရှေ့ဘုန်းကြီးတစ်ချက်ခေါက်လို့
ကျောင်းပြောင်းဥပုတ်စောင့်ကာမှ
နောက်ဘုန်းကြီးသုံးချက်ခေါက်
အောင့်လို့သာခံပေနော့မောင်ရေ
ယောင်ပေပေမလုပ်လေနဲ့
တောင်ခြေမှာလျော်ထုတ်ထမ်းသလိုပါ့
လွမ်းလိုက်လေခြင်း

DEPARKO DEPARKO

About DEPARKO DEPARKO

DEPARKO DEPARKO has written 80 post in this Website..