“ရွက်သစ်နင်ဘယ်လိုပုံဆွဲပေးလိုက်လို့သူတို့ခေါင်းချင်းဆိုင်သွားရတာလဲ”

“လွယ်လွယ်လေးပါနှင်းရယ် သူစကားစပြောကတည်းက လိပ်စာတောင်းမှာ သိနေတာနဲ့ ငါရယ် မိုးစက်ရယ်တိုင်ပင်ပြီး ဆွဲလိုက်တာ ဒီလိုလေ”

1

“ဟုတ်ပနင့်ပုံကဘာပုံကြီးမှန်းမသိဘူး”

“ဘာကြီးမှန်းမသိအောင်ဆွဲတာပါဆို”

“အခုနင်တို့ညွှန်ထားတဲ့အိမ်က …..”

“မသိဘူးလေ ငါတို့လည်းဆွဲရင်းနဲ့ ဘာတွေမှန်းကို မသိတော့ဘူး”

“ကောင်မအစုတ်ပလုပ်လေးတွေ သူများကို ဒုက္ခရောက်အောင်”

“ဟဟ ဘာမှတောင်မဖြစ်သေးဘူး အဖြစ်သဲနေလိုက်တာ မိုးစက်ရေ ပြောဦးနင့်ယောင်းမကို”

“ဟုတ်ပ ယောက်မနင်ငါ့အစ်ကို ကို မယူတော့ဘူးလား”

“နင့်ကိုလည်းယောင်းမတော်မယ်လေဟာ”

“မရဘူး နှင်း နင်မျက်နှာမများနဲ့နော် ငါ့အကိုနဲ့တိုင်ပြောမယ်”

“နှင်းကလည်းအဖြစ်သည်းနေတာကတည်း ယောက်ကျားလေးတစ်ယောက်သူသလောကျတဲ့ကောင်မလေးအဆောင်ကို သူကိုယ်တိုင်စုံစမ်းနိုင်ရမှပေါ့ သူတကယ်စုံစမ်းချင်ရင်လွယ်လွယ်လေးပါ ငါတို့ကိုမေးစရာတောင်မလိုဘူး ကောင်မနော် မခူးခင်ကတည်းညွှတ်ချင်မနေနဲ့”

“မဟုတ်ပါဘူးအေ၊ ပြီးတော့ ငါတို့ ကအဆောင်မှာ နေတာမှမဟုတ်တာ ရှာရလွယ်မယ်မထင်ဘူးလေ”

“ရော်ခက်ပြီ နှင်းရယ် ငါတို့ ferry ကားပေါ်ကဆင်းတာနဲ့ သူတို့လိုက်ကြည့်ရင်သိတာပဲကို”

“ဟုတ်သားပဲ ငါ့သူငယ်ချင်းကအကွက်မြင်တယ်”

“ဘာအကွက်လဲနှင်း”

“ပွေးကွက် လေကွာ ဟဟားဟား”

“သူတို့သာအဲလိုလိုက်လာရင် ဗိုက်ဆာတာမေ့ပြီး ဈေးထဲ လျှောက်ပတ်သွားမယ် သူတို့ဘယ်အထိလိုက်နိုင်လဲလို့”

“ရွက်သစ်နင်ဟာလေ ဟိုမှာ ပေါက်တတ်ကရ မြေပုံပေးလိုက်တာတောင် စိတ်တိုနေတာအဲဒီလိုသွားလုပ်တော့နှင်း ငြိမ်နေမယ်ထင်လား”

“ဟုတ်သားပဲ မိုးစက်ရယ် မေ့နေလိုက်တာ”

“ကောင်မတွေငါတို့ အတင်းပေးစားမနေကြနဲ့ သူတို့ အဖွဲ့ထဲကစိုးငြိမ်းဆိုတဲ့ကောင်ကြီးကမိုးစက် ကို ဗို့အားတစ်ထောင်အားနဲ့စိုက်ကြည့်နေတာကွ”

“ဟုတ်လား ငါမရိပ်မိဘူး”

ရွက်သစ်ကထောက်ခံလိုက်ရာ မိုးစက် မျက်နှာ ရဲခနဲ ဖြစ်သွားလေသည်။

“ရွက်သစ်ညည်းလဲသူများကို စမနေနဲ့ နင့်ကိုလည်း မင်းနိုင်ဆိုတဲ့အကောင်ကြီးက”

“တော်တော် အခြားအကြောင်းပြောမယ် ယောကျာ်းဆိုစိတ်ကုန်လွန်းလို့ ကျားဆို ကျားတောင်မထိုးဘူး”

“စစ်တုရင်ပဲထိုးတာငါသိပါတယ်ရွက်သစ်ရယ် ဟဲဟဲ”

“နှင်းဒီနေ့နင့်အမေလာမှာမဟုတ်လား”

“ဟုတ်တယ် ငါ့အမေကို နင်တို့ ကြိုက်တဲ့မယ်ဇလီဖူးသုပ်လုပ်ခဲ့ဖို့ မှာခဲ့တယ်”

“စားရချည်သေးရဲ့ အခုတောင်သွားရေကျလာပြီ”

“ရွက်သစ်တို့ကတော့လေ အစားဆို ဘီလူးကြီးကျနေတာပဲ”

“မိုးမိုးရယ် မီးမီးဗိုက်ဆာတယ် ဟင့်ဟင့်” ဟု ရွက်သစ်ကမိုးစက်ကိုရွဲ့ပြောရင်း မိုးစက်ရင်ခွင်ထဲသို့ဝင်လိုက်ရာ

“ဟဲ့ရွက်သစ်ကောင်မစုတ်”ဟုမိုးစက်ကအော်၍ထွက်ပြေးသွားသည်။

“နှင်းဟန်ဖြိုးဧည့်သည်လာတယ်”

“ဟုတ်လာပြီအန်တီ”

“နှင်းနင့်အမေလာပြီထင်တယ်”

“အေးပေါ့ လောလောဆယ်ငါ့အမေကလွဲလို့လာမယ့်ဧည့်သည်မရှိဘူး”

“အေးငါတို့လည်းလိုက်မယ်”

“အောင်မလေးဆပ်ပြာသည်လင်ပျောက် နေသလိုပဲအေ”ဟုတစ်ယောက်နဲ့တစ်ယောက်ပြောဆိုကာ သုံးယောက်သား ၀ရုန်းသုံးကားနှင့် အိမ်ရှေ့ထွက်လာသောအခါ ပြုံးဖြဲဖြဲနှင့် ကြည့်နေသောထွန်းကျော်တို့ အဖွဲ့ကို တွေ့ရသောအခါ သုံးယောက်သားကြောင်သွားသည်။

“ကျွန်တော်တို့လာတာဘာများဖြစ်လို့လဲဟင်”

“ဘာမှမဖြစ်ပါဘူးတော်ရေ ကျွုပ်က ကျွုပ်အမေ ဆိုပြီးဝမ်းသာအားရ ထွက်လာတာ” ဟုမကျေမနပ်နှင့် နှင်းတစ်ယောက်တတွတ်တွတ်ရေရွတ်နေတော့သည်။ ပြီးတော့ အဆောင်ကို ရှာ၍ အရောက်လာနိုင်ငည်ကိုလည်း အံ့သြနေမိသည်။ ရွက်သစ်ကလိုရင်းတိုရှင်းဖြစ်စေရန်

“ဆိုဘာကိတ်”

“ဒန်ဘိုကိတ်” (စာကြွင်း။ ။ထိုအချိန်ကမန္တလေး ဒန်ဘိုကိတ်သည် နာမည်အကြီးဆုံးကိတ်ဆိုင်ဖြစ်သည်)

“ကြေင်တောင်တောင်လုပ်နေတယ် ထုလိုက်ရ”

“သြ စိတ်ကြည့်ဘဲ စာအုပ်လာပေးတာ”

“ဆိတ်ချည်းပဲပြောရအောင်ဒီမှာဘာဆိတ်မှာမရှိဘူး လူတွေရှင့်မမြင်ဘူးလား”

“ထားလိုက်ပါရွက်သစ်ရယ် ကဲ ဘယ်မှာလဲစာအုပ် မြန်လှချေလား စားကူးတာကလည်း”

“မြန်ဆို Copy လေ”

“ထားပါတော့ ဒါနဲ့ ရှင်တို့က”

“ကျွန်တော့နာမည် ထွန်းကျော်ဦး သူငယ်ချင်းတွေက ထွန်းကျော်တဲ့ သူက မင်းမင်းနိုင် မင်းနိုင်လို့ခေါ်လို့ရတယ် ဟိုဘက်ကတစ်ယောက်ကတော့ စိုးငြိမ်းအောင် စိုးငြိမ်းပေါ့”

“သြ ကိုအေးဆေးနာမည်က မင်းနိုင်ကိုး”

“ခင်များတို့နာမည်လည်းမိတ်ဆတ်ပေးဦးလေ”

“ရွက်သစ်ဝေ၊ မိုးစက်မောင်၊ နှင်းဟန်ဖြိုး”

“လာရင်းကိစ္စပြီးပြီမဟုတ်လား ပြန်တော့ နှင်းအမေလာတော့မှာ တော်ကြာတစ်မျိုးထင်ရင်မကောင်းဘူး”

နှင်းအဆူခံရမယ်ဟူသောစကားကြောင့် ထွန်းကျော်မပြန်ချင်ပဲ ပြန်ခဲ့ရလေသည်။

“ဒါဆိုလည်း ခွင့်ပြုပါဦး”

နှင်းကံကောင်းသွားသည်ဟုဆိုရမည် ထွန်းကျော်ထွက်သွားပြီးသိပ်မကြာခင် နှင်းတို့ အိမ်ပေါ်ပင်မတက်ရသေး နှင်းအမေရောက်လာသည်။ နှင်းတစ်ယောက်စိုးရိမ်မှုကင်းစွာဖြင့် ပိုမိုပျော်ရွှင်နေပေတော့သည်။

×××××××××××××××××××××××××××××××××××××××××××

“ဒီနေ့ကျွန်တော်တို့ရဲ့ပျော်ရွှင်စရာ ကောင်းတဲ့ မိတ်ဆုံစားပွဲလေးလည်းဖြစ် ကျွန်တော်တို့ချစ်သူငယ်ချင်း ရွက်သစ်ရဲ့မွေးနေ့လည်းဖြစ်ပါတယ်။” ဟုစိုးငြိမ်းက စကားဦးချီလိုက်ပါတယ်။

“စိုးငြိမ်းကတော့ လုပ်ပြီ ဒီမှာ ရွက်သစ်အတွက်မွေးနေ့ဆုတောင်ပေးရအောင်”

“ဟုတ်သားပဲ ငါ့ကောင်ရ ရွက်သစ် ဒီမှာ မင်းအတွက် မွေးနေ့လက်ဆောင်မွေးနေ့မှာပျော်ရွှင်ပါစေ” ဟုဆိုကာ မိမိကိုယ်ကိုဖဲကြိုးတပ်ပြီးလက်ဆောင်အဖြစ်ပေးနေသော မင်းနိုင်တစ်ယောက်ကို ရွက်သစ်အံ့သြနေမိသည်။

“သိပ်အံ့သြသွားလား ရွက်သစ်ဝေ ကိုမင်းနိုင်ဒီလိုလုပ်တာ ရွက်သစ်ကိုချစ်လွန်းလို့ပါကွာ” ဟု ဗိုလ်အောင်းဒင်လေသံဖြင့်ပြောလိုက်ရာ သူငယ်ချင်းများအားလုံး ၀ါးလုံးကွဲအောင်ရယ်မောကြလေတော့သည်။

ထိုအခါမင်းနိုင်က

“ငါတကယ်ပြောတာ ငါ့ကိုယ်ငါလက်ဆောင်အနေနဲ့ နင့်ကိုပေးအပ်ပါတယ် နင်လက်ခံပေးပါ နင်ငါ့ကိုရွေးချယ်တဲ့အတွက် စိတ်မဆင်းရဲစေရပါဘူး ”  မင်းနိုင်၏စကားသံကြောင့် သူငယ်ချင်းများက ရွက်သစ်ဘာပြောမလဲဟုစိတ်ပါဝင်စားသွား၍ တိတ်ဆိတ်သွားကြသည်။

ရွက်သစ်မှာ မျက်နှာတစ်ခုလုံးနီရဲ၍သွားတော့သည်။ှရှက်လည်းရှက်နေပြီမို့ခေါင်းကိုတွင်တွင်သာငုံ့ထားတော့သည်။

“ရွက်သစ်ရယ် ရှက်ရင်လည်း ခေါင်းလေးတစ်ချက်လောက်ပဲငြိမ့်လိုက်ပါ” ဟုသူငယ်ချင်းများကပြောလိုက်သောအခါ

ရွက်သစ် ဘယ်လိုကနေဘယ်လိုခေါင်းငြိမ့်မိလိုက်သည်မသိ အားလုံးကဟေးဟုထအော်လိုက်မှရွက်သစ်ပို၍ ရှက်သွားသည်။ လိုချင်တာရသွားတဲ့ မင်းနိုင်ကလည်း ပါးစပ်နားရွက်တက်ချိတ်မတက်ပြုံးပျော်နေတော့သည်။

“မင်းနိုင်မင်းငါ့ကိုကြောတယ်ပေါ့ အေးအကြောမခံဘူးကွ ဒီဇာတ်လမ်းကငါ့ကြောင့်စလာတာ ကဲငါလည်းအားကျမခံ ” ဟုထွန်းကျော်ကပြောလည်းပြောရင်း နှင်းရဲ့ရှေ့တွင် ဒူးထောက်ကာ

“နှင်းကိုယ့်ကို လိုရာသုံးပါတော့ နှင်း ကိုကိုယ်မြင်ကတည်းက ဘယ်လောက်ထိရူးသွပ်ခဲ့လည်းဆိုတာနှင်းအသိဆုံးပါကွာ” ဟုပြောလိုက်ရာ

“ငါကတော့ရွက်သစ်လိုအိုက်တင်မခံဘူးဟေ့ ကျွုပ်ကလည်း ခင်များမှမပြောတော့ရင် စပြီးပြောတော့မယ်ဆိုစဉ်းစားပြီးသားပါ ကိုကို ထွန်းရယ်”  ဟုနှင်းကပြောလိုက်ရာ ပတ်ဝန်းကျင်တစ်ခုလုံး သူတို့ရဲ့ရယ်သံတွေပျော်ရွှင်မှုတွေဟာပျံ့နှံ့သွားပါတော့တယ်။

ဒီနေ့လေးဟာ အားလုံးအတွက်အမှတ်တရနေ့လေးတစ်နေ့အဖြစ်အားလုံးရဲ့ရင်မှာ ထင်ကျန်နေရစ်တော့မှာပါ။

××××××××××××××××××××××××××××××××××××××××××××××××××

Foolish Girl

About Foolish Girl

C K has written 54 post in this Website..