မီးပုံးပန်းရဲ့ ရာဇ၀င်

မီးပုံးပန်းလေးတွေနဲ့ ပတ်သက်လို့ ရာဇ၀င် အကြောင်းလေးတခုဆိုပါတော့ သူ့ကိုတွေ့တာက ရုံးနားမှာ ပန်းပင်လေးတွေ ဂမုန်းပင်လေးတွေ ရောင်းတဲ့နေရာမှာလေ အပင်သေးသေးလေးကနေ အဖြူရောင်ပန်းလေးတွေ တွဲလောင်းကျလို့ လှလိုက်တာ အဲ့တော့ ရုံးပြန်မှာဝယ်လာခဲ့တာပါဘဲ…ဒါပေမယ့်သူနဲ့ ပတ်သက်လား မပတ်သက်လားတော့မသိဘူး သူရောက်လာတဲ့နေ့မှာဖြစ်လို့ သူနဲ့တွဲ မှတ်မိနေတဲ့ အဖြစ်ကလေးတခု ရှိခဲ့ဘူးတယ်…

ပန်းအိုးလေးလှလှပပ ဒီနေရာ ဟိုနေရာ နေရာချခက်လိုက်တာ ဒီနားမှာဘဲထားမယ်နော်ဆိုပြီး ရေကန်နား အပင်စုစုအလယ်မှာနေရာချ အလှကြည့်လို့အိမ်မက်ထဲထိပါရဲ့… ပန်းပင် ပန်းပွင့်လေးတွေက အရောင်တောက် လင်းလို့ လက်လို့ တကယ်ဘဲ မျက်စိဖွင့်ကြည့်မိတော့လဲ အရောင်တွေမြင် ဟုတ်သေးပါဘူး ဆို အိပ်ယာထဲကထွက် မီးဖိုခန်းထဲဝင်လိုက်တော့ ….

လျှပ်စစ်မီးဖိုတစ်ခုလုံး မီးတောက်နေတာနှစ်ပေလောက်ရှိရော မီးကြိုးက ခလုတ်မှာတပ်လျှက်၊ သဘောပေါက်လိုက်ပြီ ညနေပြန်လာချိန်က မီးမလာ ညနေထဲကတဲ့၊ မီးပြတ်တော့ အိမ်ကမမက ဂက်စ်မီးဖိုပြောင်းချက် ဟိုဖက်ဖိုကိုခလုတ်မပိတ်မိ၊ ညကျ မီးပြန်လာတော့ ကွိုင်ကပူ ဘေးနားက ဆီဂျိုးတွေလောင် ဘယ်လောက်ကြာပြီမသိ.. တော်သေးတာဘေးက အုတ်နံရံဖြစ်နေလို့ ထရံတို့ လောင်စာတို့သာရှိနေရင်တော့ ပြီးပါလေရော…

အဲ့ဒါနဲ့ ခလုတ်က မီးကြိုးဖြုတ် ရေပုံးလိုက်လောင်းလိုက်တာ ၀ုန်းဆို မီးတောက်ကြီးတရပ်ကျော်တက်လာပါရော လန့်လိုက်တဲ့ဖြစ်ခြင်း ဖြစ်ခြင်ရာဖြစ် လန့်လန့်နဲ့ နောက်တပုံးလောင်းချလိုက်ပြီး မျက်နှာသုတ်ပုဝါဆွဲယူပြီး တဖုန်းဖုန်းရိုက်ပလိုက်မှ ငြိမ်းသွားတော့တာ အဲ့မှဘဲ အိမ်ကလူနိုးလာပြီး ဘာဖြစ်သလဲတဲ့ ဘာဖြစ်မနေနဲ့ တွေ့တဲ့တိုင်းဘဲ ဆိုပြောငိုရတော့တာ…အဲ့ထဲက ချက်ပြုတ်ပြီး မီးပိတ်၊ ကြိုးဖြုတ် သတိထားဘို့ တင်းကြပ်ရတော့တာရယ်…

ဆိုတော့…သူနဲ့ ပတ်သက်လား မပတ်သက်လားမသိဘူး သူရောက်လာတဲ့နေ့မှာဖြစ်လို့ သူနဲ့တွဲ မှတ်မိနေတဲ့ ရာဇ၀င် အဖြစ်ကလေးတခုရှိခဲ့ဘူးတဲ့ အကြောင်းလေး သတိတရပြောပြချင်တာပါ… 20160207_17521420160207_14440020160207_175203

Ma Ei

About Ma Ei

Ma Ei has written 53 post in this Website..