တောမှာနေတော့ အလုပ်ရယ်မရှိ

ငွေရှာချင်လို့ မြို့တက်လာ၏

ရတဲ့အလုပ် ၀င်ငွေနည်းတော့

အစဦးမို့ ရုန်းလိုက်အုံးပေါ့

ပြသနာအစ နေစရာက

ဌားကာနေလည်း စားစရိတ်လျော့နည်း

ကိုယ်လိုသူလို သူတွေကတော့

ကွက်လပ်မြေဘေး ကျူးတဲထိုးစမ်း

မတတ်သာဘူး ဒီလမ်းဘဲလိုက်

ဝမ်းဝစားဖို့ အနိုင်နိုင်ဘ၀မို့

ကျမပြုမိ အပြစ်ရှိသည်

ဖျက်ရင်လည်း ခံ

သတ်ရင်လည်း သေ

သေမထူး နေမထူးပါအေ

နိုင်ငံစီးပွား အလွန်းတိုးလို့

လုပ်ခများလည်း ပိုစွာရရင်

ဒီလိုလမ်းဘေး ဘယ်နေလိမ့်မလဲ

တိုက်ခန်းဝယ်ဌား နေမှာပေါ့အေ

ခုတော့လုပ်ခ နည်းလွန်းလှတော့

နှစ်နပ်စားလို့ တစ်နပ်နားတယ်

ပိန်ဆေးသောက်ဖို့ လိုပါဘူးဟယ်။

 

ခင်ခ။

ခင်ခ

About ခင်ခ

ခင် ခ has written 454 post in this Website..