ကြာခဲ့ပါပြီး ပြီးခဲ့တဲ့နှစ် စက်တင်ဘာတုန်းက ပုဂံမှာ ပထမဆုံး ရိုးရာမြင်းပြိုင်ပွဲ လုပ်ခဲ့တယ်။ ရိုက်ကူးရေးသွားရမယ်ဆိုတော့ မြင်းပြိုင်ပွဲကို တစ်ခါမှ မမြင်ဖူးဘူးလေ။

ပြိုင်မယ့်ကွင်းကြီးက အကျယ်ကြိး မဏ္ဍပ်ကြီးထုပ် စတိတ်စင်တွေလည်းပါတယ်။

အညာပွဲဈေးသည်တွေနဲ့ လာတဲ့သူတွေတိုင်းကိုလည်း တစ်နေ့လုံးထမင်း

ကျွေးတယ်။ အညာပွဲဈေးလေးတွေနဲ့လည်း ရင်းနှီးခွင့်ရခဲ့တယ်။ ရိုက်ခဲ့တဲ့ ဓာတ်ပုံလေးတွေကို အခုမှ ပြန်ဝေမျှခွင့်ရခဲ့ပါတယ်။

 

DSC06185

မိုးရိပ်မိုးသားတွေနဲ့ မှုန်ပြပြပေါ့ အစာကြီးကတည်းက ဝါသနာရှင် ပရိတ်သတ်တွေက အများကြီး။ ထန်းပင်တွေ အစီအရီနဲ့။

DSC06205

လှလိုက်တဲ့ မြင်းကြီးတွေ

DSC06220

ဖွင့်ပွဲမှာ မြင်းတွေ မြင်းလှည်းတွေ အလှပြတာ။ ထိပ်ဆုံးက ထွက်လာတာ ပုဂံအဝတ်အစားနဲ့ ဦးကျော်သူကြီး။

DSC06222

ဘင်ခရာအဖွဲ့တွေ အရမ်းတော်တယ်။

DSC06224

ဖွင့်ပွဲ အလှပြလှည်းတွေ

DSC06228

လာသမျှလူကျွေးဖို့ ပုတ်တွေနဲ့ ချက်တာနော် သူတို့ကြည့်ရတာ ပျော်စရာကြီး။

DSC06226

မြင်းလှည်းလေးတွေ ချစ်စရာ

DSC06236

ဦးရွှေရိုးနဲ့ ဒေါ်မိုး ကြည့်ကောင်းပ

DSC06282

ခုန်တာအလှပြတဲ့ပွဲ ပွဲနာမည်တောင် မေ့နေပြီ

DSC06309

ခုန်တာအလှပြတဲ့ပွဲ ပြိုင်ပွဲ

DSC06311

ခုန်တာအလှပြတဲ့ပွဲ ပြိုင်ပွဲ

DSC06368

ဒါက မြင်းစီးတာ မြင်းရဲ့ ခွာ ဖနောင့် ခြေထောက်တွေ ဘယ်လိုပြေးတာထိမိတာပြိုင်တဲ့ပွဲ

DSC06398

ဒါကတော့ တီးလုံးနဲ့ စီးတာတဲ့

နောက်တစ်ပွဲရှိသေးတယ် ဒုန်းပြိုင်ပွဲဆိုတာ အမြန်ဆုံးပြေးတဲ့ ပြိုင်ပွဲပေါ့ မြင်တွေကိုလည်း ဆေးကျွေးထားရတယ်ပြောတယ ပြေးလိုက်ကြတာ ကြောက်စရာတောင်ကောင်းတယ်။ မြန်လိုက်တာလည်း ပြောမနေနဲ့။

 

ဆက်ပါဦးမည်။

အောင်မိုးသူ

အောင် မိုးသူ

About အောင် မိုးသူ

ဘကြီး အောင် has written 204 post in this Website..

နာမည်အရင်းကော ကလောင်နာမည်ကော အောင်မိုးသူပါ။ လူဆန်တဲ့ လူ့ဘ၀ထဲမှာ နေထိုင်တဲ့လူတစ်ယောက်ပါ။