ပုဇွန်ဦးနှောက်လေးနဲ့
ရှုထောင့်ပေါင်းစုံကနေစဉ်းစားပြီး အားလုံးအတွက် အကောင်းဆုံးလမ်းဆိုတာကို ရွေးချယ်ခဲ့/ ပြုလုပ်ခဲ့တာပဲ
အကောင်းဆုံးမဖြစ်ခဲ့ရင်တောင် အညံ့ထဲမှာ မပါဘူးလို့ထင်ခဲ့တာပဲ
လုပ်သမျှကအရာမထင်တော့လည်း အားတွေယုတ်လာတယ် / အသားတွေတုန်လာတယ်
မချီးမွမ်းရင်နေကြပါ / မရှုံ့ချပါနဲ့
ကြိုးစားပြီးလုပ်ဆောင်နေတာကို တော့ အသိအမှတ်ပြုပေးပါ / မြင်ကြည့်ပေးပါ

လုပ်ဆောင်ခဲ့တဲ့အရာတွေအားလုံးကလည်း
ငါ့တဘို့တည်း အတွက် တော့ ငါဘယ်အရာမှမလုပ်ဆောင်ခဲ့တာတော့အမှန်ပဲ
ခုလိုပြောလို့နင့်အတွက်ချည်းပါပဲလို့ပြောကြလိမ့်မယ်
အေး လူဆိုတာအတ္တအသမား ဒီတော့
ငါ လုပ်ဆောင်တဲ့အရာတွေမှာ ငါ့အတွက်ဆိုတာမပါဘူးလို့တော့မဆိုလိုခဲ့ပါဘူး

ငါ….
အိပ်မနေဘူး ၊ ထိုင်မနေဘူး ၊ ရပ်မနေဘူး ၊ သွားနေတယ် ရွေ့နေတယ်လို့တော့ထင်တာပဲ
ဒါကိုအိပ်နေတဲ့သူက “နင်ကရှေ့ကိုမရောက်တော့ဘူး အိပ်နေတဲ့ငါနဲ့ အဆင့်တူတူပဲ”လို့ပြောလာတော့လည်း
နှုတ်ခမ်းတစ်ခြမ်းမဲ့ပြီး ပြုံးရုံလေးသာတတ်နိုင်ပါတယ် ငါအဲဒီလောက်ညံ့ဖျင်းနေသလားပေါ့
ဒါပေမယ့် အရှေ့မရောက်လို့ အဆင့်တူတူပဲဆိုရင်တောင်
ငါ…………… အိပ်ပျော်မနေတာတော့သေချာတယ်

Foolish Girl

About Foolish Girl

C K has written 54 post in this Website..