20160901_073242 20160901_073251 20160901_073318

 

ကျွန်တော်တို့ပတ်ဝန်းကျင်မှာမကြာခဏဖြစ်တတ်တဲ့

ပင့်ကူရှပ်ခြင်း

ကင်းကိုက်ခံရခြင်း

စသဖြင့်အဆိပ်ရှိအကောင်များကိုက်ပါကအနေရလွန်စွာခက်ပြီး

တရက်နှစ်ရက်မပျောက်တတ်ရှိတတ်ပါတယ်

မြွေမှအ ပ အဆိပ်ရှိအကောင်အတော်များများကိုက်တာကိုဆေးမြီးတိုများဖြင့်ကုသပျောက်ကင်း

နိုင်ကြပါတယ်နေရာဒေသကွဲပြားသွားသလိုကိုယ့်နယ်အလိုက်ကုသပုံလဲအမျိုးမျိုးကွဲပြား

ကြပါတယ်

အဆိပ်ရှိအကောင်ကိုက်ပါကသက်သာပျောက်ကင်းစေတဲ့အပင်တွေလဲအမျိုးမျိုးရှိကြပါတယ်

စာရေးသူတို့လက်တွေ့သက်သာပျောက်ကင်းတဲ့အပင်တပင်အကြောင်းပြောပြချင်ပါတယ်

သိကြားမကိုဠ်ပင်လို့ခေါ်ပါတယ်

အချို့နေရာတွေမှာစေတီပင်လို့လဲခေါ်ပါတယ်

အချို့နေရာတွေမှာတော့ဒီအရွက်ကိုသိကြားမကိုဠ်လို့အသိအမှတ်မပြုပဲ

အရွက်အနည်းငယ်ကြီးအရွက်ပတ်လယ်ခွေးသွားစိတ်များကဲ့သို့ဖြစ်နေတဲ့အပင်ကိုခေါ်ပါသတဲ့

ဘာပြောပြောအခေါ်ကအရေးမကြီးပါဖူး

အပင်ရဲ့အသုံးဝင်မှုကအရေးကြီးပါတယ်

အပင်ဆိုပေမဲ့အပင်ကြီးမျိုးမဟုတ်ပါ

ချုံပင်မျိုးဖြစ်ပါတယ်အရွက်ကအနည်းငယ်ရှည်ပြီးနဲနဲကြီးပါတယ်

ထူးခြားတာကအရွက်ပေါ်မှာသိကြားမင်းမကိုဠ်လိုပုံကလေးက

သစ်ရွက်စိမ်းပေါ်မှာအမဲရောင်နဲ့ပေါ်နေတာပါ

စိုက်ပျိုးရလဲမခက်ပါဖူးအပင်ကအကြမ်းခံပါတယ်ရေရှိရင်အပွါးမြန်ပါတယ်

အဆိပ်ရှိအကောင်ကိုက်ရင်သိကြားမကိုဠ်အရွက်ကိုခူးပြီးကြိတ်

အကိုက်ခံရတဲ့အနာပေါ်အုံပေးအဝတ်နဲ့စည်းထားပါ

တညအိပ်ပြီးနောက်နေ့ဆိုအကောင်းပါပဲ

နောက်တခုသု့အရွက်ထူးခြားချက်ကအနာမန်းတွေလဲနိုင်ပါတယ်

မွှေးကျွှတ်နာလိုကုရခက်တဲ့အနာမျီုး

ဝက်ခြံလိုမျိုးဖြစ်ရင်

အရွက်ကိုမီးအပူပေးပြီးပျော့သွားတဲ့အခါအနာပေါ်ကပ်ထားလိုက်ပါ

အနာကအရည်တွေထွက်ပြီးသက်သာသွားပါတယ်

ကိုယ့်ပတ်ဝန်းကျင်မှာမြေလွတ်ရှိတယ်ဆိုစိုက်ထားသင့်တဲ့အပင်တပင်ဖြစ်ပါတယ်

လူသားအားလုံးကျမ်းမာကြပါစေ

 

About uncle gyi

uncle gyi has written 17 post in this Website..