ခေတ်ရေစီးကြောင်းနဲ့အတူကြားကြားနေရတဲ့ သမီးရည်းစားတွေအကြောင်းနည်းနည်းဆွေးနွေးချင်တယ်ဗျာ။

ခုခေတ်မှာ သမီးရည်းစားဖြစ်တာနဲ့ Living Together နေကြတာပိုပြီး ခေတ်ထလာတယ် ပိုပြီးတွေ့လာ မြင်လာ ကြားလာနေရတယ်။

အရင်တုန်းကမရှိဘူးလားလို့ပြောတဲ့သူရှိရင် တော့ ဟုတ်အရင်ကလည်းရှိပါတယ်။ ဒါပေမယ့် ခုခေတ်လောက်တော့ ပေါ်ပင်မဟုတ်ဘူးပေါ့။

နောက်ထပ်အဆိုးဝါးဆုံးသတင်းက Ezee2 ဆိုတဲ့ တားဆေးလေးတွေဟာ မြန်မာနိုင်ငံမှာ အရောင်းရဆုံးဆေးဖြစ်နေတာပါပဲ။

ဒါကဘာကိုပြသနေလဲ ဖော်ညွှန်းနေလဲဆိုတာ ရွာသားတွေနားလည်မယ်ထင်ပါတယ်။

လောကကြီးအတွက်ရင်လေးတယ်။ မြန်မာမိန်းကလေးတွေအတွက်ရင်လေးတယ်။

ဟိုးအရင်ခေတ်တွေတုန်းက မိန်းမတစ်ယောက်ရဲ့ မိမွေးတိုင်းဖမွေးတိုင်းမြင်နိုင်ဖို့ဆိုတာ အတော်ကိုမလွယ်ဘူး။

ဒီတော့ ကိုယ့်ချစ်သူ (ကိုယ်လက်ထပ်မယ့်မိန်းကလေး) ကို ရယူပိုင်ဆိုင်ရဖို့ ၃ နှစ်၃ မိုး ယောက်ခမကြီးမျက်နှာသာပေးအောင်ကြိုးပမ်းပြီး မိသားဖသားပီပီ တောင်းရမ်းလက်ထပ်ကြတယ်။

မိန်းကလေးတွေတန်ဖိုးဘယ်လောက်ရှိလဲ။

မြန်မာပြည်သိန်းတန်သီချင်းလို “အခုတော့ဒီလိုမဟုတ်ပါပဲ” လို့ပဲပြောရမှာပေါ့။

ခုတော့ မိန်းမတစ်ယောက်ရဲ့ မိမွေးတိုင်းဖမွေးတိုင်းမြင်နိုင်ဖို့ဆိုတာတော်တော်လွယ်ကူလာတဲ့ခေတ်။

မိန်းမတစ်ယောက်နဲ့ အတူအိပ်ရဖို့ talky ကောင်းကောင်းလေးပစ်တတ်ယုံနဲ့ လွယ်လွယ်ကူကူရတဲ့ခေတ်။

ဘယ်မှာဘဲ မိန်းမတစ်ယောက်တန်ဖိုး ….

ကိုယ်ဝန်ရမှ တောင်းတောင်းပန်ပန်နဲ့ ယူပါပြောရတဲ့ခေတ်။

လက်ထပ်ဖို့ငွေမလောက်သေးလို့၊ အိမ်ထောင်ဦးစီးဖြစ်ဖို့ အဆင်သင့်မဖြစ်သေးလို့ ဆိုတဲ့အကြောင်းပြချက်နဲ့ တရားဝင်မယူဘဲ

လိုအပ်တိုင်းရတဲ့အရာအားလုံး အလကားယူကြတဲ့ခေတ်။ (ဒါတောင်မိန်းကလေးကပေးကမ်းရတာနော် ဓါးထိုးမှုတွေကသာဓကပေါ့)

ဘယ်သူနဲ့ရမှန်းမသိတာကို လှည်းကျိုးထမ်းခိုင်းတယ်လို့ပြောကြတဲ့ခေတ် အစအစရှိသဖြင့်…

 

ခုခေတ်မှာက ရည်းစားဖြစ်ပြီဟေ့ဆိုတာနဲ့ Hotel မှာချိန်းတယ်။ သူငယ်ချင်းအချင်းချင်းလက်တို့ပြောတဲ့စကားတွေက ဘယ် Hotel ကောင်းတယ်။

ဘယ် Hotel သန့်တယ် ဒါတွေပဲမေးကြပြောကြတယ်။

ထားပါ ဒါအနောက်နိုင်ငံက ကူးစက်လာတဲ့ယဉ်ကျေးမှုလို့ပေါ့။

ဒါပေမယ့် မိန်းကလေးတွေသိစေချင်တဲ့ သိထားရမယ့်အရာက

နံပါတ်(၁) ကိုယ်နေတဲ့နိုင်ငံက မြန်မာနိုင်ငံဆိုတာပဲ ။

ရည်းစားရှိတယ်။ တစ်ယောက်အကြောင်းတစ်ယောက်တောင်ကောင်းကောင်းမသိသေးဘဲ Living Together နေတယ်။

နောက်ကြာလာတော့ တစ်ယောက်အကြောင်းတစ်ယောက်ပိုသိလာကြတယ်။ လက်မခံနိုင်စရာ ညှိနှိုင်းလို့မရတာတွေဖြစ်လာတယ်။ ဒီတော့ ကွဲကြကွာကြပေါ့။

ဟုတ်ပြီ နောက်ထပ်အချစ်ထပ်တွေ့တယ်ဆိုပါတော့ အဲဒီအချစ်သစ်နဲ့လည်းဒီလိုပဲနေလာကြတယ်။

(တစ်ချို့တစ်လေကတော့ခြွင်းချက်အနေနဲ့ လက်ထပ်ဖို့ကိုကို မစဉ်းစားဘဲ မပျော်တွဲတဲ့မိန်းကလေးယောက်ကျားလေးတွေလည်းပါတယ်နော် သူတို့ဆိုပိုဆိုး)

မြန်မာပြည်မှာရှိတဲ့ ယောက်ျားလေးတွေက အနောက်နိုင်ငံရဲ့ Living Together ကိုတော့အတုယူတတ်ကြတယ်။

ဒါပေမယ့် သူတို့စိတ်က အနောက်နိုင်ငံကလူတွေလိုမဟုတ်ဘဲ မြန်မာစိတ်ကရှိနေသေးတယ်လေ။

စိတ်ရှုပ်သွားလား…….လင်းပါမယ်

သူ့တို့သာမိန်းမတွေတစ်ယောက်ပြီးတစ်ယောက်နဲ့အိပ်ချင်အိပ်မယ်

ဒါပေမယ့်သူ့ရဲ့မိန်းမဖြစ်မယ့်သူက အဲလိုလူမျိုးသူမလိုချင်ဘူး အဲဒီမျိုးကိုလည်းလက်မခံနိုင်ဘူး

ဒါဆိုလညှ်းဗျာ တစ်ခြားမိန်းမတွေကိုမဖျက်စီးပါနဲ့လားလို့မေးရင်တော့ အဖြေပြန်ရမလား မရဘူးလားဆိုတာမပြောတတ်ပါဘူး။

ဒါပေမယ့်သေချာတာတော့ မတုနဲ့လေ ဆိုတာမျိုးတော့ကြားရကောင်းကြားရပါလိမ့်မယ်။

 

နံပါတ်(၂) အနေနဲ့ ကြောက်စရာကောင်းတဲ့ကူးစက်ရောဂါတွေပါ

လူတစ်ယောက်မှာကူးစက်ရောဂါရှိလားမရှိလားဆိုတာ အမြင်နဲ့မသိနိုင်ပါဘူး။

မိနစ်အပိုင်းအခြားလောက်လေးကိုယ့်ချစ်သူသာယာဖို့အတွက် ကိုယ့်ဘ၀တစ်ခုလုံးကို အကြောင်းမသိတဲ့သူကို ပေးဆပ်ရဲတဲ့ မိန်းမတွေရဲ့အချစ်ကတော့ အံ့မခန်းပါပဲ။

လူတိုင်းရဲ့သြဘာပေးသံကြားကောင်းကြားနိုင်ပါလိမ့်မယ်။

ဒါပေမယ့် ကျွန်တော်တော့ အဲလိုမိန်းကလေးတွေက ရူးမိုက်လိုက်တာဆိုတဲ့ စုတ်သပ်တဲ့ သက်ပြင်းချ ကဲ့ရဲ့ကြတဲ့ အသံတွေကိုပဲကြားရလိမ့်မယ်လို့ထင်တယ်။

ဒါကအစပါ။

ကူးစက်ရောဂါရလာပါပြီတဲ့ ကဲ ဘာပြောကြမယ်ထင်ပါသလဲ?????????

သူများတွေမပြောနဲ့ ကိုယ်ယုံလို့ပုံအပ်မိတဲ့ ကိုယ့်ချစ်သူကတောင် သူ့အပြစ်လို့မထင်ပဲ ကိုယ့်အပြစ်လို့ထင်ပါလိမ့်မယ်။

လူတွေအားလုံးရဲ့ ဟိုလိုလိုဒီလိုလို အကြည့်တွေကိုခံရလိမ့်မယ်။

အပြစ်မရှိတဲ့ ကိုယ့်ရင်သွေးအတွက်လည်းရင်လေးရပါလိမ့်မယ်။

စဉ်းစားကြည့်ပါ ဘယ်မိဘကမှ သူတို့ကလေးတွေကို ဒီလိုရောဂါအမွေမျိုး ပေးချင်မှာမဟုတ်ပါဘူး။

 

ဒီတော့

မြန်မာမိန်းမပျိုသမီးပျိုလေးများ ကို မိန်းမပြို သမီးပြိုလေးတွေမဖြစ်စေချင်ပါ….

သူများတံတွေးခွက်ထဲ ရေစုန်မြောရမယ့်အဖြစ်မျိုးမဖြစ်စေချင်ပါ….

တစ်ချိန်လုံးနောင်တတွေကြားထဲပိတ်လှောင်မနေစေချင်ပါ….

မိမိတန်ဖိုးကမိမိဆုံးဖြတ်ချက်ပါ

နှလုံးသားနဲ့ခံစားပါ ဦးနှောက်နဲ့စဉ်းစားပါ အချစ်ဟာဘ၀မဟုတ်ပါ

 

 

 

 

 

Foolish Girl

About Foolish Girl

C K has written 54 post in this Website..